အိန္ဒိယက ဆန္ဒပြပွဲတွေ လူမျိုးရေးအသွင်ဆောင်လာ၊ လူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရ

အိန္ဒိယက ဆန္ဒပြပွဲတွေ လူမျိုးရေးအသွင်ဆောင်လာ၊ လူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရ

ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ မွတ်စလင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေကို အကြမ်းဖက်တိုက်ခိုက်ခံရတာတွေနဲ့အတူ ဒေလီမြို့မှာတတိယမြောက်ညအဖြစ် မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ပဋိပက္ခတွေကြောင့် လက်ရှိအချိန်ထိ လူ၂၀ဦးသေဆုံးသွားပြီး ဆယ်စုနှစ်များစွာအတွင်း ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး အကြမ်းဖက်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

နှစ်ဘက်အကြားပဋိပက္ခတွေဟာ အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်အပေါ် ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဘာသာရေးအပေါ်အခြေခံပြီး တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပါ။

သေဆုံးသူများထဲမှာ ဟိန္ဒူနဲ့ မွတ်စလင်တွေပါဝင်နေပြီး လူ ၂၀၀ နီးပါးဒါဏ်ရာရရှိခဲ့ကြောင်း ဂုရုတက်ဘဟာဒါ ဆေးရုံမှ တာဝန်ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဒေလီမြို့လယ်နဲ့ ၁၈ ကီလိုမီတာသာကွာဝေးတဲ့ Maujpur, Mustafabad, Jaffrabad , Shiv Vihar လိုမျိုး မွတ်စလင်အများစုနေထိုင်ရာ ရပ်ကွက်တွေမှာ အဓိကဖြစ်ပွားခဲ့ပါတယ်။

Ref : BBC
Photo: Reuters

#voiceofmyanmar #VOM #အိန္ဒိယဆန္ဒပြပွဲ

Zawgyi

အိႏၵိယက ဆႏၵျပပြဲေတြ လူမ်ိဳးေရးအသြင္ေဆာင္လာ၊ လူ ၂၀ ေသဆံုးျပီး ၂၀၀ နီးပါးဒါဏ္ရာရ

ေဒလီ၊ ေဖေဖာ္၀ါရီ-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနို္င္ငံမွာ မြတ္စလင္ေတြရဲ႕ ေနအိမ္နဲ႔ ေစ်းဆိုင္ေတြကို အၾကမ္းဖက္တိုက္ခိုက္ခံရတာေတြနဲ႔အတူ ေဒလီျမိဳ႕မွာတတိယေျမာက္ညအျဖစ္ မျငိမ္မသက္မႈေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။

ပဋိပကၡေတြေၾကာင္႔ လက္ရိွအခ်ိန္ထိ လူ၂၀ဦးေသဆံုးသြားျပီး ဆယ္စုနွစ္မ်ားစြာအတြင္း ေဒလီျမိဳ႕မွာ ျဖစ္ပြားခဲ႔တဲ႔ အေသအေပ်ာက္အမ်ားဆံုး အၾကမ္းဖက္ျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။

နွစ္ဘက္အၾကားပဋိပကၡေတြဟာ အိႏိၵယနို္င္ငံရဲ႕ အျငင္းပြားဖြယ္ နုိင္ငံသားဥပေဒသစ္အေပၚ ေထာက္ခံသူေတြနဲ႔ ကန္႔ကြက္သူေတြအၾကား ေဖေဖာ္၀ါရီ ၂၃ ရက္မွာ စတင္ခဲ႔တာျဖစ္ျပီး ဘာသာေရးအေပၚအေျခခံျပီး တုိက္ခိုက္မႈေတြျဖစ္ပြားခဲ႔တာပါ။

ေသဆံုးသူမ်ားထဲမွာ ဟိႏၵဴနဲ႔ မြတ္စလင္ေတြပါ၀င္ေနျပီး လူ ၂၀၀ နီးပါးဒါဏ္ရာရရိွခဲ႔ေၾကာင္း ဂုရုတက္ဘဟာဒါ ေဆးရံုမွ တာ၀န္ရိွသူေတြက ေျပာပါတယ္။

အၾကမ္းဖက္တိုက္ခို္က္မႈေတြဟာ ေဒလီျမိဳ႕လယ္နဲ႔ ၁၈ ကီလုိမီတာသာကြာေ၀းတဲ႔ Maujpur, Mustafabad, Jaffrabad , Shiv Vihar လိုမ်ိဳး မြတ္စလင္အမ်ားစုေနထိုင္ရာ ရပ္ကြက္ေတြမွာ အဓိကျဖစ္ပြားခဲ႔ပါတယ္။

Ref : BBC
Photo: Reuters

#voiceofmyanmar #VOM #အိႏိၵယဆႏၵျပပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW