မြောက်ဦးက ဒဏ်ရာရသူ ၁၀ ဦးထဲက ပြင်းထန်တဲ့ သုံးယောက် စစ်တွေဆေးရုံရောက်ရှိ
မြောက်ဦးက ဒဏ်ရာရသူ ၁၀ ဦးထဲက ပြင်းထန်တဲ့ သုံးယောက် စစ်တွေဆေးရုံရောက်ရှိ မြောက်ဦး၊ မတ် ၁-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ မနက်ပိုင်းက တပ်မတော်ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံလိုက်ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သာား ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲ့ဒီဒဏ်ရာရရှိခဲ့သူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို မနေ့ကညနေပိုင်းမှာ စစ်တွေဆေးရုံကိုပို့ဆောင်ပေးခဲ့ရပြီး အရေးပေါ်ခွဲစိပ်ကုသမှုတွေပြုလုပ်ခဲ့ရတယ်လို့ မိသားစုတွေဆီကနေသိရပါတယ်။ “ဒဏ်ရာရတာက ကျွန်တော်အစ်ကိုနဲ့ မရီးပါ။ သူတို့လင်မယားက တိုက်ပွဲဖြစ်ပြီးလို့ မိနစ်နှစ်ဆယ်လောက်ကြာမှ ထမင်းချက်မယ်ဆိုပြီး အိမ်ပေါ်ကိုတက်သွားတာ။ အဲ့ဒီမှာ လက်နက်ကြီးပစ်သံကြားလိုက်ရတယ်။ အဲ့ဒီကျည်က ထမင်းချက်ခန်းနားက ကွမ်းသီးပင်မှာလာကျပြီး သူတို့လင်မယားနှစ်ယောက်လုံး ထိခိုက်ဒဏ်ရာရခဲ့တာပါ။”လို့ တန်းပျင်းကြီးကျေးရွာက ဒဏ်ရာရရှိခဲ့တဲ့ ဦးအောင်သိန်းရွှေရဲ့ညီ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။ မနေ့ကမနက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တန်းပျင်းကြီးကျေးရွာက လင်မယားနှစ်ယောက်၊ လေးမြို့စားကျေးရွာကတစ်ယောက်၊…
Read More
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို စစ်တွေ၊ မတ် ၁၊ ၂၀၂၀ ခိုင်လင်းစံ(VOM) လက်ရှိရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ၂၅ ရက်ကြာ တစ်ဖက်သက်အပစ်အခတ်ရပ်ဆိုင်းရေး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မတ်လ ၁ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိ တစ်ဖက်သက်အပစ်ရပ်သက်တမ်းကာလ ထပ်မံတိုးရတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက်ဖြစ်ကြောင်း အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက VOM သို့ပြောပါတယ်။ ” ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်နဲ့ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ဖက်က ၂၅ ရက်ထပ်ပြီးတိုးထားတာ။ အခုက ကျနော်တို့ နောက်တစ်ကြိမ်တွေ့ဆုံနိုင်ဖို့ ညှိနိုင်းနေတာတွေရှိတယ်။ ဒါပေမယ့်ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။” လို့ သူကပြောပါတယ်။ အေအေအပါအဝင် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့…
Read More
အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ မော်လူးမြို့မှာ ဆန္ဒပြ
အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ မော်လူးမြို့မှာ ဆန္ဒပြ မတ် ၁-၂၀၂၀ ငြိမ်းသူမင်း(VOM) မော်လူးမြို့ မင်းချမ်းသာ ရပ်ကွက်မှာရှိတဲ့ ဒေါ်ခင်စန်းရွှေ ပိုင်ဆိုင်တဲ့ မြေ ဧက ဒသမ ၆၈ ဧက အပေါ်မှာ မော်လူးမြို့အစိုးရက စုပေါင်းရုံး တည်ဆောက်ဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး မြေကွက်ပိုင်ရှင် ဦးဆောင်တဲ့ အဖွဲ့က ဒီကနေ့ မနက်က အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး အရေးယူပေးရေး ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော်တဲ့ အခါမှာ တရားဥပဒေမဲ့ အဓမ္မအနိုင်ပြုကျင့်နေတဲ့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ကို အချိန်နဲ့ တပြေးညီ အရေးယူပေးပါ ၊ဖိနှိပ်မှုတွေ အားလုံး ချက်ခြင်းရပ်၊မတရားမှုတွေ အားလုံး ချက်ခြင်းရပ်၊ တရားမဲ့ အနိုင်ကျင့်သူ ငါတို့ရန်သူ၊အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ချက်ခြင်းဖြုတ် ၊တရားဥပဒေ စိုးမိုးရေး ပြည်သူ့အရေး ၊အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေ နဲ့…
Read More
မူဆယ်မြို့နယ်က စက်သုံးဆီပန့်ဆိုင် ကားဝင်တိုက်လို့ မီးလောင်
မူဆယ်မြို့နယ်က စက်သုံးဆီပန့်ဆိုင် ကားဝင်တိုက်လို့ မီးလောင် မူဆယ် ၊မတ်လ ၁-၂၀၂၀ ဖြူဖြူဖွေး(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပန်းကျေး ရွာအုပ်စု ကောင်းခန့်ကျေးရွာ ကျင်းစန်းကျော့ ၁၀၅ မိုင် ကားလမ်းဘေးက စက်သုံးဆီအရောင်းဆိုင်ကို မတ်လ ၁ ရက်နေ့ ၁၀ နာရီ ၄၀ မိနှစ်ခန့်က ၆ ဘီးယာဉ် တစ်စီးက ဘရိတ်ပေါက်ပြီး ဝင်ရောက်တိုက်မိရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဆဲဗင်းဟွာကျင်း စက်သုံးဆီဆိုင်ကို ၁၀၅ မိုင် မိုင်းယုကျေးရွာဘက်ကနေ ကောင်းခန့်ကျေးရွာဘက်ကို မောင်းလာတဲ့ ကန်တာ ၆ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ကာ ဝင်ရောက်တိုက်ခဲ့ရာမှ မီးစတင်လောင်ခဲ့တယ်လို့ မူဆယ်မြို့မရဲစခန်းမှသိရပါတယ်။ “ ကျွန်တော်တို့မီးသတင်းကိုရရချင်း သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦး အရန်တပ်ဖွဲ့ဝင် ၃၀ ဦး မီးသတ်အုပ်ချုပ်ရေးမှူးယာဉ် ၁ စီး ၊ မီးသတ်ယာဉ် ၃…
Read More
ဝါယာကြိုးအပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားလို့ နေအိမ်(၁၁)လုံး မီးလောင်
Read More
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက် မလိုက်နာသူတွေကို ဒါဏ်ရိုက်၊ ထောင်ချတော့မယ်
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက် မလိုက်နာသူတွေကို ဒါဏ်ရိုက်၊ ထောင်ချတော့မယ် ဘန်ကောက်၊ မတ်-၁-၂၀၂၀ မျိုးဆက် (VOM) ထိုင်းအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကို အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်မှာ သတ်မှတ်ကြေညာလိုက်သည်။ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် ပိုမိုတင်းကြပ်တဲ့ အကောင်အထည်ဖော်မှုတွေကို မတ် ၁ ရက်ကနေစပြီး အင်ပြည့်အားပြည့်ဆောင်ရွက်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်သူတွေနဲ့ ခရီးသွားလာခဲ့တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ပေဖို့ ပျက်ကွက်သူတွေကို ဒါဏ်ငွေသို့မဟုတ် ထောင်ဒါဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ ဘယ်လိုပင်ရှိရှိ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှ ပြန်လာသူတွေကို မိမိကိုယ်တိုင် ၁၄ ရက်သီးခြားနေထိုင်ကြဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပြီးဖြစ်ပါတယ်။ အစိုးရက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ အန္တရာယ်ရှိတဲ့ နိုင်ငံတွေနဲ့ ဒေသတွေကနေ ပြန်လာသူတွေကို ၁၄ရက်ကြာ သီးခြားနေထိုင်ဖို့ ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို အထောက်အကူပြုဖွယ်ရှိပါတယ်။…
Read More
ပဲခူးမြို့မရဲစခန်းကနေ အချုပ်သားအမျိုးသမီးနှစ်ဦးထွက်ပြေး
ပဲခူးမြို့မရဲစခန်းကနေ အချုပ်သားအမျိုးသမီးနှစ်ဦးထွက်ပြေး ပဲခူး မတ် ၁-၂၀၂၀ ဝေဇင်ကြည် (VOM) ပဲခူးတိုင်း ပဲခူးမြို့မရဲစခန်းမှာ ဒီနေ့မတ်လ ၁ရက်နံက် ၇နာရီဝန်းကျင်က အချုပ်သားအမျိုးသမီးနှစ်ဦး သံတိုင်ဖြတ်ပြီးထွက်ပြေးခဲ့ပါတယ်။ တဦးကတော့ လွတ်မြောက်သွားပြီး တစ်ဦးကိုပြန်လည်ဖမ်းမိထားပြီလို့ ပဲခူးမြို့မရဲစခန်းကသိရပါတယ်။ ‟ဒီနေ့ မနက်က အခိုးခံရတဲ့ဆိုင်ကယ်တွေ မိထားတယ်လို့ သိရလို့ ပဲခူး မြို့မရဲစခန်းကိုသွားတာ အဲဒီမှာ အမျိုးသမီး အချူပ်သားနှစ်ဦးထွက်ပြေးသွားတယ်လို့ သိရတာပါ ကျနော်တို့ဒေသခံမီဒီယာတွေ စခန်းထဲတောင် ပေးမဝင်ဘူး လို့” ရဲစခန်းကိုရောက်ခဲ့တဲ့ ဒေသခံသတင်းထောက် ကိုသန်းဝင်းက VOMကိုပြောပါတယ်။ ပဲခူးမြို့မရဲစခန်းမှ မှုခင်းစာရေးအကူစာရေး ဒုတပ်ကြပ် ဇော်ဇော်ဆန်းဟာ အိမ်သာတက်ဖို့သွားရောက်ခဲ့ပြီး အမျိုးသမီးအချုပ်ခန်းနဲ့ကပ်လျက်ရေတွင်း ရေခပ်ဖို့အသွားမှာ အချုပ်ခန်းနောက်ကျောမှာ အပေါက်ဖြစ်နေတာကိုတွေ့ခဲ့ရပြီးနောက် အချုပ်ခန်းအတွင်း စစ်ဆေးကြည့်တော့ အချုပ်ခန်းရဲ့နောက်ကျော ပြတင်းပေါက်သံတိုင်ကိုသံဖြတ်လွှနဲ့လေးချက်ဖြတ်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ ထွက်ပြေးသွားတဲ့ အမျိုးသမီး အချုပ်သားနှစ်ဦးဖမ်းမိနိုင်ဖို့ လိုက်ရှာတဲ့အခါမှာတော့ လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံမှာ မချစ်ဆုဝေ ဆိုတဲ့အမျိုးသမီးကို…
Read More
VOM News
FREE
VIEW