ဟုမ္မလင်းနဲ့ခန္တီးမြို့ကို နာဂဒေသအတွင်းထည့်သွင်းဖို့ တောင်းဆိုမှု ရှမ်းတိုင်းရင်းသားတွေ ကန့်ကွက်

ဟုမ္မလင်းနဲ့ခန္တီးမြို့ကို နာဂဒေသအတွင်းထည့်သွင်းဖို့ တောင်းဆိုမှု ရှမ်းတိုင်းရင်းသားတွေ ကန့်ကွက်

ကလေး၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀
ငြိမ်းသူမင်း(VOM)

ဒေါ်အောင်ဆန်းစုကြည် ရဲ့နာဂဒေသခရီးစဉ်တစ်ခုဖြစ်တဲ့ လေရှီးမြို့ကလူထုတွေ့ဆုံပွဲမှာ နာဂတိုင်းရင်းသား ဦးကေရှီမူး တောင်းဆိုချက်ဖြစ်တဲ့ ခန္တီးမြို့နဲ့ဟုမ္မလင်းမြို့တွေကို နာဂဒေသအတွင်း မှာထည့်ပေးဖို့ တောင်းဆိုချက်ကို ရှမ်းတိုင်းရင်းသားတွေက အပြင်းအထန်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ(၁၄)ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ရှမ်းစာပေနဲ့ယဉ်ကျေးမှုကော်မတီ (ဟုမ္မလင်းမြို့) ၊ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ နဲ့ ရှမ်းတိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မုံရွာ)တို့ကနေပြီးတော့ ထုတ်ပြန်ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုကော်မတီ (ဟုမ္မလင်းမြို့)ဥက္ကဌ စိုင်းချစ်ညွန့် က “ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့အချိန် နဂိုအတိုင်း နေနေတာက အကောင်းဆုံးပဲ၊ အေးအေးချမ်းချမ်း တစ်ယောက်နဲ့တစ်ယောက် အခုလို လာဖွလိုက်တော့ ဒေသခံရှမ်းတွေ နဲ့ ခင်မင်ရင်းနှီးနေတဲ့ နာဂတွေ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲစရာ ဖြစ်သွားတယ်။ ဒါငြိမ်းချမ်းရေးကို ပျက်ပြားစေတယ်” လို့ ပြောပါတယ်။

အဲ့ဒီထုတ်ပြန်ချက်တွေထဲမှာ ခန္တီးမြို့နယ်နဲ့ဟုမ္မလင်းမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားတွေ နဲ့ အခြားတိုင်းရင်းသားတွေဟာ အေးချမ်းစွာနေထိုင်ခဲ့ကြပြီး လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးပဋိပက္ခ ဖြစ်ပွားစေခြင်း တစ်ခါမျှမရှိဖူးသကဲ့သို့ ပြည်ထောင်စုကြီးပြိုကွဲစေမည့် မည်သည့် အကြောင်းအရင်းကိုမျှ လုပ်ဆောင်ခြင်း မရှိဖူးသော်လည်း ဦးကေရှီမူး ရဲ့တောင်းဆိုချက် ဟာဆိုရင် လူမျိုးရေး၊ နိုင်ငံရေး၊ ပဋိပက္ခအသွင်ဆောင်လာစေနိုင်တဲ့အတွက် ဒီတောင်းဆိုချက်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်ဆိုတဲ့ စာသားတွေပါဝင်တဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

“အဓိကကတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ယန္တရား ၂၀၀၈အခြေခံဥပဒေနဲ့ လည်ပတ်ပြီးမှ တည်ဆောက်နေတယ်ဆိုတော့ ဒီ ၂၀၀၈ အခြေခံဥပဒေပေါ်မှာပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာပေါ် မူတည်လိမ့်မယ်”လို့ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု (ဗဟို)ကော်မတီ ဥက္ကဌ ဦးအောင်ထွဋ် က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပေါ်ပေါက်ခင် က လေရှီး၊ လဟယ်၊ နန်းယွန်း၊ ဟုမ္မလင်းနဲ့ ခန္တီးမြို့နယ်တွေဟာ ခန္တီးခရိုင်အောက်မှာ ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ သတ်မှတ်ပေးခဲ့ရာမှာတော့ လေရှီး၊ လဟယ် နဲ့ နန်းယွန်းမြို့တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအောက်မှာထားရှိပြီး ဟုမ္မလင်း နဲ့ ခန္တီးမြို့တို့ဟာ ခန္တီးခရိုင်အဖြစ် ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကလေး #နာဂတိုင်းရင်းသားတောင်းဆိုမှု #ရှမ်းတိုင်းရင်းသားတွေ #ကန့်ကွက်

Zawgyi

ဟုမၼလင္းနဲ႔ခႏၲီးၿမိဳ႕ကို နာဂေဒသအတြင္းထည့္သြင္းဖို႔ ေတာင္းဆိုမႈ ရွမ္းတိုင္းရင္းသားေတြ ကန္႔ကြက္

ကေလး၊ ေဖေဖာ္ဝါရီ ၁၇-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕နာဂေဒသခရီးစဥ္တစ္ခုျဖစ္တဲ့ ေလရွီးၿမိဳ႕ကလူထုေတြ႕ဆုံပြဲမွာ နာဂတိုင္းရင္းသား ဦးေကရွီမူး ေတာင္းဆိုခ်က္ျဖစ္တဲ့ ခႏၲီးၿမိဳ႕နဲ႔ဟုမၼလင္းၿမိဳ႕ေတြကို နာဂေဒသအတြင္း မွာထည့္ေပးဖို႔ ေတာင္းဆိုခ်က္ကို ရွမ္းတိုင္းရင္းသားေတြက အျပင္းအထန္ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၾကပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္ကို ေဖေဖာ္ဝါရီ(၁၄)ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့ၿပီး ရွမ္းစာေပနဲ႔ယဥ္ေက်းမႈေကာ္မတီ (ဟုမၼလင္းၿမိဳ႕) ၊ရွမ္းနီ(တိုင္းလ်န္) ေသြးစည္းညီၫြတ္ေရးပါတီ နဲ႔ ရွမ္းတိုင္းရင္းသားမ်ားစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ (တကၠသိုလ္မ်ား-မုံ႐ြာ)တို႔ကေနၿပီးေတာ့ ထုတ္ျပန္ေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ရွမ္းစာေပ နဲ႔ ယဥ္ေက်းမႈေကာ္မတီ (ဟုမၼလင္းၿမိဳ႕)ဥကၠဌ စိုင္းခ်စ္ၫြန္႔ က “ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ေနတဲ့အခ်ိန္ နဂိုအတိုင္း ေနေနတာက အေကာင္းဆုံးပဲ၊ ေအးေအးခ်မ္းခ်မ္း တစ္ေယာက္နဲ႔တစ္ေယာက္ အခုလို လာဖြလိုက္ေတာ့ ေဒသခံရွမ္းေတြ နဲ႔ ခင္မင္ရင္းႏွီးေနတဲ့ နာဂေတြ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္၀မ္းကြဲစရာ ျဖစ္သြားတယ္။ ဒါၿငိမ္းခ်မ္းေရးကို ပ်က္ျပားေစတယ္” လို႔ ေျပာပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္ေတြထဲမွာ ခႏၲီးၿမိဳ႕နယ္နဲ႔ဟုမၼလင္းၿမိဳ႕နယ္အတြင္းမွာ ေနထိုင္ၾကတဲ့ ရွမ္းတိုင္းရင္းသားေတြ နဲ႔ အျခားတိုင္းရင္းသားေတြဟာ ေအးခ်မ္းစြာေနထိုင္ခဲ့ၾကၿပီး လူမ်ိဳးေရး၊ ဘာသာေရး၊ ႏိုင္ငံေရးပဋိပကၡ ျဖစ္ပြားေစျခင္း တစ္ခါမွ်မရွိဖူးသကဲ့သို႔ ျပည္ေထာင္စုႀကီးၿပိဳကြဲေစမည့္ မည္သည့္ အေၾကာင္းအရင္းကိုမွ် လုပ္ေဆာင္ျခင္း မရွိဖူးေသာ္လည္း ဦးေကရွီမူး ရဲ႕ေတာင္းဆိုခ်က္ ဟာဆိုရင္ လူမ်ိဳးေရး၊ ႏိုင္ငံေရး၊ ပဋိပကၡအသြင္ေဆာင္လာေစႏိုင္တဲ့အတြက္ ဒီေတာင္းဆိုခ်က္ကို အျပင္းအထန္ ကန္႔ကြက္ရႈတ္ခ်ပါတယ္ဆိုတဲ့ စာသားေတြပါ၀င္တဲ့ ထုတ္ျပန္ခ်က္ကို ထုတ္ျပန္ခဲ့ၾကတာ ျဖစ္ပါတယ္။

“အဓိကကေတာ့ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕ယႏၲရား ၂၀၀၈အေျခခံဥပေဒနဲ႔ လည္ပတ္ၿပီးမွ တည္ေဆာက္ေနတယ္ဆိုေတာ့ ဒီ ၂၀၀၈ အေျခခံဥပေဒေပၚမွာပဲ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ဟာေပၚ မူတည္လိမ့္မယ္”လို႔ နာဂ႐ိုးရာ စာေပႏွင့္ယဥ္ေက်းမႈ (ဗဟို)ေကာ္မတီ ဥကၠဌ ဦးေအာင္ထြဋ္ က ေျပာပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ မေပၚေပါက္ခင္ က ေလရွီး၊ လဟယ္၊ နန္းယြန္း၊ ဟုမၼလင္းနဲ႔ ခႏၲီးၿမိဳ႕နယ္ေတြဟာ ခႏၲီးခ႐ိုင္ေအာက္မွာ ရွိခဲ့တယ္လုိ႔ သိရပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြ သတ္မွတ္ေပးခဲ့ရာမွာေတာ့ ေလရွီး၊ လဟယ္ နဲ႔ နန္းယြန္းၿမိဳ႕ေတြကို နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေအာက္မွာထားရွိၿပီး ဟုမၼလင္း နဲ႔ ခႏၲီးၿမိဳ႕တို႔ဟာ ခႏၲီးခ႐ိုင္အျဖစ္ ဆက္လက္တည္ရွိေနတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ကေလး #နာဂတိုင္းရင္းသားေတာင္းဆိုမွဳ #ရွမ္းတိုင္းရင္းသားေတြ #ကန္႔ကြက္

Related posts

Leave a Comment

VOM News

FREE
VIEW