ရခိုင်မှာ အင်တာနက်ဖြတ်တဲ့ကိစ္စ ရပ်ပေးဖို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၉ဦးကို ပုဒ်မ ၁၉နဲ့ အမူဖွင့် ရန်ကုန်-ဖေဖေါ်ဝါရီ ၂၄-၂၀၂၀ စွဲ့ဝတီ (VOM) ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက် သတင်းအမှောင်ချခြင်း ချက်ခြင်းရပ်ပေးဖို့၊ မူလတန်းကျောင်းပေါ်လက်နက်ကြီးကျခြင်းအတွက် တာဝန်ယူမူ၊ တာဝန်ခံမူ ချက်ခြင်းပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပမီဒီယာများ လွတ်လပ်စွာ သတင်းရယူနိုင်ရေးစတဲ့ အချက် သုံးချက်ကို မနေ့က ညနေပိုင်းမှာ ကမာရွတ်မြို့နယ် ဆင်ရေတွင်းကားမှတ်တိုင်ကနေ လည်းတန်းစင်တာ အထိ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုမှာ ပါဝင်တဲ့ ကျောင်းသားကျောင်းသူ ၉ဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းန ဲ့ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ(ငြိမ်းစုစီ) ပုဒ်မ ၁၉နဲ့ ကမာရွတ်ရဲစခန်းမှာ ဒီကနေ့ နံနက်ပိုင်းက အမှုဖွင့်ထားတာဖြစ်တယ်လို့ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် က သိရပါတယ်။ “ကိုးယောက်ထဲက ၆ယောက်ကို ကမာရွတ်ရဲစခန်းကို လာခေါ်သွားတယ်။ သုံးယောက်လောက်ပဲ ကျန်တော့တယ်။ စစ်ချက်ယူတာပေါ့။…
Read MoreDay: February 24, 2020
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ တရုတ်ကုမ္ပဏီတွေ အခက်အခဲဖြစ်နေ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ တရုတ်ကုမ္ပဏီတွေ အခက်အခဲဖြစ်နေ ပေကျင်း၊ ဖေဖော်ဝါရီ-၂၄-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ တရုတ်ကုမ္ပဏီတွေဟာ ကြွေးမြီများပြားလာနေတာကြောင့် အလုပ်သမားတွေနဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေကို ငွေပေးချေဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု လျှင်မြန်စွာဖြစ်ပေါ်နေစဉ်မှာ စီးပွားရေးနာလန်ပြန်ထူစေဖို့အတွက် ဘဏ်တွေအနေနဲ့ စီးပွားရေးုလုပ်ငန်းတွေကို ချေးငွေပိုမိုပေးဖို့ တရုတ်အစိုးရကတိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံရှိ အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေဟာ အထူးသဖြင့်အာရုံစိုက်နေရပြီး အဲဒီလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ ၆၀ ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင်ရရှိမှု ၈၀ ရာခိုင်နှုန်းရှိတယ်လို့ တရုတ်ပြည်သူ့ဘဏ် အဆိုအရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလလယ်အထိ တရုတ်နှစ်သစ်ကူးကာလကို တိုးမြင့်ခြင်း၊ နိုင်ငံအတွင်း ခရီးသွားလာတာတွေကို လျှော့ချလိုက်တဲ့ ဇန်နဝါရီနှောင်းပိုင်းမှစလို့ အဲဒီကုမ္ပဏီအများစု နဲ့ သူတို့ရဲ့ အလုပ်သမားတွေဟာ များသောအားဖြင့် လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးတရုတ်နိုင်ငံရဲ့ စီးပွားရေဟာ ပထမသုံးလပတ်ကာလမှာ သိသိသာသာကျဆင်းသွားလိမ့်မယ်လို့…
Read Moreမလေးရှားဝန်ကြီးချုပ် မဟာသီရာမိုဟာမက် ရာထူးမှ နှုတ်ထွက်စာတင်
မလေးရှားဝန်ကြီးချုပ် မဟာသီရာမိုဟာမက် ရာထူးမှ နှုတ်ထွက်စာတင် ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂၄-၂၀၂၀ မျိုးဆက် (VOM) မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ သူ့ရဲ့ရာထူးမှနှုတ်ထွက်စာကို မလေးရှားဘုရင်ထံ ဖေဖော်ဝါရီ ၂၄ ရက်မှာ တင်သွင်းလိုက်ပါတယ်။ နှုတ်ထွက်စာကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် တစ်နာရီအချိန်မှာ တင်သွင်းလိုက်တာဖြစ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ကြေညာချက်မှာတော့ အသေးစိတ်အချက်အလက်တွေ ဖော်ပြထားတာမျိုးမရှိပါဘူး။ သူ့နေရာကိုဆက်ခံနိုင်ဖွယ်ရှိတဲ့ အန်ဝါအီဘရာဟင်မပါဝင်ပဲ ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖွယ်တယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေချိန်မှာပဲ ဝန်ကြီးချုပ် မဟာသီယာရဲ့နှုတ်ထွက်မှုဖြစ်ပေါ်လာတာပါတယ်။ ကမ္ဘာ့သက်တမ်းရှည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ရာထူးပြန်လည်ရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ အစိုးရရန်ပုံငွေဒေါ်လာဘီလီယံပေါင်းများစွာ အရှုပ်တော်ပုံနဲ့ ဆက်နွယ်နေတဲ့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မဟာသီယာဟာ မလေးရှားနိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ ကြီးစိုးနိုင်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ…
Read Moreပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးတွေအဆမတန်ထိုးတက်နေ
ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးတွေအဆမတန်ထိုးတက်နေ ပလက်ဝ၊ ဖေဖော်ဝါရီ ၂၄- ၂၀၂၀ ခိုင်လင်းစံ(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ မြို့ပေါ်တွေမှာ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့သို့ ဆက်သွယ်သွားလာရန် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် စားနပ်ရိက္ခာတွေနဲ့ အခြားလူသုံးကုန်တွေ၊ လောင်စာဆီတွေပြတ်တောက်နိုင်ဖွယ်ရှိပြီး ကုန်ဈေးနုန်းတွေ အဆမတန်မြင့်တက်နေကြောင်း ဒေသခံတွေက ဆီကသိရပါတယ်။ အခုလိုမျိုး ကုန်ဈေးနှူန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ပလက်ဝဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုပြီးဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်။ ပလက်ဝမြို့ပေါ်မှာ ဆန်၊ ဆီ၊ ဆား၊ ကြွက်သွန်က ကအစ စားနပ်ရိက္ခာတွေ ပြတ်တောက်နေပြီး ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ကြက်သွန် တစ်ပိဿာကို ၆ ထောင်လောက်တောင် ဖြစ်သွားပြီ။ ငရုပ်သီးခြောက်က တပိဿာကို ၁ သောင်းခွဲလို့ကြားတယ်။ ဆန်တွေကတော့ ရိုးရိုးဆန် တစ်အိတ်ကို ၄ သေားင်းကျော်ရှိတယ်။ ပေါ်ဆန်းမွေးဆန်ကတော့ ၆…
Read Moreလပွတ္တာမြို့မှ အသက် ၁၃ နှစ်အရွယ် ဆိုင်လုပ်သားကို ဒီဇယ်လောင်းမီးရှို့သူအား အမှုဖွင့်
လပွတ္တာမြို့မှ အသက် ၁၃ နှစ်အရွယ် ဆိုင်လုပ်သားကို ဒီဇယ်လောင်းမီးရှို့သူအား အမှုဖွင့် ပုသိမ်၊ ဖေဖော်ဝါရီ ၂၄ ရက်။ ကိုအောင် (VOM) ဧရာဝတီတိုင်း လပွတ္တာမြို့၊အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းမှာ ဖွင့်လှစ်ထားတဲ့တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် မိခင်ဖြစ်သူနှင့်အတူ ဆိုင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေကို ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီခန့်က ဆိုင်မှ ငွေ ၈ သောင်းခိုးယူသည်ဟု စွပ်စွဲပြီးနှိပ်စက်ကာ ဒီဇယ်လောင်းမီးရှို့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒီဇယ်လောင်းမီးရှို့ခဲ့တဲ့ ဆိုင်ရှင်ကို ဖေဖော်ဝါရီ ၂၃ ရက်က လပွတ္တာမြို့မ ရဲစခန်းမှာ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက တရားလိုလုပ်ကာ အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။ “ကျနော်တို့က လူမှုကွန့်ရက်မှာတွေ့တယ်၊ နယ်မြေခံမိတ်ဖက်အဖွဲ့အစည်းတွေကလည်း သတင်းပေးလို့ မျက်မြင်တွေ့ရအောင်ပြီး မနေ့ကသွားတယ်၊ တွေ့တဲ့အချိန်မှာ…
Read More