ရခိုင်နဲ့ ချင်းပြည်နယ်က အင်တာနက်လိုင်းဖြတ်တောက်မှု ရပ်ဆိုင်းဖို့ ရခိုင်ပြည်နယ် မြို့သုံးမြို့မှာ ဆန္ဒပြတောင်းဆို စစ်တွေ၊ ဖေဖော်ဝါရီ ၂၂- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒီကနေ့ ၁၀ နာရီလောက်က ရခိုင်ပြည်နယ်၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့မြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်မှုတွေ ချက်ချင်းရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုဆန္ဒပြတဲ့ စစ်တွေဆန္ဒပြပွဲမှာ ကျောင်းသားသမဂ္ဂအပါအဝင် ဒေသခံပြည်သူ ၃၀၀ လောက်ပါဝင် လှူပ်ရှားခဲ့တာ ဖြစ်ပါတယ်။ အင်တာနက်လိုင်းဖြတ်တောက်မှု ချက်ချင်းရပဆိုင်းရေးနဲ့ ပတ်သတ်ပြီး ဆန္ဒပြအဖွဲ့မှာပါဝင်တဲ့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ခေါင်းဆောင် ကိုသန်းလှက” အင်တာနက်ပိတ်ထားခြင်းအားဖြင့် မြေပြင်မှာပကတိဖြစ်နေတဲ့ အကြောင်းအရာတွေကို လူတွေသိခွင့်မရှိဘူး။ နိုင်ငံတကာကလည်း သိခွင့်မရဘူး။ အဲ့ဒီအပေါ်မှာ မသမာတဲ့သူတွေက ဒီအင်တာနက်ဖြတ်တောက်ထားတာကို အခွင့်ကောင်းယူပြီး…
Read MoreMonth: February 2020
အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိတော့မယ်
အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိတော့မယ် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား ခုနှစ်ရက်ကြာ အကြမ်းဖက်လျှော့ချရေး သဘောတူညီချက်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီလို ကနဦးသဘော တူညီချက်ဟာ ရှည်လျားတဲ့ ငြိမ်းချမ်းရေးခရီးအတွက် အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောပါတယ်။ တစ်ကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ဆယ်စုနှစ်နှစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ဋိပက္ခအဆုံးသတ်ရေးအတွက် ပထမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို နှစ်ဘက်လက်မှတ်ရေးထိုးသွားမယ်လို့ သူကပြောပါတယ်။ အာဖဂန်နစ္စတန်မှ နိုင်ငံခြားတပ်ဖွဲ့ဝင်အားလုံးရုပ်သိမ်းခြင်းနဲ့ အတူ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်မယ့် သဘောတူညီချက် လက်မှတ်မရေးထိုးမီ သင့်တော်တဲ့ လုံခြုံရေးအခြေအနေတစ်ရပ်ကို ဖန်တီးသွားမယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့အကြား သဘောတူညီမှုကို နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတင်ဘတ်က ကြိုဆိုလိုက်ပြီး ဒါဟာ တာလီဘန်တို့ရဲ့ အကြမ်းဖက်မှုလျှော့ချရေးနဲ့ ငြိမ်းချမ်းရေးလိုလားမှုကို စမ်းသပ်တဲ့ အရေးပါတဲ့…
Read Moreစစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီနဲ့ ဆောက်မယ်
စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီနဲ့ ဆောက်မယ် ရန်ကုန်-ဖေဖေါ်ဝါရီ ၂၂-၂၀၂၀ စွဲ့ဝတီ(VOM) စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JIKA) အကူအညီနဲ့ ဆောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက သန်လျင်မြို့နယ်၊ သန်လျင်တံတားအမှတ်(၁)၊ သန်လျင်ဘက်ခြမ်း တံတားအဆင်းမှာ ဒီကနေ့ နံနက်က ပြုလုပ်ခဲ့တဲ့ သန်လျင်-သီလဝါ လမ်းမကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အဲလို ဆောက်လုပ်ရာမှာ ADB ဘဏ်ရဲ့ အကူအညီနဲ့ ဒေါ်လာ သန်း၅၀၀ကျော် အသုံးပြုပြီးတော့ ကမာစဲကနေ ကျိုက်ထို အမြန်လမ်းကို စဆောက်ဖို့ ညှိုနှိုင်းနေပြီးတော့ အဲ့ဒီနေရာမှာ စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျိုက်ကာ အကူအညီနဲ့ ဆောက်လုပ်သွားမှာဖြစ်လို့ သိရပါတယ်။ “မော်လမြိုင် ကျိုက်ထိုကလာရင် ရန်ကုန်မြို့ကို ဖြတ်လမ်းတစ်လမ်းဖြစ်ပါတယ်။ သန်လျင်မြို့ကို ဖြတ်မှာဖြစ်တဲ့အတွက် သန်လျင်မြို့ကြီးသည် ဘယ်လောက်ထိ…
Read Moreမြန်မာ-နီပေါဆက်ဆံရေး နှစ်(၆၀)ပြည့် နဲ့ နီပေါခရီးသွားနှစ် (၂၀၂၀)မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ
မြန်မာ-နီပေါဆက်ဆံရေး နှစ်(၆၀)ပြည့် နဲ့ နီပေါခရီးသွားနှစ် (၂၀၂၀)မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ မန္တလေး၊ ဖေဖော်ဝါရီ ၂၂-၂၀၂၀ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ၊ မန္တလေးတိုင်းကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှာ ဒီကနေ့မနက်ပိုင်းက မြန်မာ-နီပေါဆက်ဆံရေး နှစ်(၆၀)ပြည့် နဲ့ နီပေါခရီးသွားနှစ် (၂၀၂၀)မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင် နီပေါသံအမတ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဒု-၀န်ကြီး၊ မန္တလေးတိုင်းအစိုးရအဖွဲ့၀င်၀န်ကြီးအချို့နဲ့ ခရီးသွားလာရေး၀န်ဆောင်မှုကုမ္ပဏီများတက်ရောက်ခဲ့ကြပါတယ်။ #VOM #voiceofmyanmar #မန္တလေး #မြန်မာနီပေါဆက်ဆံရေး #နှစ်၆၀ပြည့် Zawgyi မြန်မာ-နီပေါဆက်ဆံရေး နှစ်(၆၀)ပြည့် နဲ့ နီပေါခရီးသွားနှစ် (၂၀၂၀)မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ မန္တလေး၊ ဖေဖော်ဝါရီ ၂၂-၂၀၂၀ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ၊ မန္တလေးတိုင်းကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှာ ဒီကနေ့မနက်ပိုင်းက မြန်မာ-နီပေါဆက်ဆံရေး နှစ်(၆၀)ပြည့် နဲ့ နီပေါခရီးသွားနှစ် (၂၀၂၀)မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။…
Read Moreနေပြည်တော် ပျဉ်းမနားမှာ ဗစ်တိုးရီးယားအတွက် ဆန္ဒပြ
Read Moreစစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ယာဉ်တိုက်မှု ကြောင့်သေဆုံး
စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ယာဉ်တိုက်မှု ကြောင့်သေဆုံး လှည်းကူး ဖေဖော်ဝါရီ ၂၂-၂၀၂၀ ဝေဇင်ကြည်(VOM) ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု မင်းလွင်ကုန်းကျေးရွာအနီး ပဲခူး-ရန်ကုန်ကားလမ်း လမ်းလယ်ကျွန်းအမှတ် (၂၃၁)အနီးမှာ မနေ့ ဖေဖော်ဝါရီ ၂၁ရက် ည ၁၀နာရီဝန်းကျင်က စစ်ဆေးရေးဂိတ်မှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ယာဉ်တိုက်မှု ကြောင့်သေဆုံးခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူမှာ လှည်းကူးမြို့နယ် ဒါးပိန်နယ်မြေရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးဖြစ်ပြီး မင်းလွင်ကုန်းစစ်ဆေးရေးဂိတ်မှာလုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့အချိန်မြေသယ်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ‟မြေသယ်ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ရဲအရာရှိတစ်ဦးသေဆုံးသွားတယ်ဆိုတာဟုတ်ပါတယ်လမ်းလယ်ကျွန်းမှာ ကားကကွေ့နေတာကို နောက်က ဆိုင်ကယ်ကဝင်တိုက်လိုက်လို့ အဲဒီအရာရှိကို ဆေးရုံပို့ဆောင်နေတုန်းမှာဘဲ သေဆုံးသွားတာပါလို့” ယာဉ်အမှုစစ်ရဲအုပ် အောင်လှိုင်ထွန်းကပြောပါတယ်။ မင်းလွင်ကုန်းပူးပေါင်းစစ်ဆေးရေးဂိတ်အလှည့်ကျတာဝန်ထမ်းဆောင်နေသူ အသက်(၃၅)နှစ်ရှိ ဒုရဲအုပ်အောင်ကြည်စိုးလ-၂၁၄၅၀ ဟာ မင်းလွင်ကုန်းကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး လမ်းလယ်ကျွန်းအမှတ်(၂၃၀)နဲ့(၂၃၁)ကြားမှာ လားရာတူ လှည်းကူးမြို့နယ်မင်းလွင်ကုန်းကျေးရွာနေ ဦးလှထွန်းရဲ့သားအသက်(၂၂)နှစ်ရှိ အောင်ကျော်ဆန်းမောင်းနှင်လာတဲ့ YGN 4I-1539 FORLAND အဖြူရောင်ယာဉ်မှ တစ်ဖက်ယာဉ်ကြောသို့…
Read Moreကျောက်တော်မြို့ထဲ တပ်မတော်စစ်ကြောင်း ရောက်ပြီးနောက် တိတ်ဆိတ်သွား
ကျောက်တော်မြို့ထဲ တပ်မတော်စစ်ကြောင်း ရောက်ပြီးနောက် တိတ်ဆိတ်သွား ကျောက်တော်၊ ဖေဖော်ဝါရီ ၂၂- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲကို ဖေဖေါ်ဝါရီ၂၁ရက်နေ့ ညနေ ၃ နာရီလောက်က တပ်မတော်စစ်ကြောင်းတစ်ခုဝင်လာပြီး မြို့ထဲမှာစစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်မှုရှိကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ ကျောက်တော်မြို့ပေါ် လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီး တစ်ဦးက” အခု ကျောက်တော်မြို့ထဲမှာ တေဘာကားအဝါနဲ့ စစ်ကားနှစ်စီး ဝင်လာတယ်။ အခုမြို့ထဲမှာ လူကြီးလူငယ် လက်ကိုနောက်ပြန်ကြိုး ချည်ပြီးဖမ်းထားတာ အယောက် ၃၀ လောက်ရှိပြီ။ အစကတော့ ကမ္ဘာ့ရတနာဘဏ်နားမှာဖမ်းတာ။ အခုကမ်းနားလမ်းဖက်ကို ရောက်သွားပြီလို့ ကြားတယ်။ ကမ်းနားလမ်းဖက်က လူတွေကို ဖမ်းတယ်လို့ပြောတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှု ရှိတာပေါ့။ အခုက ကြိုးနဲ့ချည်တာ တစ်ခုတည်းပဲ ရှိတယ်။ နောက်တော့ ဘယ်လို လုပ်လာမလဲ မသိသေးဘူး။” လို့ ပြောပါတယ်။ အခုလိုမျိုး…
Read Moreသီတဂူဆရာတော်ဘုရားကြီးပုံစံတူကြေးရုပ်ထု သွန်းလောင်း၍ ထားရှိပူဇော်သွားမည်
သီတဂူဆရာတော်ဘုရားကြီးပုံစံတူကြေးရုပ်ထု သွန်းလောင်း၍ ထားရှိပူဇော်သွားမည် မန္တလေး ဖေဖော်ဝါရီ ၂၁ -၂၀၂၀ မောင်တာရာ(VOM) သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွေရဲ့ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ပုံစံတူကြေးရုပ်ထု ကို သွန်းထုပြီး စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းမှာ ထားပူဇော်သွားမယ်လို့ သိရပါတယ်။ သီတဂူဆရာတော်ဘုရားကြီး ပုံစံတူကြေးရုပ်ထုကို မန္တလေးမြို့၊တမ္ပဝတီရပ်မှ ” ပြည့်ဝ” မြန်မာမှု ကြေးသွန်းလုပ်ငန်းကနေ တာဝန်ယူ ထုလုပ်နေပြီး လက်ရှိမှာ ကြေးသွန်းလောင်ပြီးစီးခဲ့ပြီး အချောကိုင်ခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ”ဒီနေ့က စပြီး သီတဂူ ဆရာတော်ဘုရားကြီးရဲ့ကြေးသွန်းရုပ်ထုကို အချောကိုင်နေပါပြီ၊ ပုံကြမ်းစတာ ၂၀၁၉ အောက်တိုဘာလက စတာ လက်ရှိအဆင့်ထိဆို ၅ လလောက်ကြာသွားပြီ၊ ကြေးသွန်းလောင်းတာ မနေ့ကမှ ကြေးသွန်းလောင်ပြီးသွားတယ်၊တပေါင်းလဆန်း တစ်ရက်နေ့ စစ်ကိုင်းကို အရောက်…
Read Moreမန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။
မန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။ နေပြည်တော်မှာ ပထမဦးဆုံး အကြီမ် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ သတင်းပါ ။ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၇၂၊ အခန်း (၁၆)က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ ဒီကနေ့မနက်ပိုင်းက အဲယာကွန်းအပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့တွက်ချက်နေဆဲ ဖြစ်တဲ့သတင်း။ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိကို ရန်ကုန်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိကို ရည်ညွန်းဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေတဲ့ စောင့်ကြည့်လူနာ ၁ ဦးသာရှိတယ်လို့ သိရပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိလူနာ ထပ်မံတွေ့ရှိလာပါက ပိုးရှိ မရှိကို ရန်ကုန်မှာတင် စစ်ဆေးနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဟာ မနေ့ကအထိ တရုတ်နိုင်ငံမှာ ရောဂါအတည်ပြုလူနာ…
Read MoreOutbound Tours ကုမ္ပဏီတည်ထောင်မယ်ဆိုပါက စပေါ်ငွေ တင်ရမယ်
Outbound Tours ကုမ္ပဏီတည်ထောင်မယ်ဆိုပါက စပေါ်ငွေ တင်ရမယ် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပြည်ပခရီးသွားလုပ်ငန်း(Outbound Tours) ကုမ္ပဏီတည်ထောင်မယ်ဆိုရင် စပေါ်ငွေ(Deposit) ကျပ်သိန်း ၁၀၀ တင်သွင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို ဒီနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး မီဒီယာနဲ့တွေ့ဆုံရာမှာ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောတာပါ။ “အဓိကရည်ရွယ်ချက်ကတော့ Outbound Tours တွေက တစ်ဖက်နိုင်ငံကို ဧည့်သည်ပို့တယ်၊ ဟိုဘက်နိုင်ငံမှာ ပြဿနာရှိခဲ့တာမျိုး ရှိတယ်၊ တချို့ကြတော့ ဟိုဘက်နိုင်ငံမှာ Travel Agent အဖြစ် ဒီမှာလိုင်စင်ယူပြီး လူတွေကို သွားလိုက်တယ်၊ ဟိုဘက်နိုင်ငံရောက်တော့ အလုပ်လုပ်ဖို့ ဖြစ်သွားတယ်၊ ဒါမျိုးတွေ ရှိလာတယ်၊ ဥပဒေကို လက်တလုံးခြား လုပ်တဲ့ကိစ္စတွေ ရှိလာတဲ့အခါကြတော့ ကျွန်မတို့က သေသေချာချာ…
Read More