မနီလာက ကုန်တိုက်တစ်ခုမှာ သေနတ်သမားတစ်ဦးက လူ ၃၀ ကိုဓါးစာခံအဖြစ်ဖမ်းဆီးထား

#voiceofmyanmar #VOM #မနီလာ #ဖိလစ္ပိုင္

မနီလာက ကုန်တိုက်တစ်ခုမှာ သေနတ်သမားတစ်ဦးက လူ ၃၀ ကိုဓါးစာခံအဖြစ်ဖမ်းဆီးထား

မနီလာ၊ မတ်-၂-၂၀၂၀
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံ မနီလာရှိ V-Mall ကုန်တိုက်မှာ အလုပ်ပြုတ်သွားတဲ့ဝန်ထမ်းတစ်ဦးက သေနတ်ပစ်ခတ်ပြီး လူ ၃၀ ဦးကို ဓါးစာခံအဖြစ်ဖမ်းဆီးထားတာကြောင့် ကုန်တိုက်အနီးမှာ ရဲတပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်နေရာယူထားကြပါတယ်။

ယခင်ကလုံခြုံရေး ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ သေနတ်သမားဟာ ဆန်ဂျူအန်ရှိ ဂရင်းဟေးဒေသက V-Mall အုပ်ချုပ်ရေးရုံးခန်းထဲမှာ လူ ၃၀ ဦးကိုဖမ်းဆီးထားတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် လူ တစ်ဦးဒါဏ်ရာရှိသွားတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

ကနဦးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီအမျိုးသားမှာ လက်နက်ခဲယမ်းတွေနဲ့ လက်ပစ်ဗုံးတွေပါရှိကြောင်းနဲ့ ပစ်ခတ်မှုကြောင့် ဒါဏ်ရာရသွားသူကို ဆေးရုံပို့ထားတယ်လို့ သူကပြောပါတယ်။

ကုန်တိုက်ရဲ့အခြားလုံခြုံရေးဝန်ထမ်းတွေ၊ သတင်းမီဒီယာတွေနဲ့ စကားပြောခွင့်တောင်းဆိုထားတဲ့ေ သနတ်သမားနဲ့ ညှိနှိုင်းမှုတွေကို တာဝန်ရှိသူတွေက စတင်လုပ်ဆောင်နေကြပါတယ်။ သေနတ်သမားဟာ ကုန်တိုက်အတွက် လုံခြုံရေးပေးတဲ့ကုမ္ပဏီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်ဦးလို့ မြို့တော်ဝန်ကပြောပါတယ်။

သေနတ်သမားဟာ ကုန်တိုက်ရဲ့စီမံခန့်ခွဲမှုစနစ်ကို ဆန့်ကျင်မယ့်လုပ်ရပ်မျိုးအတွက် အခြားလုံခြုံရေးဝန်ထမ်း တွေကို သူနဲ့အတူ ပူးပေါင်းဖို့ ကနဦးမှာ စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုပြီးနောက် ကုန်တိုက်ထဲက ဈေးဝယ်သူတွေနဲ့ ဝန်ထမ်းတွေကို တာဝန်ရှိသူတွေက ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်တိုက်ကိုပိတ်ထားပြီး သေနတ်သမားနဲ့ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #မနီလာ #ဖိလစ်ပိုင်

 

မနီလာက ကုန္တိုက္တစ္ခုမွာ ေသနတ္သမားတစ္ဦးက လူ ၃၀ ကိုဓါးစာခံအျဖစ္ဖမ္းဆိီးထား

မနီလာ၊ မတ္-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ဖိလစ္ပိုင္နိုင္ငံ မနီလာရိွ V-Mall ကုန္တိုက္မွာ အလုပ္ျပဳတ္သြားတဲ႔၀န္ထမ္းတစ္ဦးက ေသနတ္ပစ္ခတ္ျပီး လူ ၃၀ ဦးကို ဓါးစာခံအျဖစ္ဖမ္းဆီးထားတာေၾကာင္႔ ကုန္တိုက္အနီးမွာ ရဲတပ္ဖြဲ႔၀င္အမ်ားအျပား ျဖန္႔ၾကက္ေနရာယူထားၾကပါတယ္။

ယခင္ကလံုျခံဳေရး ၀န္ထမ္းေဟာင္းတစ္ဦးျဖစ္သူ ေသနတ္သမားဟာ ဆန္ဂ်ဴအန္ရိွ ဂရင္းေဟးေဒသက V-Mall အုပ္ခ်ဳပ္ေရးရံုးခန္းထဲမွာ လူ ၃၀ ဦးကိုဖမ္းဆီးထားတာျဖစ္ျပီး ပစ္ခတ္မႈေၾကာင္႔ လူ တစ္ဦးဒါဏ္ရာရိွသြားတယ္လို႔ ျမိဳ႕ေတာ္၀န္ကေျပာပါတယ္။

ကနဦးရရိွထားတဲ႔ သတင္းအခ်က္အလက္ေတြအရ အဲဒီအမ်ိဳးသားမွာ လက္နက္ခဲယမ္းေတြနဲ႔ လက္ပစ္ဗံုးေတြပါရိွေၾကာင္းနဲ႔ ပစ္ခတ္မႈေၾကာင္႔ ဒါဏ္ရာရသြားသူကို ေဆးရံုပို႔ထားတယ္လို႔ သူကေျပာပါတယ္။

ကုန္တိုက္ရဲ႕အျခားလံုျခံဳေရး၀န္ထမ္းေတြ၊ သတင္းမီဒီယာေတြနဲ႔ စကားေျပာခြင္႔ေတာင္းဆိုထားတဲ႔ေ သနတ္သမားနဲ႔ ညိွႏိႈင္းမႈေတြကို တာ၀န္ရိွသူေတြက စတင္လုပ္ေဆာင္ေနၾကပါတယ္။ ေသနတ္သမားဟာ ကုန္တိုက္အတြက္ လံုျခံဳေရးေပးတဲ႔ကုမၸဏီကေန ထုတ္ပယ္ခံလိုက္ရတဲ႔ ၀န္ထမ္းတစ္ဦးလို႔ ျမိဳ႕ေတာ္၀န္ကေျပာပါတယ္။

ေသနတ္သမားဟာ ကုန္တိုက္ရဲ႕စီမံခန္႔ခြဲမႈစနစ္ကို ဆန္႔က်င္မယ္႔လုပ္ရပ္မ်ိဳးအတြက္ အျခားလံုျခံဳေရး၀န္ထမ္း ေတြကို သူနဲ႔အတူ ပူးေပါင္းဖို႔ ကနဦးမွာ စည္းရံုးခဲ႔တယ္လို႔ သိရပါတယ္။

ေသနတ္ပစ္ခတ္မႈျပီးေနာက္ ကုန္တိုက္ထဲက ေစ်း၀ယ္သူေတြနဲ႔ ၀န္ထမ္းေတြကို တာ၀န္ရိွသူေတြက ေရႊ႕ေျပာင္းမႈေတြ လုပ္ေဆာင္ခဲ႔ျပီး လက္ရိွမွာေတာ႔ ကုန္တိုက္ကိုပိတ္ထားျပီး ေသနတ္သမားနဲ႔ညိွႏိႈင္းမႈေတြ လုပ္ေဆာင္ေနၾကပါတယ္။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #မနီလာ #ဖိလစ္ပိုင္

Related posts

Leave a Comment

VOM News

FREE
VIEW