ဗီအိုအမ်သတင်းဌာနရဲ့ မတ်လ ၂ရက်နေ့ ညနေခင်း သတင်းအစီအစဉ်

ဗီအိုအမ်သတင်းဌာနရဲ့ မတ်လ ၂ရက်နေ့ ညနေခင်း သတင်းအစီအစဉ် မန္တလေး မဟာမုနိဘုရား ရင်ပြင်ပေါ်က ကြေးမောင်းကြီးရှေ့ကနေ ဒီကနေ့ ညနေခင်းသတင်းတွေကို တင်ပြပေးတာမှာ ကြည့်ရမှာတွေကတော့ မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ အောက်ခြေ ပလ္လင်တော် နောက်ကျောဘက်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက အက်ကြောင်းတွေဖြစ်ပေါ်ပြီး မှန်စီရွှေချထားတာတချို့ ကွာကျခဲ့တယ်လို့ ဂေါပကအဖွဲ့က ဒီကနေ့ သတင်းမီဒီယာကိုရှင်းပြခဲ့တဲ့သတင်း။ ဒီကနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ မန္တလေးတိုင်းက တောင်သူ ၁၀၀ ဝန်းကျင်ဟာ ဒီနေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ မတရား သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရဖို့နဲ့ ဖမ်းဆီးခံခံထားရတဲ့ တောင်သူလယ်သမားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ကို မန္တလေးမြို့ မဟာမုနိဘုရားရင်ပြင်တော်ပေါ်မှာ မနက် ၁၀ နာရီအချိန်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတဲ့ သတင်း။ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားမှာ အရင်သိမ်းဆည်းခံထားရတဲ့ မြေယာ၂၉၆၅…

Read More

သိမ်းဆည်းခံ လယ်မြေ ၂၉၆၅ ဧကကို တောင်သူလယ်သမားနေ့မှာ ပြန်လည်ပေးအပ်

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #တောင်သူလယ်သမားနေ့

သိမ်းဆည်းခံ လယ်မြေ ၂၉၆၅ ဧကကို တောင်သူလယ်သမားနေ့မှာ ပြန်လည်ပေးအပ် ပုသိမ်/ မတ်-၂-၂၀၂၀ ကိုအောင် (VOM) ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားမှာ အရင်သိမ်းဆည်းခံထားရတဲ့ မြေယာ ၂၉၆၅ ဧကကို မူလလယ်သမားတွေကိုပြန်လည်ပေးအပ်ခဲ့ပါတယ် ။ ဧရာဝတီတိုင်း လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ် ရေးကော်မတီ အထူးအဖွဲ့ကနေဥပဒေနဲ့အညီ စစ်ဆေးပီး ဓနုဖြူ၊ မအူပင်၊ ရေကြည်နဲ့ကျောင်းကုန်းမြို့နယ်တွေက တောင်သူလယ်သမား၆၃၉ဦးရဲ့ မြေတွေကိုပြန်လည်ပေးအပ်ခဲ့တာပါ။ အစိုးရအနေနဲ့လယ်ယာမြေ သိမ်းဆည်းခံရမူတွေ အတွက် စစ်ဆေးပေးနေပြီး သိမ်းဆည်းခံရသူတွေကလည်းဥပဒေနဲ့အညီ တောင်းခံကြဖို့ ဝန်ကြီးချုပ်ကတိုက်တွန်းခဲ့ပါတယ် ” လယ်ယာမြေတွေ ကိုအထူးအဖွဲ့နဲ့စစ်ဆေးပီး တောင်သူတွေကို ပေးအပ်အုန်းမှာပါ တောင်သူတွေ ဘက်ကလဲ မြေစစ်အဖွဲ့တွေကြန့်ကြာမူမရှိအောင် သိမ်းခံရတဲ့မြေကိုအစိုးရဆီမှ ဥပဒေနဲ့အညီ သာတောင်းခံသွားကြပါလို့မှာကြားချင်ပါတယ်”လို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်ကပြောပါတယ်။ ဧရာဝတီတိုင်းက လယ်သမားအရေးလုပ်ဆောင်သူတွေက အခုလိုပြန်ပေးတာကိုကြိုဆို ပေမယ့် မြေပြင်မှာလယ်ယာမြေအရေးတွေ ဖြစ်ပေါ်လာတဲ့အခါ အစိုးရအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်လို့အကြံပြုပါတယ်။…

Read More

မန္တလေး မဟာမုနိ ဘုရားကြီးရဲ့ ပလ္လင်တော် အက်ကြောင်းဖြစ်ပေါ်

#voiceofmyanmar #vom #မဟာမုနိ #မန္တလေး #ပလ္လင်တော်ကွဲအက်

မန္တလေး မဟာမုနိ ဘုရားကြီးရဲ့ ပလ္လင်တော် အက်ကြောင်းဖြစ်ပေါ် မန္တလေး မတ် ၂-၂၀၂၀ ရှိုင်းအောင် (VOM) မန္တလေးမြို့၊ မဟာမုနိဘုရားကြီးရဲ့ ပလ္လင်တော်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလောက်မှာ အက်ကြောင်းတွေဖြစ်ပေါ်ပြီး မှန်စီရွှေချထားတာတချို့ ကွာကျခဲ့ပါတယ်။ ဒီလိုပလ္လင်တော်ကွဲအက်တဲ့ အကြောင်းကို မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း ပြောပြတာက “ အဲ့ဒီ အက်ကြောင်းတွေ စစတွေ့ချင်းပဲ ဆရာတော်တွေရဲ့ သြဝါဒကိုခံယူတော့ ဒီဟာနဲ့ပါတ်သက်ပြီး ကောင်းအောင်ဆောင်ရွက်ဖို့ ဆရာတော်တွေက သြဝါဒ ပေးပါတယ်။ ဒီသြဝါဒကို ရတယ်ဆိုတဲ့ အကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆီကို အကြောင်းကြားတော့ ဒါကို ဆက်လက်ဆောင်ရွက်ပါဆိုတဲ့ စာ ရပါတယ်” လို့ ဦးစိုးလင်းက ပြောပါတယ်။ ဒီလိုဖြစ်တာကြောင့် မန္တလေးတိုင်း အင်ဂျင်နီယာအသင်း၊ မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၊သာသနာရေး ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ မြန်မာနိုင်ငံ…

Read More

မနီလာက ကုန်တိုက်တစ်ခုမှာ သေနတ်သမားတစ်ဦးက လူ ၃၀ ကိုဓါးစာခံအဖြစ်ဖမ်းဆီးထား

#voiceofmyanmar #VOM #မနီလာ #ဖိလစ္ပိုင္

မနီလာက ကုန်တိုက်တစ်ခုမှာ သေနတ်သမားတစ်ဦးက လူ ၃၀ ကိုဓါးစာခံအဖြစ်ဖမ်းဆီးထား မနီလာ၊ မတ်-၂-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံ မနီလာရှိ V-Mall ကုန်တိုက်မှာ အလုပ်ပြုတ်သွားတဲ့ဝန်ထမ်းတစ်ဦးက သေနတ်ပစ်ခတ်ပြီး လူ ၃၀ ဦးကို ဓါးစာခံအဖြစ်ဖမ်းဆီးထားတာကြောင့် ကုန်တိုက်အနီးမှာ ရဲတပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်နေရာယူထားကြပါတယ်။ ယခင်ကလုံခြုံရေး ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ သေနတ်သမားဟာ ဆန်ဂျူအန်ရှိ ဂရင်းဟေးဒေသက V-Mall အုပ်ချုပ်ရေးရုံးခန်းထဲမှာ လူ ၃၀ ဦးကိုဖမ်းဆီးထားတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် လူ တစ်ဦးဒါဏ်ရာရှိသွားတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။ ကနဦးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီအမျိုးသားမှာ လက်နက်ခဲယမ်းတွေနဲ့ လက်ပစ်ဗုံးတွေပါရှိကြောင်းနဲ့ ပစ်ခတ်မှုကြောင့် ဒါဏ်ရာရသွားသူကို ဆေးရုံပို့ထားတယ်လို့ သူကပြောပါတယ်။ ကုန်တိုက်ရဲ့အခြားလုံခြုံရေးဝန်ထမ်းတွေ၊ သတင်းမီဒီယာတွေနဲ့ စကားပြောခွင့်တောင်းဆိုထားတဲ့ေ သနတ်သမားနဲ့ ညှိနှိုင်းမှုတွေကို တာဝန်ရှိသူတွေက စတင်လုပ်ဆောင်နေကြပါတယ်။ သေနတ်သမားဟာ ကုန်တိုက်အတွက် လုံခြုံရေးပေးတဲ့ကုမ္ပဏီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်ဦးလို့ မြို့တော်ဝန်ကပြောပါတယ်။ သေနတ်သမားဟာ…

Read More

လှည်းကူးမြို့နယ်မှာ အမျိုးသားတစ်ဦး သံတူနဲ့ ထုသတ်ခံရ

#voiceofmyanmar #VOM #လှည်းကူး #သံတူနဲ့ထုတဲ့လူသတ်မှု

လှည်းကူးမြို့နယ်မှာ အမျိုးသားတစ်ဦး သံတူနဲ့ ထုသတ်ခံရ လှည်းကူး မတ် ၂-၂၀၂၀ ဝေဇင်ကြည်(VOM) ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာမှာ မနေ့မတ်လ ၁ရက် ည ၁၀နာရီဝန်းကျင်က အမျိုးသားတစ်ဦး သံတူဖြင့်ထုသတ်ခံရမှု့ ဖြစ်ပွားခဲ့တယ်လို့ လှည်းကူးမြို့မရဲစခန်းကသိရပါတယ်။ လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာက မစန်းစန်းခိုင် နဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦး တို့စကားများရန်ဖြစ်ချိန်မှာ တစ်ခြံတည်းနေ မစန်းစန်းခိုင်ရဲ့ ခဲအိုဖြစ်သူ ကိုသိန်းဇော်ဦး ရောက်ရှိလာပြီး လင်မယားရန်မဖြစ်ကြဖို့ ဖျန်ဖြေခဲ့ရာ ကိုအောင်ကိုဦးက သိန်းဇော်ဦးကို လက်သီးဖြင့်ထိုးခဲ့တယ်လို့သိရပါတယ်။ အထိုးခံရတဲ့ ကိုသိန်းဇော်ဦးက ကိုအောင်ကိုဦးကို အလေးချိန် နှစ်ပေါင်ခွဲခန့်ရှိ သစ်သားအရိုးတပ် သံတူနဲ့ ထုနှက်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ ‟သေဆုံးသူ လင်မယားကရန်ဖြစ်တာမှာ တရားခံနဲ့သေဆုံးသူက မယားညီအစ်ကိုပါ ဝင်ပြီးဆုံးမတာပေါ့ မင်းမလုပ်နဲ့ဆိုပြီးဆုံးမတာ ကိုသေဆုံးသူကပြန်လုပ်တော့ အနားမှာရှိတဲ့သံတူနဲ့ထုလိုက်တာ သေစေချင်တဲ့သဘောတော့မဟုတ်ပေမယ့် ဒေါသကြောင့်ဖြစ်ကြတာပါ တရားခံလည်းမိထားပါပြီလို့” လှည်းကူးမြို့မ ရဲစခန်းမှ ရဲမှူးမောင်မောင်ဦးက ပြောပါတယ်။…

Read More

ဒီရက်ပိုင်း မြောက်ဦးတိုက်ပွဲတွေမှာ အရပ်သား ၉ ဦးထက်မနည်း သေဆုံး

ဒီရက်ပိုင်း မြောက်ဦးတိုက်ပွဲတွေမှာ အရပ်သား ၉ ဦးထက်မနည်း သေဆုံး မြောက်ဦး၊ မတ် ၂- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ စံချိန်တင်မြင့်တက်နေပါတယ်။ မြောက်ဦးမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေး ဆွမ်းတောင်တံတားအောက် မြောင်ဘေးနားမှာ လူသေလောင်း ၃ လောင်းတွေရှိကာ၊ မနေ့ မတ်လ ၁ ရက်နေ့က ရွှေလံကျေးရွာက ၁ လောင်းတွေရှိကြောင်းသိရ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။ ယနေ့တွေရှိတဲ့ လူသေလောင်း ၃ လောင်းမှာ ဘုတလုံးကျေးရွာက ၁ လောင်းနဲ့ လက်သန်းချေ ကျေးရွာက ၁ ဦး၊ ကျွဲတဲရွာက ၁ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။ ” တံတားဘယ်ဖက် မြောင်းဘွေဖက်သို့ လမ်းမဘေးက မြောင်မှာမြုပ်ပစ်ခဲ့တယ်။ အဲအလောင်း ၃…

Read More

ဒီနေ့အချိန်ထိ တောင်သူလယ်သမားတွေဘဝ ကယ်သူမဲ့နေဆဲ

ဒီနေ့အချိန်ထိ တောင်သူလယ်သမားတွေဘဝ ကယ်သူမဲ့နေဆဲ မန္တလေး မတ္ ၂- ၂၀၂၀ ရှိုင်းအောင် (VOM ၁၉ ၆၂ ခုနှစ်က ဒီနေ့ဟာ ပါလီမန်ဒီမိုကရေစီအစိုးရလက်ကနေ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့တဲ့နေ့ဖြစ်ပေမယ့် နောက်ပိုင်းမှာ တောင်သူလယ်သမားနေ့လို့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး တောင်သူတွေရဲ့ဘဝဟာ တစစနဲ့ အခြေယိုင်လာရာကနေ ဒီနေ့အချိန်ထိ ကျေးဇူးရှင်ဦးကြီးများလို့ ခေါ်ကြတဲ့ တောင်သူလယ်သမားတွေဘဝဟာ နလန်ထူလာနိုင်ခြင်းမရှိသေးပါဘူး။ ခုလက်ရှိအခြေအနေမှာ အစိုးရအဆက်ဆက်က မြေသိမ်းယာသိမ်းခံရတဲ့ တောင်သူတွေဟာ မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီခံနေရဆဲဖြစ်ပါတယ်။ ဒီအခြေအနေတွေအတွက် မန္တလေးတိုင်းက တောင်သူ ၁၀၀ ဝန်းကျင်ဟာ ဒီနေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ မတရား သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရဖို့နဲ့ ဖမ်းဆီးခံခံထားရတဲ့ တောင်သူလယ်သမားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ကို မန္တလေးမြို့ မဟာမုနိဘုရားရင်ပြင်တော်ပေါ်မှာ မနက် ၁၀ နာရီအချိန်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ဗီအိုအမ်သတင်းထောက်…

Read More

အမည်မသိဒုံးပျံတွေ မြောက်ကိုရီးယားစပ်သပ်ပစ်ခတ်နေ

အမည်မသိဒုံးပျံတွေ မြောက်ကိုရီးယားစပ်သပ်ပစ်ခတ်နေ ဆိုးလ်၊ မတ်-၂-၂၀၂၀ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ အရှေ့ကမ်းရိုတန်းကနေ ပင်လယ်အတွင်းသို့ အမည်မသိဒုံးပျံနှစ်စင်းကို မတ် ၂ ရက်နေ့မှာပင်လယ်ပြင်အတွင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဒုံးပျံတွေကို မြောက်ကိုရီးယားရဲ့ တာတိုပစ်ဒုံးပျုံတွေ ဆက်တိုက်ဆိုသလို စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဝန်ဆန်မြို့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ ဒုံးပျံတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် နောက်ထပ်ပစ်ခတ်မှုတွေရှိနိုင်ခြေနဲ့ပတ်သက်ပြီး မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနောက်မဆုတ်အခြေအနေရှိနေပြီး မြောက်ကိုရီးယားအပေါ်ချဉ်းကပ်တဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒကို ပြောင်းလဲဖို့ ကင်ဂျုံအန်က တောင်းဆိုထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဖေဖော်ဝါရီ ၂၈ ရက်က ကြီးကြပ်ခဲ့ပြီး ဒါဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုတားဆီးဖို့အားထုတ်လုပ်ဆောင်နေချိန်အတွင်း ရှားရှားပါးပါး လူမြင်ကွင်းသို့ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Ref…

Read More

ကျောက်တန်းရွာမှာ စစ်ဘေးရှောင်တွေရဲ့နေအိမ်တချို့ မီးလောင်မှုဖြစ်ပွား

ကျောက်တန်းရွာမှာ စစ်ဘေးရှောင်တွေရဲ့နေအိမ်တချို့ မီးလောင်မှုဖြစ်ပွား ရသေ့တောင်၊ မတ် ၂- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ မနေ့ မတ်လ ၁ ရက်နေ့ ညနေပိုင်းလောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး တပ်မတော်ဖက်က ရဟတ်ယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွင်း စစ်ဘေးရှောင်တွေရဲ့ နေအိမ်တချို့မီးလောင်ပျက်စီးသွားတယ်လို့ အနီအနားပတ်ဝန်းကျင်ရှိ ဒေသခံတွေကပြောပါတယ်။ ” မနေ့ညနေပိုင်းလောက်က ဖြစ်တာ။ မီးလောင်တာမှာ အိမ် ၁၀ ကျော်လောက်ပါသွားတယ်လို့ ကြားတယ်။ လက်နက်ကြီးရော၊ လေယာဉ်နဲ့ပါ ကျောက်တန်းရွာထဲကို ပစ်တယ်။ တိုက်ပွဲလည်းမဖြစ်ဘူး အဲမှာက ဘာတိုက်ပွဲမှမရှိဘဲ ပစ်ခဲ့တာ။ ညနေပိုင်းလောက်ကပေါ့။” လို့ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေဟာ ယခုရက်ပိုင်းအတွင်း ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး ရဟတ်ယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပါတယ်။ ”…

Read More
VOM News

FREE
VIEW