အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်းပြေးဆွဲမှု ဧပြီလမှာစတင်တော့မယ်

အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်းပြေးဆွဲမှု ဧပြီလမှာစတင်တော့မယ်

ဒေလီ၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ မန္တလေးမြို့အကြား အသွားအပြန်ဘတ်စ်ကားပြေးဆွဲမှုကို ဧပြီလမှာ စတင်သွားမယ်လို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အင်န်ဘိုင်ရန်ဆင်းက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်မှာ ဆွေးနွေးမှုအတွင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မန္တလေးနဲ့ အင်ဖာ ဘတ်စ်ကားပြေးဆွဲမှုကို ကနဦးမှာ တစ်ပတ်သုံးကြိမ်သာဖြစ်ပေမယ့် လိုက်ပါစီးနှင်းသူအရေအတွက်ပေါ်မူတည်ပြီး နေ့စဉ်ပြေးဆွဲမှုလည်း ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။

မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်းပြေးဆွဲမှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ စမ်းသပ်ပြေးဆွဲခဲ့ဖူးပြီး ပြည်နယ်နဲ့ ဗဟိုအစိုးရ တာဝန်ရှိသူ ၂၇ ဦးပါတဲ့အဖွဲ့ဟာ တမူး၊ ကလေး နဲ့ မုံရွာကနေတစ်ဆင့် မန္တလေးကို ဆက်သွယ်ထားတဲ့ ၅၇၉ ကီလိုမီတာအရှည်ရှိ ကားလမ်းအခြေအနေကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ အင်ဖာအကြား လေကြောင်းပျံသန်းပို့ဆောင်မှုကိုလည်း မကြာမီစတင်သွားမှာဖြစ်ကာ ဒီကိစ္စနဲ့ပတ်သက်ပြီး လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူထားကြောင်း မဏိပူရဝန်ကြီးချုပ် က ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref: Hindustan Times Photo: Shankar Khangembam
#VOM #voiceofmyanmar #ဒေလီ #အိန္ဒိယ-မြန်မာ #ဘတ်စ်ကားလိုင်း

Zawgyi

အိႏိၵယနိုင္ငံ အင္ဖာျမိဳ႕နဲ႔ မႏၱေလးျမိဳ႕အၾကား ဘတ္စ္ကားလိုင္းေျပးဆြဲမႈ ဧျပီလမွာစတင္ေတာ႔မယ္

ေဒလီ၊ ေဖေဖာ္၀ါရီ-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနိုင္ငံ အင္ဖာျမိဳ႕နဲ႔ မႏၱေလးျမိဳ႕အၾကား အသြားအျပန္ဘတ္စ္ကားေျပးဆြဲမႈကို ဧျပီလမွာ စတင္သြားမယ္လို႔ မဏိပူရျပည္နယ္၀န္ၾကီးခ်ဳပ္ အင္န္ဘိုင္ရန္ဆင္းက ေဖေဖာ္၀ါရီ ၁၈ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

သယ္ယူပို႔ေဆာင္ေရးက႑နဲ႔ပတ္သက္ျပီး ဥပေဒျပဳလႊတ္ေတာ္မွာ ေဆြးေႏြးမႈအတြင္း ဒီကိစၥနဲ႔ပတ္သက္ျပီး ၀န္ၾကီးခ်ဳပ္က ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

မႏၱေလးနဲ႔ အင္ဖာ ဘတ္စ္ကားေျပးဆြဲမႈကို ကနဦးမွာ တစ္ပတ္သံုးၾကိမ္သာျဖစ္ေပမယ္႔ လိုက္ပါစီးနွင္းသူအေရအတြက္ေပၚမူတည္ျပီး ေန႔စဥ္ေျပးဆြဲမႈလည္း ျဖစ္လာႏိုင္တယ္လို႔ ၀န္ၾကီးခ်ဳပ္က ေျပာပါတယ္။

အေရွ႕ေတာင္အာရွနုိင္ငံေတြနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း ဖြံ႕ျဖိဳးတိုးတက္မႈဟာ အိႏိၵယနိုင္ငံရဲ႕ အေရွ႕ေမွ်ာ္မူ၀ါဒရဲ႕ အစိတ္အပိုင္းတစ္ရပ္လည္းျဖစ္ပါတယ္။

မႏၱေလး-အင္ဖာ ဘတ္စ္ကားလိုင္းေျပးဆြဲမႈကို ၂၀၁၅ ခုနွစ္ ဒီဇင္ဘာလမွာ စမ္းသပ္ေျပးဆြဲခဲ႔ဖူးျပီး ျပည္နယ္နဲ႔ ဗဟိုအစိုးရ တာ၀န္ရွိသူ ၂၇ ဦးပါတဲ့အဖြဲ႔ဟာ တမူး၊ ကေလး နဲ႔ မံုရြာကေနတစ္ဆင္႔ မႏၱေလးကို ဆက္သြယ္ထားတဲ႔ ၅၇၉ ကီလိုမီတာအရွည္ရိွ ကားလမ္းအေျခအေနကို ေလ႔လာမႈေတြ ျပဳလုပ္ခဲ႔ၾကပါတယ္။

ဒါ႔အျပင္ မႏၱေလးနဲ႔ အင္ဖာအၾကား ေလေၾကာင္းပ်ံသန္းပို႔ေဆာင္မႈကိုလည္း မၾကာမီစတင္သြားမွာျဖစ္ကာ ဒီကိစၥနဲ႔ပတ္သက္ျပီး ေလေၾကာင္းပို႔ေဆာင္ေရး၀န္ၾကီးဌာနက တင္ဒါေခၚယူထားေၾကာင္း မဏိပူရ၀န္ၾကီးခ်ဳပ္ က ထုတ္ေဖာ္ေျပာဆိုထားတာ ျဖစ္ပါတယ္။

Ref: Hindustan Times Photo: Shankar Khangembam
#VOM #voiceofmyanmar #ေဒလီ #အိႏၵိယ-ျမန္မာ #ဘတ္စ္ကားလုိင္း

Related posts

Leave a Comment

VOM News

FREE
VIEW