ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အနှစ်သာရှိတဲ့ သဘောတူညီချက်တွေ ရရှိဖို့ အစိုးရကိုယ်စားလှယ်တွေ ကြိုးစားနေ

ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အနှစ်သာရှိတဲ့ သဘောတူညီချက်တွေ ရရှိဖို့ အစိုးရကိုယ်စားလှယ်တွေ ကြိုးစားနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို စတုတ္ထအကြိမ် ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပြီး ဒီတစ်ခေါက်ညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းတွေကို အနှစ်သာရရှိဖို့ ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသူ ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်မှ (၁၈) နေ့အထိ နှစ်ရက်တာ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ကြပြီး အစည်းအဝေးအပြီး သတင်းမီဒီယာနဲ့တွေ့ဆုံရာမှာ အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီတစ်ခါကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ အရင်ညီလာခံတွေထက် ပိုပြီးချောမွေ့မယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်နဲ့ပတ်သက်လို့ အနှစ်သာရအားဖြင့် စာချုပ်ရဲ့ပုံစံကို အရင်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြတာမျိုးရှိပြီး စာချုပ်မှာ သုံးပိုင်းပါမယ့်သဘောမျိုး ဦးတည်ထားတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“NCA Implementation ကို စာချုပ်ထဲမှာ အပိုင်း(က)အနေနဲ့ ပါဖို့ ရည်မှန်းထားတယ်။ (ခ) မှာတော့ 20/20 ပေါ့။ အဲဒီမှာရှိတဲ့ Step by Sequencing တွေကို ဆွေးနွေးနေတယ်။ အဲဒါပါဖို့ ရည်မှန်းထားတယ်။ (ဂ) မှာတော့ Federal Principal ပါဖို့ ရည်မှန်းထားတယ်။ အဲဒီတော့ ဒီသုံးခုလုံးပါတဲ့ စာချုပ်မျိုးဖြစ်ဖို့ ကြိုးစားပြီး ကျွန်တော်တို့ ပြင်နေတယ်။ အနှစ်သာရဆိုတာကတော့ ကျွန်တော်တို့ အလုပ်အဖွဲ့အနေနဲ့ ယုံကြည်တာက ကျွန်တော်တို့ ဒီဟာတွေကို ကြိုးစားပြီး တင်ပြထားတာကို သက်ဆိုင်တဲ့ ခေါင်းဆောင်တွေက ဆုံးဖြတ်ပြီးရင်တော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ(သို့မဟုတ်) သက်ဆိုင်တဲ့ JICM တွေမှာ ဒါတွေကို ညှိနှိုင်းတာမျိုးတွေ ရှိပြီးရင်တော့ ညီလာခံမှာ ကောင်းမွန်တဲ့ အနှစ်သာရရှိတဲ့ ရလဒ်တွေ ရမယ်လို့ ကျွန်တော်တို့ကတော့ အပြည့်အဝယုံကြည်ပါတယ်”လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) မှာ NCA-S EAO ညှိနှိုင်းရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ဆိုပြီး စုဖွဲ့မှုနှစ်ခုဖွဲ့စည်းထားပြီး သက်ဆိုင်ရာစုဖွဲ့မှုအလိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆက်လက်ဆွေးနွေးသွားမယ်လို့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် အချက်(၅၁) ချက်ကို သဘောတူညီမှုရရှိထားကာ စတုတ္ထအကြိမ်ကို လာမယ့် ဧပြီလမှာ ကျင်းပနိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်လို့ နှစ်ဖက်အဖွဲ့အစည်းထံမှ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ #ဦးလှမောင်ရွှေ #နိုင်အောင်မငေး

 

Zawgyi

ဧျပီမွာ က်င္းပနုိင္ဖို႕ စီစဥ္ေနတဲ႕ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမွာ အႏွစ္သာရွိတဲ့ သေဘာတူညီခ်က္ေတြ ရရွိဖို႔ အစိုးရကိုယ္စားလွယ္ေတြ ႀကိဳးစားေန

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၈ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံအစည္းအေဝးကို စတုတၳအႀကိမ္ က်င္းပႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၾကၿပီး ဒီတစ္ေခါက္ညီလာခံမွာ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အစိတ္အပိုင္းေတြကို အႏွစ္သာရရွိဖို႔ ႀကိဳးစားေနတယ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အစိုးရကိုယ္စားလွယ္အျဖစ္ ပါဝင္ေဆြးေႏြးေနသူ ဦးလွေမာင္ေ႐ႊက ေျပာပါတယ္။

အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းေတြ (NCA-S EAO) ရဲ႕ ညႇိႏႈိင္းအစည္းအေဝးကို ေဖေဖာ္ဝါရီလ (၁၇) ရက္မွ (၁၈) ေန႔အထိ ႏွစ္ရက္တာ ေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) မွာ က်င္းပခဲ့ၾကၿပီး အစည္းအေဝးအၿပီး သတင္းမီဒီယာနဲ႔ေတြ႕ဆုံရာမွာ အစိုးရကိုယ္စားလွယ္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အႀကံေပးအဖြဲ႕ဝင္ ဦးလွေမာင္ေ႐ႊက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒီတစ္ခါက်င္းပမယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံဟာ အရင္ညီလာခံေတြထက္ ပိုၿပီးေခ်ာေမြ႕မယ္လို႔ ဦးလွေမာင္ေ႐ႊက ေျပာပါတယ္။

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္နဲ႔ပတ္သက္လို႔ အႏွစ္သာရအားျဖင့္ စာခ်ဳပ္ရဲ႕ပုံစံကို အရင္က ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂိၢဳလ္က ရွင္းျပတာမ်ိဳးရွိၿပီး စာခ်ဳပ္မွာ သုံးပိုင္းပါမယ့္သေဘာမ်ိဳး ဦးတည္ထားတယ္လို႔ ဦးလွေမာင္ေ႐ႊက ေျပာပါတယ္။

“NCA Implementation ကို စာခ်ဳပ္ထဲမွာ အပိုင္း(က)အေနနဲ႔ ပါဖို႔ ရည္မွန္းထားတယ္။ (ခ) မွာေတာ့ 20/20 ေပါ့။ အဲဒီမွာရွိတဲ့ Step by Sequencing ေတြကို ေဆြးေႏြးေနတယ္။ အဲဒါပါဖို႔ ရည္မွန္းထားတယ္။ (ဂ) မွာေတာ့ Federal Principal ပါဖို႔ ရည္မွန္းထားတယ္။ အဲဒီေတာ့ ဒီသုံးခုလုံးပါတဲ့ စာခ်ဳပ္မ်ိဳးျဖစ္ဖို႔ ႀကိဳးစားၿပီး ကြၽန္ေတာ္တို႔ ျပင္ေနတယ္။ အႏွစ္သာရဆိုတာကေတာ့ ကြၽန္ေတာ္တို႔ အလုပ္အဖြဲ႕အေနနဲ႔ ယုံၾကည္တာက ကြၽန္ေတာ္တို႔ ဒီဟာေတြကို ႀကိဳးစားၿပီး တင္ျပထားတာကို သက္ဆိုင္တဲ့ ေခါင္းေဆာင္ေတြက ဆုံးျဖတ္ၿပီးရင္ေတာ့ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲေတြ(သို႔မဟုတ္) သက္ဆိုင္တဲ့ JICM ေတြမွာ ဒါေတြကို ညႇိႏႈိင္းတာမ်ိဳးေတြ ရွိၿပီးရင္ေတာ့ ညီလာခံမွာ ေကာင္းမြန္တဲ့ အႏွစ္သာရရွိတဲ့ ရလဒ္ေတြ ရမယ္လို႔ ကြၽန္ေတာ္တို႔ကေတာ့ အျပည့္အဝယုံၾကည္ပါတယ္”လို႔ ဦးလွေမာင္ေ႐ႊက ေျပာပါတယ္။

လက္ရွိမွာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းေတြ (NCA-S EAO) မွာ NCA-S EAO ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ အပစ္အခတ္ရပ္စဲမႈခိုင္မာေရးဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕ဆိုၿပီး စုဖြဲ႕မႈႏွစ္ခုဖြဲ႕စည္းထားၿပီး သက္ဆိုင္ရာစုဖြဲ႕မႈအလိုက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ဆက္လက္ေဆြးေႏြးသြားမယ္လို႔ NCA-S EAO ညႇိႏႈိင္းေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငးက ေျပာပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံအစည္းအေဝးကို သုံးႀကိမ္တိုင္တိုင္ က်င္းပခဲ့ၿပီး ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ အခ်က္(၅၁) ခ်က္ကို သေဘာတူညီမႈရရွိထားကာ စတုတၳအႀကိမ္ကို လာမယ့္ ဧၿပီလမွာ က်င္းပႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေနၾကတယ္လို႔ ႏွစ္ဖက္အဖြဲ႕အစည္းထံမွ သိရပါတယ္။

#voiceofmyanmar #VOM #ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ #ဦးလွေမာင္ေရႊ #နိုုင္ေအာင္မေငး

Related posts

Leave a Comment

VOM News

FREE
VIEW