ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရန်ကုန်မြို့မှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီ

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရန်ကုန်မြို့မှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီ

ရန်ကုန် ဖေဖော်ဝါရီလ ၂၁-၂၀၂၀
သိင်္ဂီ(VOM)

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကအတည်ပြုပြောပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိကို ရည်ညွန်းဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေတဲ့ စောင့်ကြည့်လူနာ ၁ ဦးသာရှိတယ်လို့ သိရပြီး အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိလူနာ ထပ်မံတွေ့ရှိလာပါက ပိုးရှိ မရှိကို ရန်ကုန်မှာတင် စစ်ဆေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

” စတွေ့ကတည်းက မနေ့ကထိ စောင့်ကြည့်လူနာနဲ့သံသယလူနာ ၄၀ ရှိတယ်။ ဒီထဲမှာ ၃၉ ဦးက ပိုးလုံးဝမရှိကြောင်း အဖြေရပြီးပြီ၊ ခုဆို တစ်ယောက်ပဲကျန်တော့တယ်။ မကွေးပြည်သူ့ဆေးရုံမှာ တက်နေတဲ့သူပါ။ နောက်ထပ် လူနာတွေကိုတော့ ရန်ကူန်မှာ ဓာတ်ခွဲစစ်ဆေးနိုင်ပါပြီ၊ WHOက သတ်မှတ်ထားတဲ့အတိုင်း လုပ်နေပါတယ်။ မနေ့ကဆိုရင်လူနာ ၃ ဦးကို ရန်ကုန်မှာစစ်တယ်။ ပိုးလုံးဝ မတွေ့ရဘူး။ ထိုင်းဓာတ်ခွဲခန်းကပြန်လာတဲ့ အဖြေနဲ့ကိုက်ညီတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာစစ်ဆေးနိုင်ပါပြီ”လို့ ဒေါ်ခင်ခင်ကြီးကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ မရှိကို စစ်ဆေးမှုအနေနဲ့ အချိန် ၆ နာရီသာကြာမြင့်တဲ့အတွက် မနက်မှာစစ်ဆေးရင် ညနေမှာ အဖြေကိုသိရှိနိုင်တဲ့အတွက် တကယ်လို့သာ လူနာမှာ positive ဖြစ်ခဲ့ရင် လူနာကို ကုသမှုအပိုင်း အမြန်ဆုံးလုပ်နိုင်သလို သူနဲ့အတူထိစပ်ခဲ့သူ နီးကပ်နေထိုင်ခဲ့သူတွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နိုင်တယ်လို့ သိရပါတယ်။

လတ်တလော ဒီကနေ့ ဖေဖော်ဝါရီ၂၁ ရက် နေ့လည်အထိတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာ ထပ်တိုးလာခြင်းမရှိဘူးလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဟာ မနေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံမှာ ရောဂါအတည်ပြုလူနာ ၇၄၂၈၀ ဦး နဲ့ သေဆုံး ၂၀၀၆ ဦး ၊ အခြား ရောဂါဖြစ်ပွားတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာက ရောဂါအတည်ပြုလူနာ ၉၂၄ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိနေတာ ဖြစ်ပါတယ်။

Photo – ကျန်းမာရေးဝန်ကြီးဌာန
#VOM #voiceofmyanmar #ရန်ကုန် #ကိုရိုနာဗိုင်းရပ်စ်ပိုး #စစ်ဆေးနိုင်ပြီ

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ရန္ကုန္ၿမိဳ႕မွာ ဓာတ္ခြဲစစ္ေဆးႏိုင္ၿပီ

ရန္ကုန္ ေဖေဖာ္ဝါရီလ ၂၁-၂၀၂၀
သိဂႌ(VOM)

ကို႐ိုနာဗိုင္းရပ္စ္ပိုး႐ွိ မ႐ွိကို ရန္ကုန္က အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမွဳဆိုင္ရာဌာနမွာ ဓာတ္ခြဲစစ္ေဆးႏိုင္ၿပီျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကအတည္ျပဳေျပာပါတယ္။

အခုလက္႐ွိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး႐ွိမ႐ွိကို ရည္ညြြန္းဓာတ္ခြဲခန္းအေျဖ ေစာင့္ဆိုင္းေနတဲ့ ေစာင့္ၾကည့္လူနာ ၁ ဦးသာ႐ွိတယ္လုိ႔ သိရၿပီး အကယ္၍ ကို႐ိုနာဗိုင္းရပ္စ္ပိုးသံသယ႐ွိလူနာ ထပ္မံေတြ႔႐ွိလာပါက ပိုး႐ွိ မ႐ွိကို ရန္ကုန္မွာတင္ စစ္ေဆးႏိုင္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

” စေတြ႔ကတည္းက မေန႔ကထိ ေစာင့္ၾကည့္လူနာနဲ႔သံသယလူနာ ၄၀ ႐ွိတယ္။ ဒီထဲမွာ ၃၉ ဦးက ပိုးလုံးဝမ႐ွိေၾကာင္း အေျဖရၿပီးၿပီ၊ ခုဆို တစ္ေယာက္ပဲက်န္ေတာ့တယ္။ မေကြးျပည္သူ႔ေဆး႐ုံမွာ တက္ေနတဲ့သူပါ။ ေနာက္ထပ္ လူနာေတြကိုေတာ့ ရန္ကူန္မွာ ဓာတ္ခြဲစစ္ေဆးႏိုင္ပါၿပီ၊ WHOက သတ္မွတ္ထားတဲ့အတိုင္း လုပ္ေနပါတယ္။ မေန႔ကဆိုရင္လူနာ ၃ ဦးကို ရန္ကုန္မွာစစ္တယ္။ ပိုးလုံးဝ မေတြ႔ရဘူး။ ထိုင္းဓာတ္ခြဲခန္းကျပန္လာတဲ့ အေျဖနဲ႔ကိုက္ညီတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာစစ္ေဆးႏိုင္ပါၿပီ”လို႔ ေဒၚခင္ခင္ႀကီးကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပိုး႐ွိ မ႐ွိကို စစ္ေဆးမႈအေနနဲ႔ အခ်ိန္ ၆ နာရီသာၾကာျမင့္တဲ့အတြက္ မနက္မွာစစ္ေဆးရင္ ညေနမွာ အေျဖကိုသိ႐ွိႏိုင္တဲ့အတြက္ တကယ္လို႔သာ လူနာမွာ positive ျဖစ္ခဲ့ရင္ လူနာကို ကုသမႈအပိုင္း အျမန္ဆုံးလုပ္ႏိုင္သလို သူနဲ႔အတူထိစပ္ခဲ့သူ နီးကပ္ေနထိုင္ခဲ့သူေတြကိုလည္း က်န္းမာေရးစစ္ေဆးမႈေတြလုပ္ႏိုင္တယ္လို႔ သိရပါတယ္။

လတ္တေလာ ဒီကေန႔ ေဖေဖာ္ဝါရီ၂၁ ရက္ ေန႔လည္အထိေတာ့ ကို႐ိုနာဗိုင္းရပ္စ္ သံသယ႐ွိလူနာ ထပ္တိုးလာျခင္းမ႐ွိဘူးလို႔ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမွဳဟာ မေန႔ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔အထိ တ႐ုတ္နိုင္ငံမွာ ေရာဂါအတည္ျပဳလူနာ ၇၄၂၈၀ ဦး နဲ႔ ေသဆုံး ၂၀၀၆ ဦး ၊ အျခား ေရာဂါျဖစ္ပြားတဲ့ ႏိုင္ငံ ၂၅ ႏိုင္ငံမွာက ေရာဂါအတည္ျပဳလူနာ ၉၂၄ ဦးနဲ႔ ေသဆုံးသူ ၃ ဦး႐ွိေနတာ ျဖစ္ပါတယ္။

Photo – က်န္းမာေရးဝန္ႀကီးဌာန
#VOM #voiceofmyanmar #ရန္ကုန္ #ကိုရိုနာဗိုင္းရပ္စ္ပိုး #စစ္ေဆးႏိုင္ၿပီ

Related posts

Leave a Comment

VOM News

FREE
VIEW