မန္တလေး မဟာမုနိ ဘုရားကြီးရဲ့ ပလ္လင်တော် အက်ကြောင်းဖြစ်ပေါ်

#voiceofmyanmar #vom #မဟာမုုနိ #မႏၱေလး #ပလႅင္ေတာ္ကြဲအက္

မန္တလေး မဟာမုနိ ဘုရားကြီးရဲ့ ပလ္လင်တော် အက်ကြောင်းဖြစ်ပေါ်

မန္တလေး မတ် ၂-၂၀၂၀
ရှိုင်းအောင် (VOM)

မန္တလေးမြို့၊ မဟာမုနိဘုရားကြီးရဲ့ ပလ္လင်တော်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလောက်မှာ အက်ကြောင်းတွေဖြစ်ပေါ်ပြီး မှန်စီရွှေချထားတာတချို့ ကွာကျခဲ့ပါတယ်။ ဒီလိုပလ္လင်တော်ကွဲအက်တဲ့ အကြောင်းကို မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း ပြောပြတာက

“ အဲ့ဒီ အက်ကြောင်းတွေ စစတွေ့ချင်းပဲ ဆရာတော်တွေရဲ့ သြဝါဒကိုခံယူတော့ ဒီဟာနဲ့ပါတ်သက်ပြီး ကောင်းအောင်ဆောင်ရွက်ဖို့ ဆရာတော်တွေက သြဝါဒ ပေးပါတယ်။ ဒီသြဝါဒကို ရတယ်ဆိုတဲ့ အကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆီကို အကြောင်းကြားတော့ ဒါကို ဆက်လက်ဆောင်ရွက်ပါဆိုတဲ့ စာ ရပါတယ်” လို့ ဦးစိုးလင်းက ပြောပါတယ်။

ဒီလိုဖြစ်တာကြောင့် မန္တလေးတိုင်း အင်ဂျင်နီယာအသင်း၊ မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၊သာသနာရေး ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း၊ မြန်မာနိုင်ငံ သထ္တုဗေဒ ပညာရှင် ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ ဂေါပကအဖွဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဦးစိုးလင်း ဆက်ရှင်းပြတာက

“ မြတ်စွာဘုရားရဲ့ နောက်ကျောတော်မှာ ရွေတွေလည်းများလာတဲ့အတွက် ရွှေတွေဟာ ကြေး (စမခံ) ရဲ့ အပြင်ကို ထွက်လာတယ် ဘုရားတည်စဉ်ကတည်းက ပိုပြီးကြည့်ကောင်းအောင် ဘိလပ်မြေနဲ့ မံထားတာ ဒီအတိုင်းဖြစ်နေမှာစိုးတဲ့အတွက် ကျွန်တော်တို့က မှန်စီရွှေချ ပူဇော်ထားတယ်။ အဲ့ဒီကနေ လက်တစ်လုံးလောက်ရှိတဲ့ မှန်စလေးပဲ့ကျလာတော့ ဘိလပ်မြေ အက်ကြောင်းကို တွေ့ပါတယ်။ အခုလာမယ့် ၄ ရက်နေ့မှာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဘိလပ်မြေအပ်ကြောင်းကို ဖော်ရင်းနဲ့အောက်ပိုင်း ဘိလပ်မြေက ဆက်ပြီး အက်တာ မတွေ့ဘူးဆိုရင် မူလအတိုင်းပဲ ပြန်ပြင်ပြီးတော့ ဒီအပေါ်မှာ ရွှေပြန်ကပ်လိုက်မယ်လို့” ဂေါပကအဖွဲ့ဝင် ဦးစိုးလင်း က ပြောပါတယ်။

ဒီလို ပလ္လင်တော်ကွဲပေမယ့် မဟာမုနိရုပ်ရှင်တော်မြတ်ကို ရွှေသင်္ကန်းကပ်လှူချင်တဲ့သူတွေ အဆင်ပြေဖို့ ပုံမှန်အတိုင်း ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်းကပ်ခွင့်ပေးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

#voiceofmyanmar #vom #မဟာမုနိ #မန္တလေး #ပလ္လင်တော်ကွဲအက်

zawgyi

မႏၱေလး မဟာမုနိ ဘုရားႀကီးရဲ႕ ပလႅင္ေတာ္ အက္ေၾကာင္းျဖစ္ေပၚ

မႏၱေလး မတ္ ၂-၂၀၂၀
ရႈိင္းေအာင္ (VOM)

မႏၱေလးၿမိဳ႕၊ မဟာမုနိဘုရားႀကီးရဲ႕ ပလႅင္ေတာ္ဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလေလာက္မွာ အက္ေၾကာင္းေတြျဖစ္ေပၚျပီး မွန္စီေရႊခ်ထားတာတခ်ိဳ႕ ကြာက်ခဲ႕ပါတယ္။ ဒီလိုုပလႅင္ေတာ္ကြဲအက္တဲ႕ အေၾကာင္းကိုု မဟာမုုနိဘုုရားၾကီး ေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုုးလင္း ေျပာျပတာက

“ အဲ့ဒီ အက္ေၾကာင္းေတြ စစေတြ႕ခ်င္းပဲ ဆရာေတာ္ေတြရဲ႕ ၾသ၀ါဒကုိခံယူေတာ့ ဒီဟာနဲ႔ပါတ္သက္ၿပီး ေကာင္းေအာင္ေဆာင္ရြက္ဖို႔ ဆရာေတာ္ေတြက ၾသ၀ါဒ ေပးပါတယ္။ ဒီၾသ၀ါဒကုိ ရတယ္ဆုိတဲ့ အေၾကာင္းကုိ မႏၱေလးတုိင္းေဒသႀကီး အစုိးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ဆီကုိ အေၾကာင္းၾကားေတာ့ ဒါကုိ ဆက္လက္ေဆာင္ရြက္ပါဆုိတဲ့ စာ ရပါတယ္” လုိ႔ ဦးစိုုးလင္းက ေျပာပါတယ္။

ဒီလိုုျဖစ္တာေၾကာင့္ မႏၱေလးတုိင္း အင္ဂ်င္နီယာအသင္း၊ ျမန္မာမွဳဗိသုုကာပညာရွင္ တမၸ၀တီ ဦး၀င္းေမာင္၊သာသနာေရး ၀န္ႀကီးဌာန၊ ေရွးေဟာင္းသုေတသန၊ ျမန္မာနုိင္ငံ ဗိသုကာပညာရွင္အသင္း၊ ျမန္မာနုိင္ငံ သထၱဳေဗဒ ပညာရွင္ ဆက္သြယ္ထားတယ္လုိ႔ သိရပါတယ္။ ေဂါပကအဖြဲ႕လုုပ္ေဆာင္မွဳနဲ႕ ပတ္သက္လိုု႕ ဦးစိုုးလင္း ဆက္ရွင္းျပတာက

“ ျမတ္စြာဘုရားရဲ႕ ေနာက္ေက်ာေတာ္မွာ ေရြေတြလည္းမ်ားလာတဲ့အတြက္ ေရႊေတြဟာ ေၾကး (စမခံ) ရဲ႕ အျပင္ကုိ ထြက္လာတယ္ ဘုရားတည္စဥ္ကတည္းက ပုိၿပီးၾကည့္ေကာင္းေအာင္ ဘိလပ္ေျမနဲ႔ မံထားတာ ဒီအတုိင္းျဖစ္ေနမွာစုိးတဲ့အတြက္ ကၽြန္ေတာ္တုိ႔က မွန္စီေရႊခ် ပူေဇာ္ထားတယ္။ အဲ့ဒီကေန လက္တစ္လုံးေလာက္ရွိတဲ့ မွန္စေလးပဲ့က်လာေတာ့ ဘိလပ္ေျမ အက္ေၾကာင္းကုိ ေတြ႔ပါတယ္။ အခုလာမယ့္ ၄ ရက္ေန႔မွာ ပညာရွင္ေတြနဲ႔ တုိင္ပင္ၿပီးေတာ့ ဘိလပ္ေျမအပ္ေၾကာင္းကုိ ေဖာ္ရင္းနဲ႔ေအာက္ပုိင္း ဘိလပ္ေျမက ဆက္ၿပီး အက္တာ မေတြ႕ဘူးဆုိရင္ မူလအတုိင္းပဲ ျပန္ျပင္ၿပီးေတာ့ ဒီအေပၚမွာ ေရႊျပန္ကပ္လုိက္မယ္လုိ႔” ေဂါပကအဖြဲ႕၀င္ ဦးစိုုးလင္း က ေျပာပါတယ္။

ဒီလိုု ပလႅင္ေတာ္ကြဲေပမယ့္ မဟာမုုနိရုုပ္ရွင္ေတာ္ျမတ္ကိုု ေရႊသကၤန္းကပ္လွဴခ်င္တဲ႕သူေတြ အဆင္ေျပဖိုု႕ ပံုုမွန္အတိုုင္း ကိုုယ္တုုိင္ကိုုယ္က် ေရႊသကၤန္းကပ္ခြင့္ေပးထားတာကုုိလည္း ေတြ႕ခဲ႕ရပါတယ္။

#voiceofmyanmar #vom #မဟာမုုနိ #မႏၱေလး #ပလႅင္ေတာ္ကြဲအက္

Related posts

Leave a Comment

VOM News

FREE
VIEW