ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟွာမူန်အထည်ချုပ်စက်ရုံ ရက်အကန့်သတ်မရှိပိတ်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟွာမူန်အထည်ချုပ်စက်ရုံ ရက်အကန့်သတ်မရှိပိတ်သိမ်း

ပုသိမ်၊ ဖေဖော်ဝါရီ ၂၉-၂၀၂၀
ကိုအောင်VOM

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ဟွာမူန်အထည်ချုပ်စက်ရုံဟာ တရုတ်နိင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ်စက်ရုံရဲ့ကုန်ကြမ်း ပိတ်လိပ်တွေပြတ်တောက်သွားတဲ့အတွက် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့သိရပါတယ်။

အဲ့ဒီစက်ရုံဟာ တရုတ်နိင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား၁၀၀၀၀န်းကျင်နဲ့ စက်ရုံကိုလည်ပတ်နေရာကနေ မနေ့ကစပြီး စက်ရုံပိတ်လိုက်တယ်ဆိုတာကို ကြေငြာခဲ့တာဖြစ်ပါတယ်။

“ကုန်ကြမ်းမရှိတော့ပိတ်လိုက်တာတော့ဟုတ်ပါတယ်၊ ဒါပေမယ့် ဝန်ထမ်းအင်္ကျီနဲ့ကဒ်တွေ ပြန်အပ်မယ်ဆိုတာတော့ အပြီးပိတ်လိုက်သလို ဖြစ်နေသလိုမျိုးဆိုတော့ တချို့တွေငိုကြတယ်၊ စက်ရုံပိတ်လိုက်တဲ့အတွက် လုပ်သားတွေရော အနားကစက်ရုံကိုမှီခိုနေကြတဲ့
ဈေးဆိုင်တွေ အခက်အခဲဖြစ်ကုန်ကြတာပေါ့”လို့ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် မစုပုံချစ်ကပြောပါတယ်။

စက်ရုံဘက်က ယခုဖေဖော်ဝါရီလအတွက် လုပ်ခလစာ၊ ကြိုတင်အကြောင်းကြား တစ်လစာ(noticeကြေး)၊ နှစ်အလိုက် အလုပ်ရပ်ဆဲနစ်နာကြေးအပြင်
အချိုးကြလုပ်သက်ခွင့်ကြေးတွေကို စက်ရုံဘက်က ပေးချေသွားမယ်လို့ စက်ရုံကထုတ်ပြန်တဲ့ ကြေငြာစာမှာဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိအခြေအနေနဲ့ပက်သက်ပြီး စက်ရုံဘက်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ကုန်ကြမ်းပြတ်တဲ့အတွက် ပိတ်လိုက်ရတယ်လို့ အတည်ပြုပြောဆိုပြီး အသေးစိတ်ကို
အလုပ်ရူပ်နေတဲ့အတွက် ဖြေဆိုလို့မရဘူးလို့ စက်ရုံမန်နေဂျာ ဒေါ်မေသန္တာဇော်ကပြောပါတယ်

အလုပ်သမားတွေကတော့ စက်ရုံပိတ်ချိန်မှာ လစာ၅၀ရာခိုင်နူန်းသာပေးပြီး
စက်ရုံ ပြန်လည်ဖွင့်လှစ်တဲ့အထိစောင့်ဆိုင်းဖို့ ၊ ညှိနိူင်းမူတွေပြုလုပ်ဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကိုလည်း တင်ပြဖို့စီစဉ်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ကနေ သိရပါတယ်။

“မနက်ကတော့ ဝန်ကြီးချုပ်ဆီကို စာတင်ထားပါတယ်၊ စက်ရုံလုပ်သားတဝက်လောက်ကတော့ နစ်နာကြေးယူမယ့်သဘောရှိတယ်၊ တချို့ကတော့ စက်ရုံပြန်ဖွင့်တဲ့ထိစောင့်ပြီးနေမယ်၊ ခုလို ပိတ်ပြီးပြန်ဖွင့်ရင် မူလရာထူးနဲ့ နေရာမရမှာလဲစိုးရိမ်နေကြတယ်”လို့ ဧရာဝတီတိုင်း
အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့တာဝန်ခံ ဒေါ်ခခကပြောပါတယ်။

ခုလိုစက်ရုံပိတ်လိုက်ရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဧရာဝတီတိုင်းအစိုးရအဖွဲ့
လူဝင်မူကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနဲ့
ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းခဲပေမယ့် ပြန်လည်ဖြေကြားပေးတာ မရှိခဲ့ပါဘူး။

ဒီကနေ့နေ့လယ် (၂)နာရီကစပြီး ဟွာမှုန်အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို လုပ်ခလစာ၊ ကြိုတင်အကြောင်းကြား တစ်လစာ(noticeကြေး)၊ နှစ်အလိုက် အလုပ်ရပ်ဆဲနစ်နာကြေးအပြင်
အချိုးကြလုပ်သက်ခွင့်ကြေးတွေကို စက်ရုံဘက်ကပေးနေတယ်လို့လည်း သိရပါတယ်။

ဟွာမှုန်အထည်ချုပ်စက်ရုံဟာ ၂၀၁၉ ခုနစ် ဒီဇင်ဘာလအတွင်းက
စက်ရုံတွင်း သပိတ်မှောက်မူဖြစ်ပွားခဲ့ဖူးပြီး (၃၆)ရက်အကြာ သပိတ်စခန်းဖွင့် တောင်းဆိုမူတွေပြုလုပ်ကာ ပြေလည်မူရရှိခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။

ကန်ကြီးထောင့်မြို့နယ်အတွင်းမှာလည်း ဟွာမူန်အထည်ချုပ်စက်ရုံဟာ
တစ်ခုထဲသော အထည်ချုပ်စက်ရုံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံပိတ်သိမ်းတာမရှိသေးဘဲ ဟွာမှုန်အထည်ချုပ်စက်ရုံဟာ ပထမဆုံးအကြိမ်ပိတ်သိမ်းတဲ့ စက်ရုံဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #ကိုရိုနာဗိုင်းရပ်စ် #ဟွာမှုန်အထည်ချုပ်စက်ရုံ #ပိတ်သိမ်း

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဟြာမူန္အထည္ခ်ဳပ္စက္႐ုံ ရက္အကန္႔သတ္မရွိပိတ္သိမ္း

ပုသိမ္၊ ေဖေဖာ္ဝါရီ ၂၉-၂၀၂၀
ကိုေအာင္VOM

ဧရာ၀တီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕က ဟြာမူန္အထည္ခ်ဳပ္စက္႐ုံဟာ တ႐ုတ္နိင္ငံမွာျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အထည္ခ်ဳပ္စက္႐ုံရဲ႕ကုန္ၾကမ္း ပိတ္လိပ္ေတြျပတ္ေတာက္သြားတဲ့အတြက္ ရက္အကန္႔အသတ္မရွိ ပိတ္လိုက္ၿပီလို႔သိရပါတယ္။

အဲ့ဒီစက္႐ုံဟာ တ႐ုတ္နိင္ငံသားပိုင္ဆိုင္ၿပီး အလုပ္သမား၁၀၀၀၀န္းက်င္နဲ႔ စက္ရံုကိုလည္ပတ္ေနရာကေန မေန႔ကစၿပီး စက္႐ုံပိတ္လိုက္တယ္ဆိုတာကို ေၾကျငာခဲ့တာျဖစ္ပါတယ္။

“ကုန္ၾကမ္းမရွိေတာ ့ပိတ္လိုက္တာေတာ့ဟုတ္ပါတယ္၊ ဒါေပမယ့္ ၀န္ထမ္းအက်ႌနဲ႔ကဒ္ေတြ ျပန္အပ္မယ္ဆိုတာေတာ့ အၿပီးပိတ္လိုက္သလို ျဖစ္ေနသလိုမ်ိဳးဆိုေတာ့ တခ်ိဳ႕ေတြငိုၾကတယ္၊ စက္႐ုံပိတ္လိုက္တဲ့အတြက္ လုပ္သားေတြေရာ အနားကစက္႐ုံကိုမွီခိုေနၾကတဲ့
ေဈးဆိုင္ေတြ အခက္အခဲျဖစ္ကုန္ၾကတာေပါ့”လုိ႔ စက္႐ုံအလုပ္သမားသမဂၢေခါင္းေဆာင္ မစုပုံခ်စ္ကေျပာပါတယ္။

စက္႐ုံဘက္က ယခုေဖေဖာ္ဝါရီလအတြက္ လုပ္ခလစာ၊ ႀကိဳတင္အေၾကာင္းၾကား တစ္လစာ(noticeေၾကး)၊ ႏွစ္အလိုက္ အလုပ္ရပ္ဆဲနစ္နာေၾကးအျပင္
အခ်ိဳးၾကလုပ္သက္ခြင့္ေၾကးေတြကို စက္ရံုဘက္က ေပးေခ်သြားမယ္လို႔ စက္႐ုံကထုတ္ျပန္တဲ့ ေၾကျငာစာမွာေဖာ္ျပထားတာျဖစ္ပါတယ္။

လက္ရွိအေျခအေနနဲ႔ပက္သက္ၿပီး စက္႐ုံဘက္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ ကုန္ၾကမ္းျပတ္တဲ့အတြက္ ပိတ္လိုက္ရတယ္လို႔ အတည္ျပဳေျပာဆိုၿပီး အေသးစိတ္ကို
အလုပ္႐ူပ္ေနတဲ့အတြက္ ေျဖဆိုလို႔မရဘူးလို႔ စက္႐ုံမန္ေနဂ်ာ ေဒၚေမသႏၲာေဇာ္ကေျပာပါတယ္

အလုပ္သမားေတြကေတာ့ စက္႐ုံပိတ္ခ်ိန္မွာ လစာ၅၀ရာခိုင္ႏူန္းသာေပးၿပီး
စက္႐ုံ ျပန္လည္ဖြင့္လွစ္တဲ့အထိေစာင့္ဆိုင္းဖို႔ ၊ ညႇိႏိူင္းမူေတြျပဳလုပ္ဖို႔ ဧရာ၀တီတိုင္းအစိုးရအဖြဲ႕ကိုလည္း တင္ျပဖို႔စီစဥ္ေနတယ္လို႔ အလုပ္သမားအေရး ကူညီေဆာင္႐ြက္ေပးေနတဲ့အဖြဲ႕ကေန သိရပါတယ္။

“မနက္ကေတာ့ ၀န္ႀကီးခ်ဳပ္ဆီကို စာတင္ထားပါတယ္၊ စက္႐ုံလုပ္သားတ၀က္ေလာက္ကေတာ့ နစ္နာေၾကးယူမယ့္သေဘာရွိတယ္၊ တခ်ိဳ႕ကေတာ့ စက္႐ုံျပန္ဖြင့္တဲ့ထိေစာင့္ၿပီးေနမယ္၊ ခုလို ပိတ္ၿပီးျပန္ဖြင့္ရင္ မူလရာထူးနဲ႔ ေနရာမရမွာလဲစိုးရိမ္ေနၾကတယ္”လုိ႔ ဧရာ၀တီတိုင္း
အလုပ္သမားအခ်င္းခ်င္း႐ိုင္းပင္းကူညီေရးအဖြဲ႕တာ၀န္ခံ ေဒၚခခကေျပာပါတယ္။

ခုလိုစက္႐ုံပိတ္လိုက္ရတဲ့အေၾကာင္းနဲ႔ ပတ္သတ္ၿပီး ဧရာ၀တီတိုင္းအစိုးရအဖြဲ႕
လူ၀င္မူႀကီးၾကပ္ေရးႏွင့္ လူစြမ္းအားအရင္းျမစ္၀န္ႀကီး ေဒါက္တာစိုး၀င္းနဲ႔
ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဆက္သြယ္ေမးျမန္းခဲေပမယ့္ ျပန္လည္ေျဖၾကားေပးတာ မရွိခဲ့ပါဘူး။

ဒီကေန႔ေန႔လယ္ (၂)နာရီကစၿပီး ဟြာမွဳန္အထည္ခ်ဳပ္စက္ရံုက အလုပ္သမားေတြကို လုပ္ခလစာ၊ ႀကိဳတင္အေၾကာင္းၾကား တစ္လစာ(noticeေၾကး)၊ ႏွစ္အလိုက္ အလုပ္ရပ္ဆဲနစ္နာေၾကးအျပင္
အခ်ိဳးၾကလုပ္သက္ခြင့္ေၾကးေတြကို စက္ရံုဘက္ကေပးေနတယ္လုိ႔လည္း သိရပါတယ္။

ဟြာမွဳန္အထည္ခ်ဳပ္စက္ရံုဟာ ၂၀၁၉ ခုနစ္ ဒိီဇင္ဘာလအတြင္းက
စက္႐ုံတြင္း သပိတ္ေမွာက္မူျဖစ္ပြားခဲ့ဖူးၿပီး (၃၆)ရက္အၾကာ သပိတ္စခန္းဖြင့္ ေတာင္းဆိုမူေတြျပဳလုပ္ကာ ေျပလည္မူရရွိခဲ့တဲ့ စက္႐ုံျဖစ္ပါတယ္။

ကန္ႀကီးေထာင့္ၿမိဳ႕နယ္အတြင္းမွာလည္း ဟြာမူန္အထည္ခ်ဳပ္စက္႐ုံဟာ
တစ္ခုထဲေသာ အထည္ခ်ဳပ္စက္႐ုံတစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စက္ရံုပိတ္သိမ္းတာမရိွေသးဘဲ ဟြာမွဳန္အထည္ခ်ဳပ္စက္ရံုဟာ ပထမဆံုးအႀကိမ္ပိတ္သိမ္းတဲ့ စက္ရံုျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ကိုရိုနာဗိုင္းရပ္စ္ #ဟြာမွဳန္အထည္ခ်ဳပ္စက္ရံု #ပိတ္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW