မြောက်ဦးက ဒဏ်ရာရသူ ၁၀ ဦးထဲက ပြင်းထန်တဲ့ သုံးယောက် စစ်တွေဆေးရုံရောက်ရှိ

မြောက်ဦးက ဒဏ်ရာရသူ ၁၀ ဦးထဲက ပြင်းထန်တဲ့ သုံးယောက် စစ်တွေဆေးရုံရောက်ရှိ

မြောက်ဦး၊ မတ် ၁-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ မနက်ပိုင်းက တပ်မတော်ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံလိုက်ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သာား ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

အဲ့ဒီဒဏ်ရာရရှိခဲ့သူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို မနေ့ကညနေပိုင်းမှာ စစ်တွေဆေးရုံကိုပို့ဆောင်ပေးခဲ့ရပြီး အရေးပေါ်ခွဲစိပ်ကုသမှုတွေပြုလုပ်ခဲ့ရတယ်လို့ မိသားစုတွေဆီကနေသိရပါတယ်။

“ဒဏ်ရာရတာက ကျွန်တော်အစ်ကိုနဲ့ မရီးပါ။ သူတို့လင်မယားက တိုက်ပွဲဖြစ်ပြီးလို့ မိနစ်နှစ်ဆယ်လောက်ကြာမှ ထမင်းချက်မယ်ဆိုပြီး အိမ်ပေါ်ကိုတက်သွားတာ။ အဲ့ဒီမှာ လက်နက်ကြီးပစ်သံကြားလိုက်ရတယ်။ အဲ့ဒီကျည်က ထမင်းချက်ခန်းနားက ကွမ်းသီးပင်မှာလာကျပြီး သူတို့လင်မယားနှစ်ယောက်လုံး ထိခိုက်ဒဏ်ရာရခဲ့တာပါ။”လို့ တန်းပျင်းကြီးကျေးရွာက ဒဏ်ရာရရှိခဲ့တဲ့ ဦးအောင်သိန်းရွှေရဲ့ညီ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

မနေ့ကမနက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တန်းပျင်းကြီးကျေးရွာက လင်မယားနှစ်ယောက်၊ လေးမြို့စားကျေးရွာကတစ်ယောက်၊ မြောင်းဘွေချေကျေးရွာက အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့ပြီး ဘူးတစ်လုံးကျေးရွာက မွတ်ဆလင် သုံးယောက်သေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ပြီး တံတားအလုပ်သမားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

“ကျွန်မယောက်ျားက ဥယျဉ်ခင်းနားမှာ မီးလောင်နေလို့ သွားကြည့်တာပါ။ အဲ့ဒီလမ်းမှာ ပစ်သံကြားလို့ အိမ်ကိုပြန်လာဖို့အတွက် နောက်အလှည့်မှာ ကျောကိုထိသွားတာပါ။ အခုလိုမျိုး အပြစ်မဲ့တဲ့သူတွေ ထိခိုက်ဒဏ်ရာရတာတွေကိုတော့ မဖြစ်စေချင်ဘူး။”လို့ လေးမြို့စားကျေးရွာက ဒဏ်ရာရရှိခဲ့တဲ့ ဦးညွှန့်ဝင်းရဲ့ ဇနီး ဒေါ်မသိန်းရွှေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းကနေ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် အရပ်သားသေဆံုံးမှု ၁၀၀ ကျော်လာနေပြီဖြစ်ကာ ဒဏ်ရာရရှိသူအရေအတွက်ဟာလည်း ၂၀၀ နီးပါးအထိမြင့်တက်လာနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၁၂၈၄၃၅ ဦးအထိ ရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မြောက်ဦး

zawgyi

ေျမာက္ဦးက ဒဏ္ရာရသူ ၁၀ ဦးထဲက ျပင္းထန္တဲ့ သံုးေယာက္ စစ္ေတြေဆးရံုေရာက္ရွိ

ေျမာက္ဦး၊ မတ္ ၁-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခို္င္ျပည္နယ္ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔ မနက္ပိုင္းက တပ္မေတာ္ယာဥ္တန္းတစ္ခု တိုက္ခိုက္ခံလိုက္ရၿပီး အျပန္အလွန္ပစ္ခတ္မႈေတြေၾကာင့္ အရပ္သာား ၄ ဦးေသဆံုးခဲ့ၿပီး ၁၀ ဦးခန္႔ ဒဏ္ရာေတြရရွိခဲ့ၾကပါတယ္။

အဲ့ဒီဒဏ္ရာရရွိခဲ့သူေတြထဲက ဒဏ္ရာျပင္းထန္တဲ့ အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတုိ႔ကို မေန႔ကညေနပိုင္းမွာ စစ္ေတြေဆးရံုကိုပို႔ေဆာင္ေပးခဲ့ရၿပီး အေရးေပၚခြဲစိပ္ကုသမႈေတြျပဳလုပ္ခဲ့ရတယ္လို႔ မိသားစုေတြဆီကေနသိရပါတယ္။

“ဒဏ္ရာရတာက ကၽြန္ေတာ္အစ္ကိုနဲ႔ မရီးပါ။ သူတုိ႔လင္မယားက တိုက္ပြဲျဖစ္ၿပီးလို႔ မိနစ္ႏွစ္ဆယ္ေလာက္ၾကာမွ ထမင္းခ်က္မယ္ဆိုၿပီး အိမ္ေပၚကိုတက္သြားတာ။ အဲ့ဒီမွာ လက္နက္ႀကီးပစ္သံၾကားလိုက္ရတယ္။ အဲ့ဒီက်ည္က ထမင္းခ်က္ခန္းနားက ကြမ္းသီးပင္မွာလာက်ၿပီး သူတုိ႔လင္မယားႏွစ္ေယာက္လံုး ထိခိုက္ဒဏ္ရာရခဲ့တာပါ။”လို႔ တန္းပ်င္းႀကီးေက်းရြာက ဒဏ္ရာရရွိခဲ့တဲ့ ဦးေအာင္သိန္းေရႊရဲ႕ညီ ဦးေအာင္ေက်ာ္ဝင္းက ေျပာပါတယ္။

မေန႔ကမနက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့တုိက္ပြဲအတြင္း တန္းပ်င္းႀကီးေက်းရြာက လင္မယားႏွစ္ေယာက္၊ ေလးၿမိဳ႕စားေက်းရြာကတစ္ေယာက္၊ ေျမာင္းေဘြေခ်ေက်းရြာက အမ်ိဳးသမီးတစ္ဦး ႏွလုံးရပ္ေသဆံုးခဲ့ၿပီး ဘူးတစ္လံုးေက်းရြာက မြတ္ဆလင္ သံုးေယာက္ေသဆံုးကာ ၆ ဦးဒဏ္ရာရရွိခဲ့ၿပီး တံတားအလုပ္သမားတစ္ဦးလည္း က်ည္ထိမွန္ဒဏ္ရာရရွိခဲ့တာပါ။

“ကၽြန္မေယာက္်ားက ဥယ်ဥ္ခင္းနားမွာ မီးေလာင္ေနလို႔ သြားၾကည့္တာပါ။ အဲ့ဒီလမ္းမွာ ပစ္သံၾကားလို႔ အိမ္ကိုျပန္လာဖုိ႔အတြက္ ေနာက္အလွည့္မွာ ေက်ာကိုထိသြားတာပါ။ အခုလိုမ်ိဳး အျပစ္မဲ့တဲ့သူေတြ ထိခိုက္ဒဏ္ရာရတာေတြကိုေတာ့ မျဖစ္ေစခ်င္ဘူး။”လို႔ ေလးၿမိဳ႕စားေက်းရြာက ဒဏ္ရာရရွိခဲ့တဲ့ ဦးညႊန္႔ဝင္းရဲ႕ ဇနီး ေဒၚမသိန္းေရႊက ေျပာပါတယ္။

ရခုိင္ျပည္နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အေစာပိုင္းကေန တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တုိက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့အတြက္ အရပ္သားေသဆံံုးမႈ ၁၀၀ ေက်ာ္လာေနၿပီျဖစ္ကာ ဒဏ္ရာရရွိသူအေရအတြက္ဟာလည္း ၂၀၀ နီးပါးအထိျမင့္တက္လာေနၿပီး ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္အေရအတြက္ဟာ ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ ၁၂၈၄၃၅ ဦးအထိ ရွိလာေနၿပီလို႔ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး REC က ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #ေျမာက္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW