ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို

စစ်တွေ၊ မတ် ၁၊ ၂၀၂၀
ခိုင်လင်းစံ(VOM)

လက်ရှိရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ၂၅ ရက်ကြာ တစ်ဖက်သက်အပစ်အခတ်ရပ်ဆိုင်းရေး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။

အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မတ်လ ၁ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိ တစ်ဖက်သက်အပစ်ရပ်သက်တမ်းကာလ ထပ်မံတိုးရတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက်ဖြစ်ကြောင်း အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက VOM သို့ပြောပါတယ်။

” ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်နဲ့ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ဖက်က ၂၅ ရက်ထပ်ပြီးတိုးထားတာ။ အခုက ကျနော်တို့ နောက်တစ်ကြိမ်တွေ့ဆုံနိုင်ဖို့ ညှိနိုင်းနေတာတွေရှိတယ်။ ဒါပေမယ့်ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။” လို့ သူကပြောပါတယ်။

အေအေအပါအဝင် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ အပစ်ရပ်သက်တမ်း နောက်ထပ်မံပြီး ၂၅ ရက်တာကလတိုးတာနဲ့ပတ်သက်လို့ တပ်မတော်ရဲ့သဘောထားကိုသိလိုတာကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုတာမရှိပါဘူး။

အစိုးရနဲ့ တပ်မတော်ကတော့ အေအေအဖွဲ့ကို သောင်းကျန်းသူအဖွဲ့ဆိုပြီး သတ်မှတ်ထားပြီး အေအေကတော့ ရခိုင်ပြည်နယ်အတွင်း တပ်စခန်းနေရာအခိုင်အမာ ရရှိရေးအတွက် ကြိုးစားနေတာ တွေ့ရပါတယ်။

အဲဒီအပစ်ရပ်သက်တမ်းကလတိုးတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာမဖြစ်လာခဲ့တာကြောင့် မတ်လအတွင်းမှာ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရေးကို ရှေးရှူပြီးတိုးတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးတာကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာဦးမောင်မောင်စိုး ဖြစ်ပါတယ်။

သူက” ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ တစ်ဖက်သက်အပစ်ရပ်သက်တမ်း ထပ်တိုးတာက မတ်လအတွမှာ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရေးကို စောင့်မျှော်ပြီး တိုးတာဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာမဖြစ်လာခဲ့ဆိုတော့လေ။” လို့ သုံးသပ်ပါတယ်။

အေအေအပါအဝင်၊ ကိုးကန့်( MNTJP/ MNDAA)၊ တအောင်း(PSLF/TNLA) တို့ဟာ အခုလိုမျိုး အပစ်ရပ်သက်တမ်းကာလ ထပ်မံတိုးရတဲ့အကြောင်းအရင်းမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး၊ ပြည်တွင်းစစ်မီးချုပ်ငြိမ်းစေရန်နဲ့၊ အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာစာချုပ်( Bilateral Casefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် ဆွေးနွေးပွဲတွေကို လက်တွေကျကျအကောင်အထည်ဖော်နိုင်ရေးနဲ့ တစ်ကမ္ဘာလုံးက လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကို လက်တွဲရင်ဆိုင်ကျော်ဖြတ်ဖို့ အထောက်အကူဖြစ်စေရေး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးခရီးစဉ်ဟာ မရေမရာဖြစ်နေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေဖြစ်ပွားနေတာ တွေ့နေရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း တပ်မတော်ဖက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ- Arakan army website (Google)
#voiceofmyanmar #VOM #ငြိမ်းချမ်းရေးလုပ်ငန်းစဉ် #ညီနောင်မဟာမိတ်

Zawgyi

ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ထိေရာက္စြာေဆြးေႏြးႏိုင္ေရးအတြက္ အပစ္ရပ္သက္တမ္းတိုးတာလို႔ ေအေအဆို

စစ္ေတြ၊ မတ္ ၁၊ ၂၀၂၀
ခိုင္လင္းစံ(VOM)

လက္႐ွိရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ေအေအပါဝင္တဲ႔ ညီေနာင္မဟာမိတ္သံုးဖြဲ႔က ဒီကေန႔ မတ္လ ၁ ရက္ေန႔မွာ ၂၅ ရက္ၾကာ တစ္ဖက္သက္အပစ္အခတ္ရပ္ဆိုင္းေရး ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္တာပါ။

ေအေအပါဝင္တဲ့ ညီေနာင္မဟာမိတ္သံုးဖြဲ႔က မတ္လ ၁ ရက္ေန႔ကေန မတ္လ ၂၅ ရက္ေန႔အထိ တစ္ဖက္သက္အပစ္ရပ္သက္တမ္းကာလ ထပ္မံတိုးရတာဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ထိေရာက္စြာေဆြးေႏြးႏိုင္ေရးအတြက္ျဖစ္ေၾကာင္း ေအေအျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက VOM သို႔ေျပာပါတယ္။

” က်ေနာ္တို႔က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ထိထိေရာက္ေရာက္နဲ႔ ေဆြးေႏြးႏိုင္ဖို႔အတြက္ ရည္ရြယ္ၿပီးေတာ့ က်ေနာ္တို႔ဖက္က ၂၅ ရက္ထပ္ၿပီးတိုးထားတာ။ အခုက က်ေနာ္တို႔ ေနာက္တစ္ႀကိမ္ေတြ႔ဆံုႏိုင္ဖို႔ ညႇိႏိုင္းေနတာေတြ႐ွိတယ္။ ဒါေပမယ့္ဘယ္အခ်ိန္မွာ ေတြ႔မယ္ဆိုတာ အတည္မျပဳႏိုင္ေသးဘူး။” လို႔ သူကေျပာပါတယ္။

ေအေအအပါအဝင္ ညီေနာင္မဟာမိတ္အဖြဲ႔ဝင္ေတြရဲ႕ အပစ္ရပ္သက္တမ္း ေနာက္ထပ္မံၿပီး ၂၅ ရက္တာကလတိုးတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ရဲ႕သေဘာထားကိုသိလိုတာေၾကာင့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကိုဆက္သြယ္ခဲ့ေပမယ့္ တစ္စံုတစ္ရာ မွတ္ခ်က္ေပးေျပာဆိုတာမ႐ွိပါဘူး။

အစိုးရနဲ႔ တပ္မေတာ္ကေတာ့ ေအေအအဖြဲ႔ကို ေသာင္းက်န္းသူအဖြဲ႔ဆိုၿပီး သတ္မွတ္ထားၿပီး ေအေအကေတာ့ ရခိုင္ျပည္နယ္အတြင္း တပ္စခန္းေနရာအခိုင္အမာ ရ႐ွိေရးအတြက္ ႀကိဳးစားေနတာ ေတြ႔ရပါတယ္။

အဲဒီအပစ္ရပ္သက္တမ္းကလတိုးတာဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြက ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီမွာမျဖစ္လာခဲ့တာေၾကာင့္ မတ္လအတြင္းမွာ ေနာက္တစ္ႀကိမ္ ေတြ႔ဆံုေဆြးေႏြးႏိုင္ေရးကို ေ႐ွးရႉၿပီးတိုးတာျဖစ္ႏိုင္တယ္လို႔ မွတ္ခ်က္ေပးတာကေတာ့ ႏိုင္ငံေရးေလ့လာသံုးသပ္သူ စာေရးဆရာဦးေမာင္ေမာင္စိုး ျဖစ္ပါတယ္။

သူက” ဒီေျမာက္ပိုင္းသံုးဖြဲ႔အေနနဲ႔ တစ္ဖက္သက္အပစ္ရပ္သက္တမ္း ထပ္တိုးတာက မတ္လအတြမွာ ေနာက္တစ္ႀကိမ္ ေတြ႔ဆံုေဆြးေႏြးႏိုင္ေရးကို ေစာင့္ေမ်ွာ္ၿပီး တိုးတာျဖစ္ႏိုင္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြက ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီမွာမျဖစ္လာခဲ့ဆိုေတာ့ေလ။” လို႔ သံုးသပ္ပါတယ္။

ေအေအအပါအဝင္၊ ကိုးကန္႔( MNTJP/ MNDAA)၊ တေအာင္း(PSLF/TNLA) တို႔ဟာ အခုလိုမ်ိဳး အပစ္ရပ္သက္တမ္းကာလ ထပ္မံတိုးရတဲ့အေၾကာင္းအရင္းမွာ ၂၀၂၀ ေရြးေကာက္ပြဲမွာ ၿငိမ္းခ်မ္းတဲ့ပတ္ဝန္းက်င္ကို တည္ေဆာက္ႏိုင္ၿပီး၊ ျပည္တြင္းစစ္မီးခ်ဳပ္ၿငိမ္းေစရန္နဲ႔၊ အပစ္အခတ္ရပ္ဆိုင္းေရးဆိုင္ရာစာခ်ဳပ္( Bilateral Casefire Agreement) သေဘာတူလက္မွတ္ေရးထိုးႏိုင္မယ့္ ေဆြးေႏြးပြဲေတြကို လက္ေတြက်က်အေကာင္အထည္ေဖာ္ႏိုင္ေရးနဲ႔ တစ္ကမာၻလံုးက လက္႐ွိရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္ေရာဂါကို လက္တြဲရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ အေထာက္အကူျဖစ္ေစေရး တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ၿငိမ္းခ်မ္းေရးခရီးစဥ္ဟာ မေရမရာျဖစ္ေနၿပီး တစ္နိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မွုရပ္ဆိုင္းေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ေတြနဲ႔ပါ တိုက္ပြဲေတြျဖစ္ပြားေနတာ ေတြ႔ေနရတယ္လို႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူေတြက သံုးသပ္ၾကပါတယ္။

႐ွမ္းျပည္နယ္နဲ႔ ကရင္ျပည္နယ္မွာလည္း တပ္မေတာ္ဖက္က ထိုးစစ္ဆင္တိုက္ခိုက္တာေတြ႐ွိေနတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

ဓာတ္ပံု- Arakan army website (Google)
#voiceofmyanmar #VOM #ျငိမ္းခ်မ္းေရးလုုပ္ငန္းစဥ္ #ညီေနာင္မဟာမိတ္

Related posts

Leave a Comment

VOM News

FREE
VIEW