ကမ္ဘာ့အသက်အကြီးဆုံးအဘိုး အသက် ၁၁၂ နှစ်တွင်ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးအဘိုး အသက် ၁၁၂ နှစ်တွင်ကွယ်လွန်

တိုကျို၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာ့ပေါ်မှာ သက်ရှိထင်ရှား အသက်အကြီးဆုံး အမျိုးသားအဖြစ် မကြာသေးမီက သတ်မှတ်ခံခဲ့ရတဲ့ ဂျပန်အမျိုးသားဟာ အသက် ၁၁၂ အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
တိုကျိုမြောက်ပိုင်း နီဂါတာပြည်နယ်မှာ ၁၉၀၇ခုနှစ် မတ်လ ၅ ရက်မှာ မွေးဖွားခဲ့တဲ့ ချီတီဆုဝါတာနာဘေးဟာ ပြည်နယ်အတွင်းမှ စောင့်ရှောက်ရေးဂေဟာမှာ ဖေဖော်ဝါရီ ၂၃ ရက်က ကွယ်လွန်သွားတာလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့က တရားဝင်အသိအမှတ်ပြုပြီး သီတင်းနှစ်ပတ်အကြာတွင် မစ္စတာချီတီဆုဝါတာနာဘေး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကလေးငါးယောက်ဖခင် ဝါတာနာဘေးဟာ ပူတင်းနဲ့ ရေခဲမုန့်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး အသက်ရှည်ချင်တယ်ဆိုရင် ဒေါသမထွက်ပဲ အမြဲပြုံးနေပါလို့ အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

မစ္စတာဝါတာနာဘေး ကွယ်လွန်ပြီးနောက် ဂျပန်နိုင်ငံမှာ အသက်အရှည်ဆုံးအမျိုးသားကတော့ အသက် ၁၁၀ နှစ်အရွယ်အိုင်ဆာကူတိုမိုဆိုသူဖြစ်ပြီး သူ့ကို ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့မှ အသက်အကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခြင်းရှိမရှိကိုတော့ မသိရသေးပါဘူး။

Ref : Bangkok Post
Photo : Getty Images
#voiceofmyanmar #VOM #ကမ္ဘာ့အသက်အကြီးဆုံးအဘိုးကွယ်လွန်

zawgyi

ကမၻာ႔အသက္အၾကီးဆံုးအဘိုး အသက္ ၁၁၂ နွစ္တြင္ကြယ္လြန္

တိုက်ိဳ၊ ေဖေဖာ္၀ါရီ-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာ႔ေပၚမွာ သက္ရွိထင္ရွား အသက္အၾကီးဆံုး အမ်ိဳးသားအျဖစ္ မၾကာေသးမီက သတ္မွတ္ခံခဲ႔ရတဲ႔ ဂ်ပန္အမ်ိဳးသားဟာ အသက္ ၁၁၂ အရြယ္မွာ ကြယ္လြန္သြားျပီျဖစ္ပါတယ္။
တိုက်ိဳေျမာက္ပိုင္း နီဂါတာျပည္နယ္မွာ ၁၉၀၇ခုနွစ္ မတ္လ ၅ ရက္မွာ ေမြးဖြားခ႔ဲတဲ႔ ခ်ီတီဆု၀ါတာနာေဘးဟာ ျပည္နယ္အတြင္းမွ ေစာင္႔ေရွာက္ေရးေဂဟာမွာ ေဖေဖာ္၀ါရီ ၂၃ ရက္က ကြယ္လြန္သြားတာလို႔ တာ၀န္ရိွသူေတြက ထုတ္ျပန္ပါတယ္။

ကမၻာ႔အသက္အၾကီးဆံုးအမ်ိဳးသားအျဖစ္ ဂင္းနစ္စံခ်ိန္အဖြဲ႕က တရား၀င္အသိအမွတ္ျပဳျပီး သီတင္းနွစ္ပတ္အၾကာတြင္ မစၥတာခ်ီတီဆု၀ါတာနာေဘး ကြယ္လြန္ခဲ႔တာျဖစ္ပါတယ္။

ကေလးငါးေယာက္ဖခင္ ၀ါတာနာေဘးဟာ ပူတင္းနဲ႔ ေရခဲမုန္႔ကို ၾကိဳက္နွစ္သက္သူတစ္ဦးျဖစ္ျပီး အသက္ရွည္ခ်င္တယ္ဆိုရင္ ေဒါသမထြက္ပဲ အျမဲျပံဳးေနပါလို႔ အသက္ရွည္ရျခင္းရဲ႕ လွ်ိဳ႕၀ွက္ခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ႔ဖူးပါတယ္။

မစၥတာ၀ါတာနာေဘး ကြယ္လြန္ျပီးေနာက္ ဂ်ပန္နိ္ုင္ငံမွာ အသက္အရွည္ဆံုးအမ်ိဳးသားကေတာ႔ အသက္ ၁၁၀ နွစ္အရြယ္အိုင္ဆာကူတိုမိုဆိုသူျဖစ္ျပီး သူ႔ကို ကမၻာ႔ဂင္းနစ္စံခ်ိန္အဖြဲ႔မွ အသက္အၾကီးဆံုးအမ်ိဳးသားအျဖစ္ သတ္မွတ္ျခင္းရိွမရိွကိုေတာ႔ မသိရေသးပါဘူး။

Ref : Bangkok Post
Photo : Getty Images
#voiceofmyanmar #VOM #ကမၻာ့အသက္အၾကီးဆံုးအဘုိးကြယ္လြန္

Related posts

Leave a Comment

VOM News

FREE
VIEW