လပွတ္တာမြို့မှ အသက် ၁၃ နှစ်အရွယ် ဆိုင်လုပ်သားကို ဒီဇယ်လောင်းမီးရှို့သူအား အမှုဖွင့်

လပွတ္တာမြို့မှ အသက် ၁၃ နှစ်အရွယ် ဆိုင်လုပ်သားကို ဒီဇယ်လောင်းမီးရှို့သူအား အမှုဖွင့်

ပုသိမ်၊ ဖေဖော်ဝါရီ ၂၄ ရက်။
ကိုအောင် (VOM)

ဧရာဝတီတိုင်း လပွတ္တာမြို့၊အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းမှာ ဖွင့်လှစ်ထားတဲ့တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် မိခင်ဖြစ်သူနှင့်အတူ ဆိုင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေကို ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီခန့်က ဆိုင်မှ ငွေ ၈ သောင်းခိုးယူသည်ဟု စွပ်စွဲပြီးနှိပ်စက်ကာ ဒီဇယ်လောင်းမီးရှို့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဒီဇယ်လောင်းမီးရှို့ခဲ့တဲ့ ဆိုင်ရှင်ကို ဖေဖော်ဝါရီ ၂၃ ရက်က လပွတ္တာမြို့မ ရဲစခန်းမှာ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက တရားလိုလုပ်ကာ အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။

“ကျနော်တို့က လူမှုကွန့်ရက်မှာတွေ့တယ်၊ နယ်မြေခံမိတ်ဖက်အဖွဲ့အစည်းတွေကလည်း သတင်းပေးလို့ မျက်မြင်တွေ့ရအောင်ပြီး မနေ့ကသွားတယ်၊ တွေ့တဲ့အချိန်မှာ ကလေးခေါင်းမှာ မီးလောင်းထားတဲ့ပုံစံမျိုးတွေတယ်၊ ကလေးကိုတော့မမေးဘူး၊ ကလေးမိခင်ကို မေးတော့ ဟင်းရည်အိုးလောင်တယ်လို့ပြောတယ်၊ ခေါင်းကိုတော့ မီးဖို့က ထင်းချောင်းနဲ့ထိမိတယ်လို့ ပြောတယ်၊ ပတ်ဝန်းကျင်ကို စုံစမ်းကြည့်လိုက်တော့ တစ်ယောက်ယောက်က လုပ်ကြံတယ် လို့ ပြောတယ်၊ မျက်မြင်သက်သေတွေလည်း ရှိပါတယ် အဲ့တာကြောင့် ဒီနေ့တော့ အမှုဖွင့်ခဲ့ပါ တယ်”လို့ ဧရာဝတီတိုင်း ဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေး က ပြောပါတယ်

ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းဟာ ငွေကျပ် ၈ သောင်း ပျောက်သည့် ကိစ္စနဲ့ ပတ်သတ်ပြီး ဖိုးစနေကို နေအိမ်အတွင်း ခဲတံချွန်ဓါးဖြင့် မွှန်းကာ စစ်ဆေးခြင်းများ အရင်ဆုံးပြုလုပ်ပြီး နောက်ပိုင်းခန္ဓာကိုယ်ကို ဒီဇယ်လောင်းပြီး မီးခြစ်ကို ပြကာ ခြိမ်းခြောက်မေးမြန်းခြင်းများ ပြုလုပ်နေချိန် မီးခြစ်မှ မီးတောက်ပြီး ကလေးငယ်ကို ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လပွတ္တာမြို့၊ အမှတ် ၁ ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူများက ပြောခဲ့လို့သူကရှင်းပြပါတယ်။

ဖြစ်စဉ်အရ ဒေါ်ချိုချိုစန်းကို လပွတ္တာမြို့မ ရဲစခန်းမှ (ပ) ၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပြီး ဧရာဝတီတိုင်း လူမူဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများ ကလည်း ကလေးသူငယ်ဥပဒေ / လူကုန်ကူးမူတားဆီးကာကွယ်ရေးဥပဒေ တွေနဲ့အမူဖွင့်ဖို့စီစဉ်နေတယ်လို့လဲသိရပါတယ်။

#VOM #Voiceofmyanmar #လပွတ္တာ # ဆိုင်လုပ်သားကိုမီးရိူ့#

Zawgyi

လပြတၱာၿမိဳ႕မွ အသက္ ၁၃ ႏွစ္အ႐ြယ္ ဆိုင္လုပ္သားကို ဒီဇယ္ေလာင္းမီးရႈိ႕သူအား အမႈဖြင့္

ပုသိမ္၊ ေဖေဖာ္ဝါရီ ၂၄ ရက္။
ကိုေအာင္ (VOM)

ဧရာဝတီတိုင္း လပြတၱာျမိဳ႕၊အမွတ္ ၁ ရပ္ကြက္၊ စည္ပင္သာယာလမ္းမွာ ဖြင့္လွစ္ထားတဲ့တုႏႈိင္းမမွီ ထမင္းႏွင့္ ရခိုင္မုန႔္တီဆိုင္တြင္ မိခင္ျဖစ္သူႏွင့္အတူ ဆိုင္လုပ္သားအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ႕ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ဖိုးစေနကို ေဖေဖာ္ဝါရီ ၁၉ ရက္ ည ၁၁ နာရီခန႔္က ဆိုင္မွ ေငြ ၈ ေသာင္းခိုးယူသည္ဟု စြပ္စြဲၿပီးႏွိပ္စက္ကာ ဒီဇယ္ေလာင္းမီးရႈိ႕တဲ႕ ျဖစ္စဥ္ျဖစ္ခဲ႕ပါတယ္။

ဒီဇယ္ေလာင္းမီးရႈိ႕ခဲ့တဲ႕ ဆိုင္ရွင္ကို ေဖေဖာ္ဝါရီ ၂၃ ရက္က လပြတၱာၿမိဳ႕မ ရဲစခန္းမွာ တိုင္းေဒသႀကီး ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီက တရားလိုလုပ္ကာ အမႈဖြင့္လိုက္​တယ္လို႔သိရပါတယ္။

“က်ေနာ္တို႔က လူမႈကြန႔္ရက္မွာေတြ႕တယ္၊ နယ္ေျမခံမိတ္ဖက္အဖြဲ႕အစည္းေတြကလည္း သတင္းေပးလို႔ မ်က္ျမင္ေတြ႕ရေအာင္ၿပီး မေန႔ကသြားတယ္၊ ေတြ႕တဲ့အခ်ိန္မွာ ကေလးေခါင္းမွာ မီးေလာင္းထားတဲ့ပုံစံမ်ိဳးေတြတယ္၊ ကေလးကိုေတာ့မေမးဘူး၊ ကေလးမိခင္ကို ေမးေတာ့ ဟင္းရည္အိုးေလာင္တယ္လို႔ေျပာတယ္၊ ေခါင္းကိုေတာ့ မီးဖို႔က ထင္းေခ်ာင္းနဲ႔ထိမိတယ္လို႔ ေျပာတယ္၊ ပတ္၀န္းက်င္ကို စုံစမ္းၾကည့္လိုက္ေတာ့ တစ္ေယာက္ေယာက္က လုပ္ႀကံတယ္ လို႔ ေျပာတယ္၊ မ်က္ျမင္သက္ေသေတြလည္း ရွိပါတယ္ အဲ့တာေၾကာင့္ ဒီေန႔ေတာ့ အမႈဖြင့္ခဲ့ပါ တယ္”လို႔ ဧရာ၀တီတိုင္း ေဒသႀကီး ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီ၀င္ ဦးျမင့္ေဌး က ေျပာပါတယ္

ဆိုင္ပိုင္ရွင္ေဒၚခ်ိဳခ်ိဳစန္းဟာ ေငြက်ပ္ ၈ ေသာင္း ေပ်ာက္သည့္ ကိစၥနဲ႔ ပတ္သတ္ၿပီး ဖိုးစေနကို ေနအိမ္အတြင္း ခဲတံခြၽန္ဓါးျဖင့္ မႊန္းကာ စစ္ေဆးျခင္းမ်ား အရင္ဆုံးျပဳလုပ္ၿပီး ေနာက္ပိုင္းခႏၶာကိုယ္ကို ဒီဇယ္ေလာင္းၿပီး မီးျခစ္ကို ျပကာ ၿခိမ္းေျခာက္ေမးျမန္းျခင္းမ်ား ျပဳလုပ္ေနခ်ိန္ မီးျခစ္မွ မီးေတာက္ၿပီး ကေလးငယ္ကို ကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း လပြတၱာၿမိဳ႕၊ အမွတ္ ၁ ရပ္ကြက္ေန မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာခဲ့လို႔သူကရွင္းျပပါတယ္။

ျဖစ္စဥ္အရ ေဒၚခ်ိဳခ်ိဳစန္းကို လပြတၱာၿမိဳ႕မ ရဲစခန္းမွ (ပ) ၇၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရျပီး ဧရာ၀တီတိုင္း လူမူ၀န္ထမ္းဦးစီးဌာနတာ၀န္ရွိသူမ်ား ကလည္း ကေလးသူငယ္ဥပေဒ / လူကုန္ကူးမူတားဆီးကာကြယ္ေရးဥပေဒ ေတြနဲ႔အမူဖြင့္ဖို႔စီစဥ္ေနတယ္လို႔လဲသိရပါတယ္။

#VOM #Voiceofmyanmar #လပြတၱာ # ဆိုင္လုပ္သားကို မီး႐ိူ႔#

Related posts

Leave a Comment

VOM News

FREE
VIEW