ကျောက်တန်းရွာမှာ စစ်ဘေးရှောင်တွေရဲ့နေအိမ်တချို့ မီးလောင်မှုဖြစ်ပွား

ကျောက်တန်းရွာမှာ စစ်ဘေးရှောင်တွေရဲ့နေအိမ်တချို့ မီးလောင်မှုဖြစ်ပွား

ရသေ့တောင်၊ မတ် ၂- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ မနေ့ မတ်လ ၁ ရက်နေ့ ညနေပိုင်းလောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး တပ်မတော်ဖက်က ရဟတ်ယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွင်း စစ်ဘေးရှောင်တွေရဲ့ နေအိမ်တချို့မီးလောင်ပျက်စီးသွားတယ်လို့ အနီအနားပတ်ဝန်းကျင်ရှိ ဒေသခံတွေကပြောပါတယ်။

” မနေ့ညနေပိုင်းလောက်က ဖြစ်တာ။ မီးလောင်တာမှာ အိမ် ၁၀ ကျော်လောက်ပါသွားတယ်လို့ ကြားတယ်။ လက်နက်ကြီးရော၊ လေယာဉ်နဲ့ပါ ကျောက်တန်းရွာထဲကို ပစ်တယ်။ တိုက်ပွဲလည်းမဖြစ်ဘူး အဲမှာက ဘာတိုက်ပွဲမှမရှိဘဲ ပစ်ခဲ့တာ။ ညနေပိုင်းလောက်ကပေါ့။” လို့ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေဟာ ယခုရက်ပိုင်းအတွင်း ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး ရဟတ်ယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပါတယ်။

” အဲ့ဒီမှာက လက်နက်ကြီးတွေပစ်ခတ်နေတာ ၃ ရက်လောက်ရှိပြီ။ နေ့လည်းပိုင်ကတော့ အိမ်(၃) ဆောင်လောက်ပါသွားတယ်လို့ သတင်းတွေတက်လာတယ်။ အစတုန်ကတော့ ရဟတ်ယာဉ်မရောက်သေးဘူး။ ညပိုင်း ၅ နာရီလောက်မှ ရဟတ်ယာဉ်က ရောက်လာတာ။ အဲ့ရွာမှာ လူလည်းမရှိတော့ဘူးလေ။ အနီးနားပတ်ဝန်းကျင်ကဒေသခံတွေပြောတာတော့။ မီးခိုးတွေ ထွက်နေတာမြင်ရတယ်လို့ ပြောတယ်။” လို့ ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

အဲဒီ ကျောက်တန်းကျေးရွာမှာ၊ ကျေးရွာသားတွေတစ်ဦးတစ်ယောက်မှမရှိတော့ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်စပိုင်းလောက်ကတည်းက လူတွေမရှိတော့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဖက်ကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း တိုက်ပွဲတွေကြောင့် သမီးလှရွာဟောင်းကျေးရွာက နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှူံးသွားတာလည်း ရှိခဲ့ဖူးပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #တိုက်ပွဲဖြစ် #စစ်ဘေးရှောင်နေအိမ် #မီးလောင်

Zawgyi

ေက်ာက္တန္းရြာမွာ စစ္ေဘးေ႐ွာင္ေတြရဲ႕ေနအိမ္တခ်ိဳ႕ မီးေလာင္မႈျဖစ္ပြား

ရေသ့ေတာင္၊ မတ္ ၂- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းရြာမွာ မေန႔ မတ္လ ၁ ရက္ေန႔ ညေနပိုင္းေလာက္က ပစ္ခတ္မႈေတြျဖစ္ပြားၿပီး တပ္မေတာ္ဖက္က ရဟတ္ယာဥ္နဲ႔ လက္နက္ႀကီးပစ္ခတ္မွဳေတြေၾကာင့္ ေက်းရြာတြင္း စစ္ေဘးေ႐ွာင္ေတြရဲ႕ ေနအိမ္တခ်ိဳ႕မီးေလာင္ပ်က္စီးသြားတယ္လုိ႔ အနီအနားပတ္ဝန္းက်င္ရိွ ေဒသခံေတြကေျပာပါတယ္။

” မေန႔ညေနပိုင္းေလာက္က ျဖစ္တာ။ မီးေလာင္တာမွာ အိမ္ ၁၀ ေက်ာ္ေလာက္ပါသြားတယ္လို႔ ၾကားတယ္။ လက္နက္ႀကီးေရာ၊ ေလယာဥ္နဲ႔ပါ ေက်ာက္တန္းရြာထဲကို ပစ္တယ္။ တိုက္ပြဲလည္းမျဖစ္ဘူး အဲမွာက ဘာတိုက္ပြဲမွမ႐ွိဘဲ ပစ္ခဲ့တာ။ ညေနပိုင္းေလာက္ကေပါ့။” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ရြာသစ္ေကေက်းရြာက အမည္မေဖာ္လိုတဲ႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕တိုက္ပြဲေတြဟာ ယခုရက္ပိုင္းအတြင္း ႀကိဳၾကားႀကိဳၾကား ျဖစ္ပြားေနၿပီး ရဟတ္ယာဥ္နဲ႔ လက္နက္ႀကီးပစ္ခတ္မႈေတြ ေန႔စဥ္ရက္ဆက္ဆိုသလို ျဖစ္ပြားေနပါတယ္။

” အဲ့ဒီမွာက လက္နက္ႀကီးေတြပစ္ခတ္ေနတာ ၃ ရက္ေလာက္႐ွိၿပီ။ ေန႔လည္းပိုင္ကေတာ့ အိမ္(၃) ေဆာင္ေလာက္ပါသြားတယ္လို႔ သတင္းေတြတက္လာတယ္။ အစတုန္ကေတာ့ ရဟတ္ယာဥ္မေရာက္ေသးဘူး။ ညပိုင္း ၅ နာရီေလာက္မွ ရဟတ္ယာဥ္က ေရာက္လာတာ။ အဲ့ရြာမွာ လူလည္းမ႐ွိေတာ့ဘူးေလ။ အနီးနားပတ္ဝန္းက်င္ကေဒသခံေတြေျပာတာေတာ့။ မီးခိုးေတြ ထြက္ေနတာျမင္ရတယ္လို႔ ေျပာတယ္။” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

အဲဒီ ေက်ာက္တန္းေက်းရြာမွာ၊ ေက်းရြာသားေတြတစ္ဦးတစ္ေယာက္မွမ႐ွိေတာ့ေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ႏွစ္စပိုင္းေလာက္ကတည္းက လူေတြမ႐ွိေတာ့တာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဖက္ကိုဆက္သြယ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆက္အသြယ္ မရ႐ွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းကလည္း တိုက္ပြဲေတြေၾကာင့္ သမီးလွရြာေဟာင္းေက်းရြာက ေနအိမ္ ၁၀လံုးေက်ာ္ မီးေလာင္ဆံုးရႉံးသြားတာလည္း ႐ွိခဲ့ဖူးပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #တုိက္ပြဲျဖစ္ #စစ္ေဘးေရွာင္ေနအိမ္ #မီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW