လှည်းကူးမြို့နယ်မှာ အမျိုးသားတစ်ဦး သံတူနဲ့ ထုသတ်ခံရ

#voiceofmyanmar #VOM #လွည္းကူး #သံတူနဲ႕ထုုတဲ႕လူသတ္မွဳ

လှည်းကူးမြို့နယ်မှာ အမျိုးသားတစ်ဦး သံတူနဲ့ ထုသတ်ခံရ

လှည်းကူး မတ် ၂-၂၀၂၀
ဝေဇင်ကြည်(VOM)

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာမှာ မနေ့မတ်လ ၁ရက် ည ၁၀နာရီဝန်းကျင်က အမျိုးသားတစ်ဦး သံတူဖြင့်ထုသတ်ခံရမှု့ ဖြစ်ပွားခဲ့တယ်လို့ လှည်းကူးမြို့မရဲစခန်းကသိရပါတယ်။

လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာက မစန်းစန်းခိုင် နဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦး တို့စကားများရန်ဖြစ်ချိန်မှာ တစ်ခြံတည်းနေ မစန်းစန်းခိုင်ရဲ့ ခဲအိုဖြစ်သူ ကိုသိန်းဇော်ဦး ရောက်ရှိလာပြီး လင်မယားရန်မဖြစ်ကြဖို့ ဖျန်ဖြေခဲ့ရာ ကိုအောင်ကိုဦးက သိန်းဇော်ဦးကို လက်သီးဖြင့်ထိုးခဲ့တယ်လို့သိရပါတယ်။ အထိုးခံရတဲ့ ကိုသိန်းဇော်ဦးက ကိုအောင်ကိုဦးကို အလေးချိန် နှစ်ပေါင်ခွဲခန့်ရှိ သစ်သားအရိုးတပ် သံတူနဲ့ ထုနှက်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

‟သေဆုံးသူ လင်မယားကရန်ဖြစ်တာမှာ တရားခံနဲ့သေဆုံးသူက
မယားညီအစ်ကိုပါ ဝင်ပြီးဆုံးမတာပေါ့ မင်းမလုပ်နဲ့ဆိုပြီးဆုံးမတာ ကိုသေဆုံးသူကပြန်လုပ်တော့ အနားမှာရှိတဲ့သံတူနဲ့ထုလိုက်တာ သေစေချင်တဲ့သဘောတော့မဟုတ်ပေမယ့် ဒေါသကြောင့်ဖြစ်ကြတာပါ တရားခံလည်းမိထားပါပြီလို့”
လှည်းကူးမြို့မ ရဲစခန်းမှ ရဲမှူးမောင်မောင်ဦးက ပြောပါတယ်။

ဖြစ်စဉ်ကြောင့် သေဆုံးသူကိုသံတူဖြင့်ထုသတ်ခဲ့သူဦးတင်သိန်းရဲ့သား အသက်(၃၇)နှစ်ရှိ ကိုသိန်ဇော်ဦးကိုသေဆုံးသူရဲ့ဇနီးမစန်းစနိးခိုင်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် လှည်းကူးမြို့မရဲတပ်ဖွဲစခန်းက(ပ)၅၆၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှု့ဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #သံတူနဲ့ထုတဲ့လူသတ်မှု

Zawgyi

လွည္းကူးၿမိဳ႕နယ္မွာ အမ်ိဳးသားတစ္ဦး သံတူနဲ႕ ထုသတ္ခံရ

လွည္းကူး မတ္ ၂-၂၀၂၀
ေဝဇင္ၾကည္(VOM)

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ ေက်ာက္အိုင္ေက်း႐ြာမွာ မေန႔မတ္လ ၁ရက္ ည ၁၀နာရီဝန္းက်င္က အမ်ိဳးသားတစ္ဦး သံတူျဖင့္ထုသတ္ခံရမႈ႕ ျဖစ္ပြားခဲ့တယ္လို႔ လွည္းကူးၿမိဳ႕မရဲစခန္းကသိရပါတယ္။

လွည္းကူးၿမိဳ႕နယ္ ေက်ာက္အိုင္ေက်း႐ြာက မစန္းစန္းခိုင္ နဲ႔ ခင္ပြန္းျဖစ္သူ ကိုေအာင္ကိုဦး တို႔စကားမ်ားရန္ျဖစ္ခ်ိန္မွာ တစ္ၿခံတည္းေန မစန္းစန္းခိုင္ရဲ႕ ခဲအိုျဖစ္သူ ကိုသိန္းေဇာ္ဦး ေရာက္ရွိလာၿပီး လင္မယားရန္မျဖစ္ၾကဖိုု႕ ဖ်န္ေျဖခဲ့ရာ ကိုေအာင္ကိုဦးက သိန္းေဇာ္ဦးကို လက္သီးျဖင့္ထိုးခဲ့တယ္လိုု႕သိရပါတယ္။ အထိုုးခံရတဲ႕ ကိုသိန္းေဇာ္ဦးက ကိုေအာင္ကိုဦးကို အေလးခ်ိန္ ႏွစ္ေပါင္ခြဲခန႔္ရွိ သစ္သားအ႐ိုးတပ္ သံတူနဲ႔ ထုႏွက္ခဲ့တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

‟ေသဆုံးသူ လင္မယားကရန္ျဖစ္တာမွာ တရားခံနဲ႔ေသဆုံးသူက
မယားညီအစ္ကိုပါ ဝင္ၿပီးဆုံးမတာေပါ့ မင္းမလုပ္နဲ႔ဆိုၿပီးဆုံးမတာ ကိုေသဆုံးသူကျပန္လုပ္ေတာ့ အနားမွာရွိတဲ့သံတူနဲ႔ထုလိုက္တာ ေသေစခ်င္တဲ့သေဘာေတာ့မဟုတ္ေပမယ့္ ေဒါသေၾကာင့္ျဖစ္ၾကတာပါ တရားခံလည္းမိထားပါၿပီလို႔”
လွည္းကူးၿမိဳ႕မ ရဲစခန္းမွ ရဲမႉးေမာင္ေမာင္ဦးက ေျပာပါတယ္။

ျဖစ္စဥ္ေၾကာင့္ ေသဆုံးသူကိုသံတူျဖင့္ထုသတ္ခဲ့သူဦးတင္သိန္းရဲ႕သား အသက္(၃၇)ႏွစ္ရွိ ကိုသိန္ေဇာ္ဦးကိုေသဆုံးသူရဲ႕ဇနီးမစန္းစနိးခိုင္က တရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ လွည္းကူးၿမိဳ႕မရဲတပ္ဖြဲစခန္းက(ပ)၅၆၅/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ျဖင့္ အမႈ႕ဖြင့္ဖမ္းဆီးထားတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #လွည္းကူး #သံတူနဲ႕ထုုတဲ႕လူသတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW