သိမ်းဆည်းခံ လယ်မြေ ၂၉၆၅ ဧကကို တောင်သူလယ်သမားနေ့မှာ ပြန်လည်ပေးအပ်

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #တောင်သူလယ်သမားနေ့

သိမ်းဆည်းခံ လယ်မြေ ၂၉၆၅ ဧကကို တောင်သူလယ်သမားနေ့မှာ ပြန်လည်ပေးအပ်

ပုသိမ်/ မတ်-၂-၂၀၂၀
ကိုအောင် (VOM)

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားမှာ အရင်သိမ်းဆည်းခံထားရတဲ့ မြေယာ
၂၉၆၅ ဧကကို မူလလယ်သမားတွေကိုပြန်လည်ပေးအပ်ခဲ့ပါတယ် ။

ဧရာဝတီတိုင်း လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ် ရေးကော်မတီ အထူးအဖွဲ့ကနေဥပဒေနဲ့အညီ စစ်ဆေးပီး ဓနုဖြူ၊ မအူပင်၊ ရေကြည်နဲ့ကျောင်းကုန်းမြို့နယ်တွေက တောင်သူလယ်သမား၆၃၉ဦးရဲ့
မြေတွေကိုပြန်လည်ပေးအပ်ခဲ့တာပါ။

အစိုးရအနေနဲ့လယ်ယာမြေ သိမ်းဆည်းခံရမူတွေ အတွက် စစ်ဆေးပေးနေပြီး
သိမ်းဆည်းခံရသူတွေကလည်းဥပဒေနဲ့အညီ တောင်းခံကြဖို့ ဝန်ကြီးချုပ်ကတိုက်တွန်းခဲ့ပါတယ်

” လယ်ယာမြေတွေ ကိုအထူးအဖွဲ့နဲ့စစ်ဆေးပီး တောင်သူတွေကို ပေးအပ်အုန်းမှာပါ တောင်သူတွေ ဘက်ကလဲ မြေစစ်အဖွဲ့တွေကြန့်ကြာမူမရှိအောင် သိမ်းခံရတဲ့မြေကိုအစိုးရဆီမှ ဥပဒေနဲ့အညီ သာတောင်းခံသွားကြပါလို့မှာကြားချင်ပါတယ်”လို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်ကပြောပါတယ်။

ဧရာဝတီတိုင်းက လယ်သမားအရေးလုပ်ဆောင်သူတွေက အခုလိုပြန်ပေးတာကိုကြိုဆို ပေမယ့် မြေပြင်မှာလယ်ယာမြေအရေးတွေ ဖြစ်ပေါ်လာတဲ့အခါ အစိုးရအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်လို့အကြံပြုပါတယ်။

ခုလိုပြန်ပေးတာကြိုဆိုပါတယ် ဒါပေမယ့် တိုင်းမှာမြေယာပြသနာတွေကများကြီး တကယ်ဆိုအစိုးရအနေနဲ့ ကျွန်တော်တို့လိုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပီး ဆောင်ရွက်ရင်ပိုပီးထိရောက်မယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီတိုင်းလူအခွင့်အရေးတက်ကြွလူပ်ရှားသူများအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဦးကပြောပါတယ်။

လူဦးရေ၆သန်းကျော်နေထိုင်တဲ့ ဧရာဝတီတိုင်းရဲ့ ၇၀ရာခိုင်နူန်းဟာစပါးနဲ့အခြားသီးနှံများ စိုက်ပျိုးအသက်မွေးကြပြီး ယခုအစိုးရလက်ထက်မှာ သိမ်းဆည်းခံ လယ်ယာမြေ ၁၁၉၅၈ဧကကိုပြန်လည်ပေးအပ်နိင်ခဲ့ပြီလို့သိရပါတယ်။

မြန်မာနိုင်ငံတဝှမ်း သိမ်းဆည်းခံလယ်မြေတွေ ဧကပေါင်း သန်းချီရှိတဲ့ထဲက အနည်းငယ်ပြန်ရပေမယ့် တချို့မြေတွေဟာ မူလပိုင်ရှင်လက်ထဲမရောက်တဲ့ ပြဿနာတွေ၊ ပြန်လည်လုပ်ခွင့်မရတဲ့ အခြေအနေတွေ တချို့နေရာတွေမှာ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #တောင်သူလယ်သမားနေ့

 

သိမ္းဆည္းခံ လယ္ေျမ ၂၉၆၅ ဧကကို ေတာင္သူလယ္သမားေန႔မွာ ျပန္လည္ေပးအပ္

ပုသိမ္/ မတ္-၂-၂၀၂၀
ကိုေအာင္ (VOM)

ဧရာ၀တီတိုင္း ကန္ႀကီးေထာင့္ၿမိဳ႕နယ္က ဝါးဒူးေက်း႐ြာမွာ က်င္းပခဲ့တဲ႕ ေတာင္သူလယ္သမားေန႔အခမ္းအနားမွာ အရင္သိမ္းဆည္းခံထားရတဲ႕ ေျမယာ
၂၉၆၅ ဧကကို မူလလယ္သမားေတြကိုျပန္လည္ေပးအပ္ခဲ့ပါတယ္ ။

ဧရာ၀တီတိုင္း လယ္ယာေျမနဲ႔အျခားေျမမ်ား သိမ္းဆည္းခံရမူမ်ား ျပန္လည္စိစစ္ ေရးေကာ္မတီ အထူးအဖြဲ႕ကေနဥပေဒနဲ႔အညီ စစ္ေဆးပီး ဓႏုျဖဴ၊ မအူပင္၊ ေရၾကည္နဲ႔ေက်ာင္းကုန္းၿမိဳ႕နယ္ေတြက ေတာင္သူလယ္သမား၆၃၉ဦးရဲ႕
ေျမေတြကိုျပန္လည္ေပးအပ္ခဲ့တာပါ။

အစိုးရအေနနဲ႔လယ္ယာေျမ သိမ္းဆည္းခံရမူေတြ အတြက္ စစ္ေဆးေပးေနျပီး
သိမ္းဆည္းခံရသူေတြကလည္းဥပေဒနဲ႔အညီ ေတာင္းခံၾကဖို႔ ၀န္ႀကီးခ်ဳပ္ကတိုက္တြန္းခဲ့ပါတယ္

” လယ္ယာေျမေတြ ကိုအထူးအဖြဲ႕နဲ႔စစ္ေဆးပီး ေတာင္သူေတြကို ေပးအပ္အုန္းမွာပါ ေတာင္သူေတြ ဘက္ကလဲ ေျမစစ္အဖြဲ႕ေတြၾကန႔္ၾကာမူမရွိေအာင္ သိမ္းခံရတဲ့ေျမကိုအစိုးရဆီမွ ဥပေဒနဲ႔အညီ သာေတာင္းခံသြားၾကပါလို႔မွာၾကားခ်င္ပါတယ္”လို႕ ၀န္ႀကီးခ်ဳပ္ဦးလွမိုးေအာင္ကေျပာပါတယ္။

ဧရာ၀တီတိုင္းက လယ္သမားအေရးလုပ္ေဆာင္သူေတြက အခုလိုျပန္ေပးတာကိုႀကိဳဆို ေပမယ့္ ေျမျပင္မွာလယ္ယာေျမအေရးေတြ ျဖစ္ေပၚလာတဲ့အခါ အစိုးရအေနနဲ႔ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းေဆာင္႐ြက္သင့္တယ္လို႔အႀကံျပဳပါတယ္။

ခုလိုျပန္ေပးတာႀကိဳဆိုပါတယ္ ဒါေပမယ့္ တိုင္းမွာေျမယာျပသနာေတြကမ်ားႀကီး တကယ္ဆိုအစိုးရအေနနဲ႔ ကြၽန္ေတာ္တို႔လိုအဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းပီး ေဆာင္႐ြက္ရင္ပိုပီးထိေရာက္မယ္လို႔ ထင္ပါတယ္” ဟု ဧရာ၀တီတိုင္းလူအခြင့္အေရးတက္ႂကြလူပ္ရွားသူမ်ားအဖြဲ႕ဥကၠဌ ဦးထြန္းထြန္းဦးကေျပာပါတယ္။

လူဦးေရ၆သန္းေက်ာ္ေနထိုင္တဲ့ ဧရာ၀တီတိုင္းရဲ႕ ၇၀ရာခိုင္ႏူန္းဟာစပါးနဲ႔အျခားသီးႏွံမ်ား စိုက္ပ်ိဳးအသက္ေမြးၾကျပီး ယခုအစိုးရလက္ထက္မွာ သိမ္းဆည္းခံ လယ္ယာ​ေျမ ၁၁၉၅၈ဧကကိုျပန္လည္ေပးအပ္နိင္ခဲ့ျပီလို႔သိရပါတယ္။

ျမန္မာနိုုင္ငံတဝွမ္း သိမ္းဆည္းခံလယ္ေျမေတြ ဧကေပါင္း သန္းခ်ီရွိတဲ႕ထဲက အနည္းငယ္ျပန္ရေပမယ့္ တခ်ိဳ႕ေျမေတြဟာ မူလပိုင္ရွင္လက္ထဲမေရာက္တဲ႕ ျပႆနာေတြ၊ ျပန္လည္လုပ္ခြင့္မရတဲ႕ အေျခအေနေတြ တခ်ိဳ႕ေနရာေတြမွာ ျဖစ္ေပၚေနဆဲျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီတိုင္း #ေတာင္သူလယ္သမားေန႕

Related posts

Leave a Comment

VOM News

FREE
VIEW