ဒီရက်ပိုင်း မြောက်ဦးတိုက်ပွဲတွေမှာ အရပ်သား ၉ ဦးထက်မနည်း သေဆုံး
ဒီရက်ပိုင်း မြောက်ဦးတိုက်ပွဲတွေမှာ အရပ်သား ၉ ဦးထက်မနည်း သေဆုံး
မြောက်ဦး၊ မတ် ၂- ၂၀၂၀
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ စံချိန်တင်မြင့်တက်နေပါတယ်။
မြောက်ဦးမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေး ဆွမ်းတောင်တံတားအောက် မြောင်ဘေးနားမှာ လူသေလောင်း ၃ လောင်းတွေရှိကာ၊ မနေ့ မတ်လ ၁ ရက်နေ့က ရွှေလံကျေးရွာက ၁ လောင်းတွေရှိကြောင်းသိရ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။
ယနေ့တွေရှိတဲ့ လူသေလောင်း ၃ လောင်းမှာ ဘုတလုံးကျေးရွာက ၁ လောင်းနဲ့ လက်သန်းချေ ကျေးရွာက ၁ ဦး၊ ကျွဲတဲရွာက ၁ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။
” တံတားဘယ်ဖက် မြောင်းဘွေဖက်သို့ လမ်းမဘေးက မြောင်မှာမြုပ်ပစ်ခဲ့တယ်။ အဲအလောင်း ၃ လောင်းမှာ မူဆလင်တစ်ယောက်ပါတယ်။ ရခိုင်တစ်ယောက်ပါတယ်။ လူတွေက အရုပ်ကိုမမှတ်မိတော့ဘူး။ သေနတ်ကျည်ဆံ ဖောက်ဒဏ်ရာတွေနဲ့ လည်ပင်း၊ လက်မောင်းတွေနဲ့ အခြားနေရာတွေမှာ တွေ့တယ်။ လက်သန်းချေက တစ်ယောက်၊ ကျွဲတဲက တစ်ယောက်၊ မူဆလင်တစ်ယောက် ဘုတလုံးကပေါ့။” လို့ လက်သန်းချေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး ဘုတလုံးကျေးရွာက မူဆလင် ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွားကြောင်း ဘုတလုံးကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
” သေတာက အားလုံးစုစုပေါင်း ၆ ယောက်သေတာ။ မြေမြုပ်ပီး တွေ့တဲ့ တစ်လောင်းကိုပါ ပေါင်းမယ်ဆိုရင်ပေါ့။ အဲ့မြေမြုပ်ပြီးတွေ့တဲ့ တစ်လောင်းက ရခိုင်သား (၂) လောင်းနဲ့ အတူတူမြုပ်ပြီးတွေ့တာ။ ဒဏ်ရာရတာက အားလုံး ၁၄ ယောက်ရှိတယ်။” လို့ ဘုတလုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာညွှန့်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဖက်နဲ့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခ ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
#voiceofmyanmar #VOM #မြောက်ဦး #အရပ်သားသေဆုံးမှုမြင့် #ရခိုင်
zawgyi
မြောက်ဦး၊ မတ် ၂- ၂၀၂၀
ခိုင်လင်းစံ (VOM)
Related posts
Leave a Comment
VOM News
FREE
VIEW