VOMရဲ့ ဖေဖော်ဝါရီ ၁၉ရက် ညနေခင်းသတင်းအစီအစဉ်

VOMရဲ့ ဖေဖော်ဝါရီ ၁၉ရက် ညနေခင်းသတင်းအစီအစဉ်

ပထမဆုံး သတင်းကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇လမ်း၊ ဘင်္ဂလီစု ကောင်းထက်ဆေးခန်းအပေါ်ထက်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး(၂)ဦးနဲ့ ကလေးငယ်တစ်ဦး မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒုတိယသတင်းတပုဒ်ကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းလောက်က မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ဒီကနေ့မနက်ပိုင်းက ရခိုင်လူငယ်တစ်ဦးကို ပေါင်းတုတ်ကျေးရွာသားတွေက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။

တတိယမြောက်သတင်းကတော့ လယ်သိမ်းယာသိမ်းမှုတွေ အင်းကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပဲခူးထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ မနေ့ဖေဖော်ဝါရီလ ၁၈ရက် မနက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အမှတ်(၂) တရားရုံးမှာရုံးထုတ်စစ်ဆေးတဲ့အချိန်မှာတော့ ဦးကျော်မျိုးမင်းက သူဟာ ငွေကြေးယူဆောင်ခဲ့ခြင်းမရှိဘဲ ထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောတဲ့ အကြောင်း သတင်း။

နောက်တပုဒ်ကတော့ ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို စတုတ္ထအကြိမ် ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပြီး ဒီတစ်ခေါက်ညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းတွေကို အနှစ်သာရရှိဖို့ ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသူ ဦးလှမောင်ရွှေက ပြောတဲ့သတင်းဖြစ်ပါတယ်။

နောက်တပုဒ်ကတော့ AAဖမ်းစီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေက နေပြည်တော်က ရဲချုပ်ရုံးကိုသွားပြီး တိကျမှန်ကန်တဲ့ သတင်းထုတ်ပြန်ပေးရေးနဲ့ မိသားစုဝင်လစာ ခံစားခွင့်ရရှိရေး စတဲ့အချက်(၂)ချက်ကို တောင်းဆိုခဲ့တဲ့ သတင်းနဲ့

နောက်တပုဒ်ကတော့ ပြည်မြို့က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသတင်းပါ။ ဒေသခံတချို့ရဲ့ စည်းကမ်းမဲ့ပြီး မြေထိုးစက်ကြီးနဲ့ မြေညှိတဲ့အတွက်သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်ထဲက ရှေးကုန်းဟောင်းတစ်ခုနဲ့ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် အုတ်ရိုးတန်းများပျက်ဆီးမှု ပြိုကျမှု ဖေဖော်ဝါရီလ ၁၈ ရက်က ဖြစ်ပွားခဲ့တယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုက သိရတဲ့ သတင်းအပါအဝင်

နောက်ဆုံးတပုဒ်က သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့သတင်းပါ။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ အဆိပ်ချ ၊ လျှော့တိုက် ငါးဖမ်းသူတွေကြောင့် ဧရာဝတီလင်းပိုင်တွေ နှစ်စဉ်သေဆုံးမှု မြင့်တက်နေတဲ့ သတင်းတို့ပဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #ညနေခင်းသတင်း

Zawgyi

VOMရဲ႕ ေဖေဖာ္ဝါရီ ၁၉ရက္ ညေနခင္းသတင္းအစီအစဥ္

ပထမဆုံး သတင္းကေတာ့ ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန္႔ၿမိဳနယ္၊ လြတ္လပ္ေရးရပ္ကြက္၊ ၉၇လမ္း၊ ဘဂၤလီစု ေကာင္းထက္ေဆးခန္းအေပၚထက္မွာ ဒီကေန႔ မြန္းတည့္ ၁၂ နာရီဝန္းက်င္က မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီး(၂)ဦးနဲ႔ ကေလးငယ္တစ္ဦး မီးခိုးမႊန္ ေသဆုံးခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ဒုတိယသတင္းတပုဒ္ကေတာ့ ရခိုင္ျပည္နယ္၊ ေျမာက္ဦးခ႐ိုင္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္ေက်း႐ြာမွာ မေန႔ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ညေနပိုင္းေလာက္က မူဆလင္လူငယ္တစ္ဦး အသတ္ခံရၿပီး ဒီကေန႔မနက္ပိုင္းက ရခိုင္လူငယ္တစ္ဦးကို ေပါင္းတုတ္ေက်း႐ြာသားေတြက ဝိုင္းဝန္း႐ိုက္ႏွက္မႈ ျဖစ္ပြားခဲ့တယ္ဆိုတဲ့သတင္းျဖစ္ပါတယ္။

တတိယေျမာက္သတင္းကေတာ့ လယ္သိမ္းယာသိမ္းမႈေတြ အင္းကိစၥနဲ႔ ေဒသဖြံ႕ၿဖိဳးေရး ကိစၥေတြမွာ အဂတိလိုက္စားခဲ့တယ္ဆိုၿပီး ပဲခူးတိုင္းေဒသႀကီး မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းဟာ ပဲခူးေထာင္မွာ ဖမ္းဆီးခံထားရပါတယ္။ မေန႔ေဖေဖာ္ဝါရီလ ၁၈ရက္ မနက္က ပဲခူးတိုင္းေဒသႀကီးတရားလႊတ္ေတာ္ အမွတ္(၂) တရား႐ုံးမွာ႐ုံးထုတ္စစ္ေဆးတဲ့အခ်ိန္မွာေတာ့ ဦးေက်ာ္မ်ိဳးမင္းက သူဟာ ေငြေၾကးယူေဆာင္ခဲ့ျခင္းမရွိဘဲ ေထာင္ေခ်ာက္ဆင္ဖမ္းဆီးခံရတာျဖစ္ေၾကာင္း သတင္းမီဒီယာေတြကို ေျပာတဲ့ အေၾကာင္း သတင္း။

ေနာက္တပုဒ္ကေတာ့ ဧၿပီမွာ က်င္းပႏိုင္ဖို႔ စီစဥ္ေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံအစည္းအေဝးကို စတုတၳအႀကိမ္ က်င္းပႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၾကၿပီး ဒီတစ္ေခါက္ညီလာခံမွာ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အစိတ္အပိုင္းေတြကို အႏွစ္သာရရွိဖို႔ ႀကိဳးစားေနတယ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အစိုးရကိုယ္စားလွယ္အျဖစ္ ပါဝင္ေဆြးေႏြးေနသူ ဦးလွေမာင္ေ႐ႊက ေျပာတဲ့သတင္းျဖစ္ပါတယ္။

ေနာက္တပုဒ္ကေတာ့ AAဖမ္းစီးျခင္းခံရတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ က်န္ရစ္တဲ့ မိသားစုေတြက ေနျပည္ေတာ္က ရဲခ်ဳပ္႐ုံးကိုသြားၿပီး တိက်မွန္ကန္တဲ့ သတင္းထုတ္ျပန္ေပးေရးနဲ႔ မိသားစု၀င္လစာ ခံစားခြင့္ရရွိေရး စတဲ့အခ်က္(၂)ခ်က္ကို ေတာင္းဆိုခဲ့တဲ့ သတင္းနဲ႔

ေနာက္တပုဒ္ကေတာ့ ျပည္ၿမိဳ႕က ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသတင္းပါ။ ေဒသခံတခ်ိဳ႕ရဲ႕ စည္းကမ္းမဲ့ၿပီး ေျမထိုးစက္ႀကီးနဲ႔ ေျမညႇိတဲ့အတြက္သေရေခတၱရာကမာၻ႔အေမြအႏွစ္ဇုန္ထဲက ေရွးကုန္းေဟာင္းတစ္ခုနဲ႔ ကုန္းေဘာင္ေခတ္ေႏွာင္းႏွင့္ ကိုလိုနီေခတ္ အုတ္႐ိုးတန္းမ်ားပ်က္ဆီးမႈ ၿပိဳက်မႈ ေဖေဖာ္ဝါရီလ ၁၈ ရက္က ျဖစ္ပြားခဲ့တယ္လို႔ကမာၻ႔အေမြအႏွစ္ဌာနခြဲ သေရေခတၱရာဌာနစုက သိရတဲ့ သတင္းအပါအဝင္

ေနာက္ဆုံးတပုဒ္က သဘာဝပတ္ဝန္းက်င္နဲ႔ဆိုင္တဲ့သတင္းပါ။ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္မွာ အဆိပ္ခ် ၊ ေလွ်ာ့တိုက္ ငါးဖမ္းသူေတြေၾကာင့္ ဧရာဝတီလင္းပိုင္ေတြ ႏွစ္စဥ္ေသဆုံးမႈ ျမင့္တက္ေနတဲ့ သတင္းတို႔ပဲျဖစ္ပါတယ္။

#VOM #voiceofmyanmar #ညေနခင္းသတင္း

Related posts

Leave a Comment

VOM News

FREE
VIEW