ယီမင်အယ်လ်ခိုင်ဒါခေါင်းဆောင်ကို အမေရိကန်လေကြောင်းတိုက်ခိုက်ပြီး သုတ်သင်

ယီမင်အယ်လ်ခိုင်ဒါခေါင်းဆောင်ကို အမေရိကန်လေကြောင်းတိုက်ခိုက်ပြီး သုတ်သင် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၇-၂၀၂၀။ မျိုးဆက် (VOM) အာရေဘီယံကျွန်းဆွယ်(အေကျူအေပီ)မှာ လှုပ်ရှားနေတဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင်တစ်ဦးကို အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတခုမှာ သုတ်သင်လိုက်တယ်လို့ သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ ကာစင်အယ်ရေမီဆိုသူ အယ်လ်ခိုင်ဒါခေါင်းဆောင်ဟာ ၂၀၁၅ခုနှစ်ကစပြီး ဂျီဟတ်အဖွဲ့ကို ဦးဆောင်ခဲ့တာဖြစ်ပြီး ယီမင်မှာ ပြုလုပ်တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ အိမ်ဖြူတော်ကလည်း အတည်ပြုခဲ့ပါတယ်။ ယီမင်အယ်လ်ခိုင်ဒါခေါင်းဆောင်ဟာ ၂၀၀၀ပြည့်နှစ်တွေမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့တဲ့ကိစ္စတွေနဲ့လည်း ဆက်နွယ်နေသူဖြစ်ပါတယ်။ သူဟာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ယခင်အဖွဲ့ခေါင်းဆောင်ဟောင်းရဲ့နေရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ အေကျူအေပီ ဂျီဟတ်အဖွဲ့ဟာ ယီမင်နိုင်ငံအတွင်းရှိ အယ်လ်ကိုင်ဒါတို့ရဲ့ ဒေသတွင်းအဖွဲ့ခွဲနှစ်ခုမှ ၂၀၀၉ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းအနောက်အုပ်စုလွှမ်းမိုးမှုတွေကို ဖယ်ရှားဖို့နဲ့ အမေရိကန်ထောက်ခံတဲ့ အစိုးရတွေကို ဖြုတ်ချရေးလုပ်ဆောင်ခဲ့ဖို့ဖြစ်ပါတယ်။ Ref : BBC Photo: Getty Images #voiceofmyanmar #VOM #အယ်လ်ခိုင်ဒါ…

Read More

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ မူဆယ် ၊ဖေဖေါ်ဝါရီ ၇-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး မူဆယ်ဒေသကို ရောက်ရှိနေကြောင်း အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အပူတပြင်းရှာဖွေခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့မှာ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ မကျင်းရွှေဖန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ လက္ခဏာ မရှိဘူးလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။ “ ကျွန်တော်တို့ဘက်ကစစ်တော့လည်း ရောဂါလက္ခဏာမတွေ့ရပါဘူး၊ တရုတ်နိုင်ငံဘက်က ဒီနေ့အကြောင်းပြန်လာတဲ့အထဲမှာလည်း အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရမှုမရှိဘူးလို့လည်း အကြောင်းပြန်ကြားလာပါတယ်။ ကျန်ရှိနေတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းပြီး အပူတပြင်းလိုက်လံစုံစမ်းရှာဖွေနေပါတယ်”…

Read More

ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အပြင် တောင်သူတွေကို ခြေချုပ်ဥပဒေနဲ့တရားစွဲတဲ့အတွက် မကျေနပ်မှုဖြစ်ပွား

ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အပြင် တောင်သူတွေကို ခြေချုပ်ဥပဒေနဲ့တရားစွဲတဲ့အတွက် မကျေနပ်မှုဖြစ်ပွား ရေစကြို၊ ဖေဖော်ဝါရီ ၇-၂၀၂၀ မိုးယံ(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ မြေခဲတောင် ကျေးရွာမှာ အထက်ကညွန်ကြားချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လမ်းကော်မတီတွေက တောင်သူ(၃)ဦးပိုင်တဲ့ မြေနေရာကို ကျေးရွာချင်းဆက်လမ်းချဲ့ဖို့ လမ်းနယ်နမိတ် သက်မှတ်ဖို့ ငုတ်တိုင်တွေစိုက်တာကို မြေပိုင်ရှင်တောင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ကျော်နင်းမှု ၊ အကျိုးပျက်ဆီးစေမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုမဖွင့်ခင်က တောင်သူ(၃)ဦးဟာ သူတို့မြေနေရာကို ငုတ်တိုင်စိုက်ထားတဲ့အတွက် ရှင်းလင်းမှုပြုလုပ်ခဲ့ရာ ခြေချုပ်ဥပဒေပုဒ်မ- ၅၁ (စ)(ဆ)နဲ့တရားစွဲခံရပြီး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတယ်လို့လည်း သိရပါတယ်။ ‟မြေနီကျောက်စရစ်လမ်းက ပေ၂၀ရှိရာကနေ ၃၈ပေလုပ်မယ်ဆိုပြီး၊ ဘယ်ညာတဖက်ကို၉ပေစီနဲ့ ၂ဖက်၁၈ပေချဲ့ ဖို့ ကော်မတီကလူကြီးတွေက လမ်းပေါ်ကနေ…

Read More

အိန္ဒိယနိုင်ငံ တိုက်ခန်းတွဲတစ်ခုရှိ ရေပိုက်ခေါင်းတွေမှ အရက်၊ ဘီယာရောထားတဲ့ ရေတွေထွက်လာ

အိန္ဒိယနိုင်ငံ တိုက်ခန်းတွဲတစ်ခုရှိ ရေပိုက်ခေါင်းတွေမှ အရက်၊ ဘီယာရောထားတဲ့ ရေတွေထွက်လာ ဒေလီ၊ ဖေဖော်ဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း တိုက်ခန်းတွဲတစ်ခုမှာရှိတဲ့ ရေပိုက်ခေါင်းတွေကနေ ဘီယာ၊ ဘရန်ဒီ နဲ့ ရမ်တွေရောနှောပါဝင်တဲ့ရေတွေ ကျဆင်းလာတာကြောင့် နေထိုင်သူတွေ ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ အနံ့ပြင်းပြီး အညိုရောင်ရှိတဲ့ အဲဒီရေတွေဟာ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းမှာ ကီရာလာရှိ တိုက်ခန်းတွဲ မီးဖိုချောင်သုံးရေပိုက်ခေါင်းတွေကနေ စတင်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်နေကြတဲ့ ဒေသခံတွေဟာ အာဏာပိုငတွေကို ဆက်သွယ်အကူအညီတောင်းခံခဲ့ပြီး ရေညစ်ညမ်းစေတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဖြစ်စဉ်ကတော့ ဒေသခံများအသုံးပြုတဲ့ ရေတွင်းအနီးမှာ ဖမ်းဆီးသိမ်းယူထားတဲ့ အရက်လီတာ ၆၀၀၀ ကိုမြုပ်နံှထားတာကြောင့်ဖြစ်ပါတယ်။ တရားရုံးရဲ့ အမိန့်နဲ့သိမ်းယူလိုက်ပြီးနောက် တွင်းတစ်ခုအတွင်းမှာထားခဲ့တဲ့ အရက်တွေဟာ မြေဆီလွှာနဲ့ ရေတွင်းတွေဆီ စိမ့်ဝင်သွားခဲ့ြ့ပီး သီရိဆာခရိုင်ရှိ ၁၈ ထပ်တိုက်ခန်းမှာ နေထိုင်သူတွေကို သောက်သုံးရေထောက်ပံ့နေတဲ့ ရေတွင်းထဲကိုလည်း အလားတူ…

Read More

ပင်လုံမြို့မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုမျိုး ပြန်လည်ရရှိမယ်လို့ နိုင်ငံတော်သမ္မတဆို

ပင်လုံမြို့မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုမျိုး ပြန်လည်ရရှိမယ်လို့ နိုင်ငံတော်သမ္မတဆို ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) (၇၃) နှစ်ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့(ဒီနေ့)နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက်ခဲ့ပြီး သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီသဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားခဲ့ပြီး သဝဏ်လွှာအတွင်း “တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် ၁၉၄၇ ခုနှစ်၌ ပင်လုံမြို့တွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုမျိုး ပြန်လည်ရရှိမည်ဟု ကျွန်တော့်အနေဖြင့် အခိုင်အမာယုံကြည်ထားပါသည်”လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ (၇၃) နှစ်က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်တဲ့အတွက် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့သလို ဒီနေ့အချိန်အခါမှာလည်း တိုင်းရင်းသားအားလုံးရဲ့စည်းလုံး ညီညွတ်မှုအင်အားနဲ့ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။ “ပြည်ထောင်စုစိတ်ဓာတ်…

Read More

တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ

တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ ခင်မမမျိုး ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၀ တိုင်းပြည်တည်ဆောက်ခြင်း (nation state building) မှာ နိုင်ငံရေးသမား၊ နည်းပညာရှင်၊ ဗျူရိုကရက်၊ မီဒီယာ၊ private sector ၊ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးပေါင်းစပ်မှ အောင်မြင်ပါတယ်။ နိုင်ငံရေးသမားက တောအုပ်တခုလုံးကိုကြည့်တဲ့အမြင် ရှိရပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးရာအားလုံးကို ခြုံငုံသုံးသပ်ရပါတယ်။ နည်းပညာရှင်တွေက သက်ဆိုင်ရာအလိုက် ကျွမ်းကျင်ရပါတယ်။ သစ်တပင်အမြင်ကို တောအုပ်အမြင်အတွက် ထောက်ကူပြု ပေါင်းစပ်ပေးရပါတယ်။ ဗျူရိုကရက်က သစ်ကွက်အလိုက် စိုက်ပျိုး၊ ထိန်းသိမ်း၊ ထုတ်လုပ်စတဲ့ စီမံခန့်ခွဲမှုအမြင်ရှိရပါတယ်။ မီဒီယာက သစ်တော၊ သစ်ပင်၊ သစ်ရွက်တွေအကြောင်း နားလည်ရပါတယ်။ သုံးသပ်ခြင်း၊ check and balance လုပ်ခြင်းတွေရှိရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ‌မြေပြင်ကျွမ်းကျင်ရပါတယ်။ တောအုပ်ဖြစ်တည်မှု၊ သစ်ပင်တပင်အရေးသာမက သစ်တော၊ သစ်ပင်၊ သစ်ရွက်အားလုံးကို…

Read More

တိမ်မြှုပ်နေလို့ ပြန်ဖော်ထုတ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ

တိမ်မြှုပ်နေလို့ ပြန်ဖော်ထုတ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ မြစ်ကြီးနား၊ဖေဖော်ဝါရီ ၇-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်က ကောင်းမှုလုန်စေတီတော်ပွဲမှာ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ “ ကောင်းမှုလုန်စေတီတော်ပွဲက ၃ နှစ်တစ်ကြိမ်ကျင်းပတာပါ ၊ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ တိုင်းခမ်းတီရိုးရာဆင်ပွဲကျင်းပတာကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပထမအကြိမ်ဖြစ်လို့ အခုနှစ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခု နှစ်ပေါင်း ၂၃၂၀ ပြည့် ကောင်းမှုလုန်စေတီပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိကျင်းပမယ်”လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစောဝ်နွဲ့ထွန်းနိုင်ကပြောပါတယ်။ ပွဲတော်မှာ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေ၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ ၊ ထမင်းနှဲထိုးပြိုင်ပွဲ၊ တိုင်းခမ်းတီရိုးရာ လှေပြိုင်ပွဲတွေ၊ မြင်းပြိုင်ပွဲတွေပါဝင်ပြီး မိုးညှင်း၊ မိုးကောင်း၊ မူဆယ်၊ နမ့်ခမ်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊…

Read More

ရသေ့တောင်၊ သောင်းဒရားရွာအနီး မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့

ရသေ့တောင်၊ သောင်းဒရားရွာအနီး မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ ရသေ့တောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာ နဲ့ ထီးစွဲကျေးရွာအကြားမှာ မနေ့က ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အဲ့ဒီဒေသခံနဲ့ ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။ ” တပ်မတော်ဖက်က ဇက်ရေယာဉ်တစ်စီးနဲ့ နေဗီတစ်စီး ၆ နာရီလောက်က တက်လာတယ်။ အဲဒါမှာ သောင်းဒရားနဲ့ ထီးစွဲကြားမှာ တိုက်ပွဲဖြစ်ကြတယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး မီးတောက်တွေပုံစံ ပေါက်ကွဲမှုတွေကို မြင်ရတယ်လို့လည်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” တိုက်ပွဲကျနေတယ်။ ဒီဖက်မှာ သောင်းဒရားချောင်းဝအနီးမှာ ထင်တယ်။ ဇက်နဲ့ တိုက်ကြတာထင်တယ်။ အောက်ကျောင်းတောင်ဖက်မှာလည်း…

Read More

ကျောက်စိမ်းဘုရားဈေးဆိုင်ခန်းတွေကို စည်ပင်သာယာဈေးအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒပြ

ကျောက်စိမ်းဘုရားဈေးဆိုင်ခန်းတွေကို စည်ပင်သာယာဈေးအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒပြ အမရပူရ၊ဖေဖော်ဝါရီ ၆-၂၀၂၀ မောင်တာရာ(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်ရွာ/မြင်းမှူးကျေးရွာအနီးရှိ ဝေရောစန ကျောက်စိမ်းစေတီတော် ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေကို နိုင်ငံတော်ပိုင် စည်ပင်သာယာဈေးအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့နေ့လယ်ပိုင်းက ဈေးသူ၊ဈေးသားတွေအပါအဝင် လူ ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။ ”ခရိုနီသူဌေးတစ်ဦးက စနစ်တကျ စီမံပြီးတော့မှ ဥပဒေမဲ့နိုင်ငံတော်ကို အခွန်မဆောင်၊ နိုင်ငံတော်ကို ခွင့်ပြုချက်မတင်ဘဲနဲ့ ပြည်သူတွေကို ဆိုင်ခန်းတွေဆောက်ပြီးတော့မှ၊ ဘုရားကိုအမှီပြုပြီးတော့မှ စီးပွားရှာနေတဲ့ဟာက နိုင်ငံတော်အတွက် အကျိုးမရှိတဲ့ရလာဘ်တွေ မြင်တဲ့အတွက် ပြည်သူတွေလည်း အဆင်ပြေအောင်၊ သာသနာလည်းမညိုးနွမ်းအောင်၊ ဒီဈေးကြီးကိုလည်း စည်ပင်ပိုင်၊နိုင်ငံတော်ပိုင် အခွန်ရတဲ့ ဈေးကြီးဖြစ်အောင်၊ ဒီဘုရားကို နိုင်ငံတော်ကနေ စီမံကွပ်ကဲအုပ်ချုပ်ပြီးတော့မှ တိကျမှန်ကန်တဲ့ ဈေးတန်းဖြစ်ရေးကို ကျွန်တော်တို့က တောင်းဆိုခြင်းဖြစ်ပါတယ်”လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးလေးနိုင်က ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာလမ်းတစ်လျှောက်မှာတော့ ဘုရားကြီးဈေးဆိုင်ခန်းတွေအား တရားဥပဒေစိုးမိုးရေး -ဒို့ အရေး၊…

Read More

ရသေ့တောင်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်

ရသေ့တောင်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင် ရသေ့တောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့အေအေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ပွဲတွေအတွင်း အနီးအနားကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါး ဘေးလွှတ်ရာသို့ထွက်ပြေး တိမ်းရှာင်နေကြရတာဆိုရင် ယနေ့အထိဖြစ်နေတယ်လို့ ဒေသခံကျေးရွာသားတွေဆီကနေ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်သူတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ တိုက်ပွဲမရှိတဲ့ ရွာတွေကို ထွက်ပြေးခိုလံှုကြတယ်လို့ သိရပါတယ်။ ” တိုက်ပွဲဖြစ်တဲ့အပြင် အခုပြေးနေကြရတယ်။ ဘယ်ရွာတွေက ပြေးနေကြလဲဆိုတာမသိဘူး ပြေးနေကြရတာတွေရှိတယ်။” လို့ သမီးလှရွာသစ်ကျေးရွာက ဦးလုံးယေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ဒေသက ကျေးရွာတွေဖြစ်တဲ့ သမီးလှကျေးရွာအုပ်စုနဲ့ စဖိုကျွန်းအုပ်စုတို့ကနေ ဒေသခံပြည်သူ ၂၀၀၀ နီးပါးဟာ ထွက်ပြေးနေကြတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ” လွန်ခဲ့တဲ့ သုံးရက်လောက်က တပ်မတော်နဲ့…

Read More
VOM News

FREE
VIEW