ပဲခူးမြို့ NLDရပ်ကွက်ရုံးအတွင်းက ပါတီပိုင်ပစ္စည်းများ ဖျက်ဆီးခံရ

ပဲခူးမြို့ NLDရပ်ကွက်ရုံးအတွင်းက ပါတီပိုင်ပစ္စည်းများ ဖျက်ဆီးခံရ

ပဲခူး ဖေဖော်ဝါရီ ၂၁ -၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၄)ရှိ NLDရုံးမှာ မနေ့ဖေဖော်ဝါရီနေ့ညပိုင်းက အမည်မသိလူတစ်စု ရုံးအတွင်းဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဗီနိုင်းရုပ်ပုံတွေကိုဖြုတ်ချကာ ပါတီမှတ်တမ်းစာအုပ်တွေ၊ ပါတီအလံတွေယူဆောင်သွားတယ်လို့ ပဲခူးတိုင်းNLDကပြောပါတယ်။

‟ရပ်ကွက်ကြီး(၄)က ရုံးပါ ရပ်ကွက်ထဲမှာ အစောင့်လည်းမရှိဘူး၊ အစည်းအဝေးလုပ်မှဖွင့်ထားတာ ကျန်တဲ့အချိန်က ပိတ်ထားတာများပါတယ်။ မနေ့က သန့်ရှင်းရေးလုပ်မှ သော့ကိုရိုက်ချိုးပြီး အစည်းအဝေးမှတ်တမ်းတွေ ယူသွားတာတွေ့တယ်၊ ဗီနိုင်းကပ်ထားတာ ဒေါ်စုပုံတို့ ဗိုလ်ချုပ်ပုံတို့ဆွဲ ဖြုတ်သွားတယ်၊ ကျန်တာဖျက်ဆီးတာတော့မရှိဘူး၊ အထဲမှာ သံဗီဒိုတစ်လုံးရှိတယ်၊ ပန်ကန်လုံးတွေ၊ ဖန်ခွက်တွေရှိတယ်၊ ဘာမှမလုပ်သွားဘူး။ အမှတ်(၃)ရဲစခန်းမှာတော့ အမှုဖွင့်ထားပါပြီ၊ ကျနော်တို့လည်း စုံစမ်းနေဆဲပါ၊ သူခိုးလို့လည်း ပြောလို့မရပါဘူး၊ စာရွက်စာတမ်းဘဲယူသွားတာဆိုတော့ မလိုလားတဲ့ အဖွဲ့အစညိးကပဲ လုပ်တာလားဘာလားပေါ့”လို့ ပဲခူးတိုင်းNLDဥက္ကဋ္ဌ ဦးသိန်းဒန်ကVOMကိုပြောပါတယိ။

အခုလိုပြုလုပ်သွားတဲ့အပြင် ရုံးရှိ ပါတီဝင်အင်အားစာရင်း၊ အစည်းအဝေးမှတ်တမ်း စာရွက်စာတမ်းတွေ ပါတီအလံတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

NLD ပါတီရုံးခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့သူတွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့ အနေနဲ့ တရားခံတွေကိုဖမ်းဆီးရမိရေးအတွက် စုံစမ်းနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပဲခူး #NLDရုံး #ဖျက်စီးခံရ

Zawgyi

ပဲခူးၿမိဳ႕ NLDရပ္ကြက္႐ုံးအတြင္းက ပါတီပုိင္ပစၥည္းမ်ား ဖ်က္ဆီးခံရ

ပဲခူး ေဖေဖာ္ဝါရီ ၂၁ -၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္ရပ္ကြက္ႀကီး(၄)ရွိ NLD႐ုံးမွာ မေန႔ေဖေဖာ္ဝါရီေန႔ညပိုင္းက အမည္မသိလူတစ္စု ႐ုံးအတြင္းဝင္ေရာက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ရဲ႕ ဗီႏိုင္း႐ုပ္ပုံေတြကိုျဖဳတ္ခ်ကာ ပါတီမွတ္တမ္းစာအုပ္ေတြ၊ ပါတီအလံေတြယူေဆာင္သြားတယ္လို႔ ပဲခူးတိုင္းNLDကေျပာပါတယ္။

‟ရပ္ကြက္ႀကီး(၄)က ႐ုံးပါ ရပ္ကြက္ထဲမွာ အေစာင့္လည္းမရွိဘူး၊ အစည္းအေဝးလုပ္မွဖြင့္ထားတာ က်န္တဲ့အခ်ိန္က ပိတ္ထားတာမ်ားပါတယ္။ မေန႔က သန႔္ရွင္းေရးလုပ္မွ ေသာ့ကို႐ိုက္ခ်ိဳးၿပီး အစည္းအေဝးမွတ္တမ္းေတြ ယူသြားတာေတြ႕တယ္၊ ဗီႏိုင္းကပ္ထားတာ ေဒၚစုပုံတို႔ ဗိုလ္ခ်ဳပ္ပုံတို႔ဆြဲ ျဖဳတ္သြားတယ္၊ က်န္တာဖ်က္ဆီးတာေတာ့မရွိဘူး၊ အထဲမွာ သံဗီဒိုတစ္လုံးရွိတယ္၊ ပန္ကန္လုံးေတြ၊ ဖန္ခြက္ေတြရွိတယ္၊ ဘာမွမလုပ္သြားဘူး။ အမွတ္(၃)ရဲစခန္းမွာေတာ့ အမႈဖြင့္ထားပါၿပီ၊ က်ေနာ္တို႔လည္း စုံစမ္းေနဆဲပါ၊ သူခိုးလို႔လည္း ေျပာလို႔မရပါဘူး၊ စာ႐ြက္စာတမ္းဘဲယူသြားတာဆိုေတာ့ မလိုလားတဲ့ အဖြဲ႕အစညိးကပဲ လုပ္တာလားဘာလားေပါ့”လို႔ ပဲခူးတိုင္းNLDဥကၠ႒ ဦးသိန္းဒန္ကVOMကိုေျပာပါတယိ။

အခုလုိျပဳလုပ္သြားတဲ့အျပင္ ႐ုံးရွိ ပါတီဝင္အင္အားစာရင္း၊ အစည္းအေဝးမွတ္တမ္း စာ႐ြက္စာတမ္းေတြ ပါတီအလံေတြကိုလည္း ယူေဆာင္သြားတယ္လို႔ သိရပါတယ္။

NLD ပါတီ႐ုံးခန္းကို ဝင္ေရာက္ဖ်က္ဆီးခဲ့သူေတြကို သက္ဆိုင္ရာနယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားၿပီး ရဲတပ္ဖြဲ႕ အေနနဲ႔ တရားခံေတြကိုဖမ္းဆီးရမိေရးအတြက္ စုံစမ္းေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ပဲခူး #NLDရံုး #ဖ်က္စီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW