အမည်မသိဒုံးပျံတွေ မြောက်ကိုရီးယားစပ်သပ်ပစ်ခတ်နေ

အမည်မသိဒုံးပျံတွေ မြောက်ကိုရီးယားစပ်သပ်ပစ်ခတ်နေ

ဆိုးလ်၊ မတ်-၂-၂၀၂၀
မျိုးဆက် (VOM)

မြောက်ကိုရီးယားဟာ အရှေ့ကမ်းရိုတန်းကနေ ပင်လယ်အတွင်းသို့ အမည်မသိဒုံးပျံနှစ်စင်းကို မတ် ၂ ရက်နေ့မှာပင်လယ်ပြင်အတွင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီဒုံးပျံတွေကို မြောက်ကိုရီးယားရဲ့ တာတိုပစ်ဒုံးပျုံတွေ ဆက်တိုက်ဆိုသလို စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဝန်ဆန်မြို့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ ဒုံးပျံတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် နောက်ထပ်ပစ်ခတ်မှုတွေရှိနိုင်ခြေနဲ့ပတ်သက်ပြီး မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနောက်မဆုတ်အခြေအနေရှိနေပြီး မြောက်ကိုရီးယားအပေါ်ချဉ်းကပ်တဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒကို ပြောင်းလဲဖို့ ကင်ဂျုံအန်က တောင်းဆိုထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဖေဖော်ဝါရီ ၂၈ ရက်က ကြီးကြပ်ခဲ့ပြီး ဒါဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုတားဆီးဖို့အားထုတ်လုပ်ဆောင်နေချိန်အတွင်း ရှားရှားပါးပါး လူမြင်ကွင်းသို့ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref : Reuters
Photo: Getty Images
#voiceofmyanmar #VOM #မြောက်ကိုရီးယား #အမည်မသိဒုံးပျံ

Zawgyi

အမည္မသိဒံုးပ်ံေတြ ေျမာက္ကိုရီးယားစပ္သပ္ပစ္ခတ္ေန

ဆိုးလ္၊ မတ္-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားဟာ အေရွ႕ကမ္းရိုတန္းကေန ပင္လယ္အတြင္းသို႔ အမည္မသိဒံုးပ်ံနွစ္စင္းကို မတ္ ၂ ရက္ေန႔မွာပင္လယ္ျပင္အတြင္း ပစ္ခတ္ခဲ႔တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရး၀န္ၾကီးဌာနက ေျပာပါတယ္။

အဲဒီဒံုးပ်ံေတြကို ေျမာက္ကိုရီးယားရဲ႕ တာတိုပစ္ဒံုးပ်ံုေတြ ဆက္တိုက္ဆိုသလို စမ္းသပ္ပစ္ခတ္ခဲ႔တဲ႔ ၀န္ဆန္ျမိဳ႕ရဲ႕အေရွ႕ဘက္ကမ္းရိုးတန္းကေန ပစ္ခတ္ခဲ႔တာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားက ပစ္ခတ္ခဲ႔တဲ႔ ဒံုးပ်ံေတြနဲ႔ပတ္သက္ျပီး ေတာင္ကိုရီးယား ကာကြယ္ေရး၀န္ၾကီးဌာနက အေသးစိတ္ထုတ္ျပန္ျခင္းမရိွေပမယ္႔ ေနာက္ထပ္ပစ္ခတ္မႈေတြရိွနိုင္ေျခနဲ႔ပတ္သက္ျပီး မ်က္ေျခမျပတ္ေစာင္႔ၾကည္႔ေနတယ္လို႔ ဆုိပါတယ္။

လက္ရိွအခ်ိန္ထိ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔အၾကား န်ဴကလီးယားေဆြးေႏြးပြဲေတြဟာ ေရွ႕မတိုးေနာက္မဆုတ္အေျခအေနရိွေနျပီး ေျမာက္ကိုရီးယားအေပၚခ်ဥ္းကပ္တဲ႔ အေမရိကန္ရဲ႕ ရန္လိုတဲ႔ မူ၀ါဒကို ေျပာင္းလဲဖို႔ ကင္ဂ်ံဳအန္က ေတာင္းဆိုထားပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ဟာ စစ္ေရးေလ႔က်င္႔မႈတစ္ခုကို ေဖေဖာ္၀ါရီ ၂၈ ရက္က ၾကီးၾကပ္ခဲ႔ျပီး ဒါဟာ နိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကိုတားဆီးဖို႔အားထုတ္လုပ္ေဆာင္ေနခ်ိန္အတြင္း ရွားရွားပါးပါး လူျမင္ကြင္းသို႔ ထြက္ေပၚလာတာျဖစ္ပါတယ္။

Ref : Reuters
Photo: Getty Images
#voiceofmyanmar #VOM #ေျမာက္ကိုရီးယား #အမည္မသိဒံုးပ်ံ

Related posts

Leave a Comment

VOM News

FREE
VIEW