မြောက်ဦးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိ

မြောက်ဦးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိ

မြောက်ဦး၊ ဖေဖော်ဝါရီ ၂၉- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး အရပ်သားထိခိုက်ဒဏ်ရာရသေဆုံးမှုတွေအပြင် နေအိမ် ၄ လုံးမီးလောင်ဆုံးရံှူးသွားတယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီပစ်ခတ်မှုတွေအတွင်း လက်နက်ငယ်ကျည်ဆံထိမှန်ပြီး ဘုတလုံးကျေးရွာက အမျိုးသား(၂)ဦးသေဆုံးကာ (၆) ယောက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးတဲ့သူနှစ်ဦးဟာ မာမောက်ဟာရီ အသက် (၁၆) နှစ်နဲ့ မာမောက်ရော်ဟီးလူ (၁၀) နှစ်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာက ဦးချောင်းသာအောင်ရဲ့ဇနီး ဒေါ်ပိန်မဆိုတဲ့ အမျိုးသမီးဟာလည်း သေနတ်သံနဲ့ ပေါက်ကွဲသံတွေကြောင့် နှလုံးရောဂါနဲ့ သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

” ဒဏ်ရာရတာကတော့ (၉) ယောက်လို့ သတင်းကြားတယ်။ သေတာကတော့ (၃) ယောက်လို့ သိရတယ်။ မြောင်းဘွေချေက အမျိုးသမီးကတော့ သေနတ်သံ၊ ပေါက်ကွဲသံကြားပြီး နှလုံးရောဂါကြောင့် သေသွားတယ်။ နောက်ထပ်လည်း အသေအပျောက်ရှိနိုင်တယ်လို့ ဘုတလင်းက အုပ်ချုပ်ရေးမှူးက ပြောတယ်။” လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အဲ့ဒီမြောက်ဦးမြို့နယ်တွင်းက တင်းပျင်းကြီးကျေးရွာမှာလည်း လက်နက်ကြီးကျည်စထိမှန်ပြီး လင်မယားနှစ်ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

” တင်းပျင်းကြီးက လင်မယားနှစ်ယောက်ဒဏ်ရာရတယ်။ လေးမြို့စားက ဦးညွှန့်ဝင်းဆိုတဲ့ တစ်ယောက် ဒဏ်ရာရတယ်။” လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး ကျေးရွာတွင်းက နေအိမ် လေးလုံး ပျက်စီးသွားကာ ရွှေလံကျေးရွာက ကျေးရွာသားတစ်ဦး ဖမ်းဆီးခံထားရတဲ့အပြင် လေးမြို့ချောင်းကျေးရွာက ဦးညွှန့်ဝင်းဆိုတဲ့ အမျိုးသားတစ်ယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အခုလိုဖြစ်စဉ်တွေမဖြစ်ပွားမှီ ဒီကနေ့မနက် ၇ နာရီလောက်က မင်းပြားမြို့ဖက်ကလာတဲ့ တပ်မတော်စစ်ကားတန်းကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်က ပြန်လည်ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး တပ်မတော်နဲ့ အေအေပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဒေသခံတွေရဲ့ပြောပြချက်အရ နောက်ဆက်တွဲ ဒဏ်ရာရရှိသူတွေရှိနိုင်ပြီး အတိအကျမသိသေးဘူးလို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #မြောက်ဦး #ပစ်ခတ်မှု #ဒဏ်ရာရသေဆုံးသူရှိ

Zawgyi

ေျမာက္ဦးၿမိဳ႕မွာ ပစ္ခတ္မႈျဖစ္ၿပီး ထိခိုက္ဒဏ္ရာရ ေသဆံုးမႈေတြရိွ

ေျမာက္ဦး၊ ေဖေဖာ္ဝါရီ ၂၉- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္မွာ ဒီကေန႔မနက္ပိုင္းက ပစ္ခတ္မႈေတြျဖစ္ပြားၿပီး အရပ္သားထိခိုက္ဒဏ္ရာရေသဆံုးမႈေတြအျပင္ ေနအိမ္ ၄ လံုးမီးေလာင္ဆံုးရံႉးသြားတယ္လို႔ သတင္းရ႐ွိပါတယ္။

အဲ့ဒီပစ္ခတ္မႈေတြအတြင္း လက္နက္ငယ္က်ည္ဆံထိမွန္ၿပီး ဘုတလံုးေက်းရြာက အမိ်ဳးသား(၂)ဦးေသဆံုးကာ (၆) ေယာက္ဒဏ္ရာရ႐ွိခဲ့ၿပီး ေသဆံုးတဲ့သူႏွစ္ဦးဟာ မာေမာက္ဟာရီ အသက္ (၁၆) ႏွစ္နဲ႔ မာေမာက္ေရာ္ဟီးလူ (၁၀) ႏွစ္တို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕နယ္ ေျမာင္းေဘြေခ်ေက်းရြာက ဦးေခ်ာင္းသာေအာင္ရဲ႕ဇနီး ေဒၚပိန္မဆိုတဲ့ အမ်ိဳးသမီးဟာလည္း ေသနတ္သံနဲ႔ ေပါက္ကြဲသံေတြေၾကာင့္ ႏွလံုးေရာဂါနဲ႔ ေသဆံုးသြားတယ္လုိ႔လည္း သိရပါတယ္။

” ဒဏ္ရာရတာကေတာ့ (၉) ေယာက္လို႔ သတင္းၾကားတယ္။ ေသတာကေတာ့ (၃) ေယာက္လို႔ သိရတယ္။ ေျမာင္းေဘြေခ်က အမ်ိဳးသမီးကေတာ့ ေသနတ္သံ၊ ေပါက္ကြဲသံၾကားၿပီး ႏွလံုးေရာဂါေၾကာင့္ ေသသြားတယ္။ ေနာက္ထပ္လည္း အေသအေပ်ာက္႐ွိႏိုင္တယ္လို႔ ဘုတလင္းက အုပ္ခ်ဳပ္ေရးမႉးက ေျပာတယ္။” လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

အဲ့ဒီေျမာက္ဦးၿမိဳ႕နယ္တြင္းက တင္းပ်င္းႀကီးေက်းရြာမွာလည္း လက္နက္ႀကီးက်ည္စထိမွန္ၿပီး လင္မယားႏွစ္ေယာက္ ဒဏ္ရာရ႐ွိခဲ့ပါေသးတယ္။

” တင္းပ်င္းႀကီးက လင္မယားႏွစ္ေယာက္ဒဏ္ရာရတယ္။ ေလးၿမိဳ႕စားက ဦးၫႊန္႔ဝင္းဆိုတဲ့ တစ္ေယာက္ ဒဏ္ရာရတယ္။” လို႔ ဦးထြန္းသာစိန္က ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္၊ ေျမာင္းေဘြေက်းရြာမွာ လက္နက္ႀကီးက်ည္က်ၿပီး ေက်းရြာတြင္းက ေနအိမ္ ေလးလံုး ပ်က္စီးသြားကာ ေရႊလံေက်းရြာက ေက်းရြာသားတစ္ဦး ဖမ္းဆီးခံထားရတဲ့အျပင္ ေလးၿမိဳ႕ေခ်ာင္းေက်းရြာက ဦးၫႊန္႔ဝင္းဆိုတဲ့ အမ်ိဳးသားတစ္ေယာက္လည္း ဒဏ္ရာရ႐ွိသြားတယ္လုိ႔ သိရပါတယ္။

အခုလုိျဖစ္စဥ္ေတြမျဖစ္ပြားမီွ ဒီကေန႔မနက္ ၇ နာရီေလာက္က မင္းျပားၿမိဳ႕ဖက္ကလာတဲ့ တပ္မေတာ္စစ္ကားတန္းကို ေအေအက မိုင္းခြဲတိုက္ခိုက္ခဲ့တဲ့အတြက္ တပ္မေတာ္က ျပန္လည္ပစ္ခတ္တာေတြလည္း ရိွခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီျဖစ္စဥ္ေတြနဲ႔ပတ္သတ္ၿပီး တပ္မေတာ္နဲ႔ ေအေအေျပာခြင့္ရသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

ေဒသခံေတြရဲ႕ေျပာျပခ်က္အရ ေနာက္ဆက္တြဲ ဒဏ္ရာရ႐ွိသူေတြ႐ွိႏိုင္ၿပီး အတိအက်မသိေသးဘူးလုိ႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ေျမာက္ဦး #ပစ္ခတ္မွဳ #ဒဏ္ရာရေသဆံုးသူရိွ

Related posts

Leave a Comment

VOM News

FREE
VIEW