ရာမောင်တံတားအနီးမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကားတွေသွားလာခွင့်မရရှိသေး

ရာမောင်တံတားအနီးမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကားတွေသွားလာခွင့်မရရှိသေး

မင်းပြား၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကားတွေပိတ်မိနေတာ လေးရက်ခန့်ရှိနေပြီဖြစ်ပါတယ်။

ရာမောင်တံတားကို ကားတွေဖြတ်သန်းသွားလာလို့မရတဲ့အတွက် လေးမြို့မြစ်ကို ဇက်ကူးတို့ယာဉ်တွေနဲ့ ပြတ်သန်းသွားလာနေကြရပြီး မြစ်တစ်ဖက်ကမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဇက်ကူးတို့ဆိပ်ကို ပိတ်ထားရတာကြောင့် ကုန်ကားတွေနဲ့ ခရီးသည်ကား အစီးရေ ၃၀၀ ဝန်းကျင်ပိတ်မိနေကြတာဖြစ်ပါတယ်။

“ကားတွေသွားလာလို့မရတာ ဒီနေ့နဲ့ဆို လေးရက်ရှိနေပြီဗျ။ ခရီးသည်တွေလည်း တော်တော်လေး အခက်အခဲနဲ့ကြုံနေကြရတယ်။ အန္တရာယ်ဖြစ်မှာကိုလည်း စိုးရိမ်ရတာပေါ့။ တိုက်ပွဲနယ်မြေအတွင်းမှာဆိုတော့ တချို့ကားတွေနဲ့ ခရီးသည်တွေကိုလည်း ထိခိုက်တာတွေရှိနေတယ်။”လို့ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ရပ်နားထားတဲ့ကားတချို့ကို ကျည်ထိမှန်တာတွေရှိခဲ့သလို လူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတဲ့အတွက် တစ်ဦးကတော့ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ ဆေးဝါကုသမှုတွေခံယူနေရတယ်လို့ သိရပါတယ်။

“တိုက်ပွဲက တစ်ရက်ပဲဖြစ်ခဲ့တာပါ။ နောက်နေ့တွေမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါပေမယ့် လက်နက်ကြီးတွေ ပစ်ခတ်နေတာရှိတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မြစ်အရှေ့ဘက်ကမ်းမှာ ပိတ်မိနေတဲ့ကားတွေကိုတော့ ဒီဘက်ကမ်းကို ပို့ပေးသင့်တာပေါ့။”လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ကားတွေကို တိုက်ပွဲဧရိယာအတွင်းမှာ သွားလာခွင့်မပြုဘဲ ဘာကြောင့်ရပ်တန့်ထားရလဲဆိုတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါ။

ပိတ်မိနေတာသုံးရက်မြောက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ လမ်းဖွင့်ပေးပြီး ပိတ်မိနေတဲ့ကားတွေကို သွားလာခွင့်ပြုခဲ့ပေမယ့် ဇက်ရေယာဉ်နဲ့ ပိတ်မိနေတဲ့ကားတွေကို ပြောင်းရွှေ့နေစဉ်မှာ ဇက်ဆိပ်နားကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဆက်မသွားရဲတော့ပဲ ကားတွေနောက်ဆုပ်သွားရတယ်လို့ သိရပါတယ်။

“မနေ့က ၁၀ နာရီလောက်မှာ ကျွန်တော်တို့ကားတွေ စပြီးတော့ကူးကြတယ်။ နှစ်ခေါက်လောက်ပဲ ကူးရသေးတယ်ဗျ။ အဲ့ဒီမှာ လက်နက်ကြီးကျလို့ ဇက်ဆွဲတာကိုရပ်လိုက်ရတယ်။ ကားတွေလည်း အဲ့ဒီနေရာကနေ လုံခြုံမယ့်နေရာတွေကို ပြန်ပြီးတော့ ဆုတ်လာခဲ့ရတာပေါ့။”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး မင်းပြားမြို့နယ်အတွင်း အဝေးပြေးလမ်းမအနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကားလမ်းတွေကိုပိတ်ထားတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #မင်းပြား #ရာမော်တံတားအနီး #တိုက်ပွဲမရှိတော့ပေမယ့် #ကားသွားလာခွင့်မရ

Zawgyi

ရာေမာင္တံတားအနီးမွာ တုိက္ပြဲေတြမရွိေတာ့ေပမယ့္ ကားေတြသြားလာခြင့္မရရွိေသး

မင္းျပား၊ ေဖေဖာ္ဝါရီ ၁၇-၂၀၂၀
ခုိင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအေရွ႕ဘက္ျခမ္း၊ ဖားေပ်ာ္ေက်းရြာအနီးမွာ တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ရန္ကုန္-စစ္ေတြအေဝးေျပးလမ္းမေပၚမွာ ေျပးဆြဲေနတဲ့ ကားေတြပိတ္မိေနတာ ေလးရက္ခန္႔ရွိေနၿပီျဖစ္ပါတယ္။

ရာေမာင္တံတားကို ကားေတြျဖတ္သန္းသြားလာလို႔မရတဲ့အတြက္ ေလးၿမိဳ႕ျမစ္ကို ဇက္ကူးတုိ႔ယာဥ္ေတြနဲ႔ ျပတ္သန္းသြားလာေနၾကရၿပီး ျမစ္တစ္ဖက္ကမ္းမွာ တုိက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ဇက္ကူးတုိ႔ဆိပ္ကို ပိတ္ထားရတာေၾကာင့္ ကုန္ကားေတြနဲ႔ ခရီးသည္ကား အစီးေရ ၃၀၀ ဝန္းက်င္ပိတ္မိေနၾကတာျဖစ္ပါတယ္။

“ကားေတြသြားလာလို႔မရတာ ဒီေန႔နဲ႔ဆို ေလးရက္ရွိေနၿပီဗ်။ ခရီးသည္ေတြလည္း ေတာ္ေတာ္ေလး အခက္အခဲနဲ႔ႀကံဳေနၾကရတယ္။ အႏၱရာယ္ျဖစ္မွာကိုလည္း စိုးရိမ္ရတာေပါ့။ တိုက္ပြဲနယ္ေျမအတြင္းမွာဆိုေတာ့ တခ်ိဳ႕ကားေတြနဲ႔ ခရီးသည္ေတြကိုလည္း ထိခိုက္တာေတြရွိေနတယ္။”လို႔ ခရီးသည္ပို႔ေဆာင္ေရး ယာဥ္လိုင္းတစ္ခုက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔မွာ ရပ္နားထားတဲ့ကားတခ်ိဳ႕ကို က်ည္ထိမွန္တာေတြရွိခဲ့သလို လူႏွစ္ဦးလည္း ထိခိုက္ဒဏ္ရာေတြရရွိခဲ့ၾကတဲ့အတြက္ တစ္ဦးကေတာ့ဒဏ္ရာျပင္းထန္တာေၾကာင့္ စစ္ေတြေဆးရံုမွာ ေဆးဝါကုသမႈေတြခံယူေနရတယ္လုိ႔ သိရပါတယ္။

“တိုက္ပြဲက တစ္ရက္ပဲျဖစ္ခဲ့တာပါ။ ေနာက္ေန႔ေတြမွာေတာ့ တုိက္ပြဲျဖစ္တာမရွိဘူး။ ဒါေပမယ့္ လက္နက္ႀကီးေတြ ပစ္ခတ္ေနတာရွိတယ္။ တိုက္ပြဲျဖစ္ပြားေနတဲ့ ျမစ္အေရွ႕ဘက္ကမ္းမွာ ပိတ္မိေနတဲဲ့ကားေတြကိုေတာ့ ဒီဘက္ကမ္းကို ပို႔ေပးသင့္တာေပါ့။”လို႔ မင္းျပားေဒသခံတစ္ဦးက ေျပာပါတယ္။

အခုလိုမ်ိဳး ကားေတြကို တိုက္ပြဲဧရိယာအတြင္းမွာ သြားလာခြင့္မျပဳဘဲ ဘာေၾကာင့္ရပ္တန္႔ထားရလဲဆိုတာနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို ဆက္သြယ္ေမးျမန္းခ့ဲေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါ။

ပိတ္မိေနတာသံုးရက္ေျမာက္ျဖစ္တဲ့ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔ မနက္ပိုင္းမွာေတာ့ လမ္းဖြင့္ေပးၿပီး ပိတ္မိေနတဲ့ကားေတြကို သြားလာခြင့္ျပဳခဲ့ေပမယ့္ ဇက္ေရယာဥ္နဲ႔ ပိတ္မိေနတဲ့ကားေတြကို ေျပာင္းေရႊ႕ေနစဥ္မွာ ဇက္ဆိပ္နားကို လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ ဆက္မသြားရဲေတာ့ပဲ ကားေတြေနာက္ဆုပ္သြားရတယ္လို႔ သိရပါတယ္။

“မေန႔က ၁၀ နာရီေလာက္မွာ ကၽြန္ေတာ္တုိ႔ကားေတြ စၿပီးေတာ့ကူးၾကတယ္။ ႏွစ္ေခါက္ေလာက္ပဲ ကူးရေသးတယ္္ဗ်။ အဲ့ဒီမွာ လက္နက္ႀကီးက်လို႔ ဇက္ဆြဲတာကိုရပ္လိုက္ရတယ္။ ကားေတြလည္း အဲ့ဒီေနရာကေန လံုၿခံဳမယ့္ေနရာေတြကို ျပန္ၿပီးေတာ့ ဆုတ္လာခဲ့ရတာေပါ့။”လို႔ ကားသမားတစ္ဦးက ေျပာပါတယ္။

အခုလိုမ်ိဳး မင္းျပားၿမိဳ႕နယ္အတြင္း အေဝးေျပးလမ္းမအနီးဝန္းက်င္မွာ တုိက္ပြဲေတြျပင္းထန္ခဲ့ၿပီး ကားလမ္းေတြကိုပိတ္ထားတဲ့အတြက္ ရခိုင္ျပည္နယ္အတြင္းက ကုန္စည္စီးဆင္းမႈေတြလည္း ရပ္တန္႔ေနတယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #မင္းျပား #ရာေမာ္တံတားအနီး #တိုက္ပြဲမရိွေတာ့ေပမယ့္ #ကားသြားလာခြင့္မရ

Related posts

Leave a Comment

VOM News

FREE
VIEW