မင်းလှမြို့က တရားမဝင်ရေနံချက်ဖိုတွေကို တိုင်းဝန်ကြီးကိုယ်တိုင်ဆင်းဖမ်း

မင်းလှမြို့က တရားမဝင်ရေနံချက်ဖိုတွေကို တိုင်းဝန်ကြီးကိုယ်တိုင်ဆင်းဖမ်း မင်းလှ၊ မတ်၆-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်အတွင်း ဓာတ်ကုန်းကျေးရွာရဲ့အနီးက တောအုပ်လျိုမြောင်အတွင်းမှာ တရားမဝင်ချက်လုပ်နေတဲ့ ရေနံဖိုတွေကို မနေ့မတ်လ ၅ရက်နေ့က မကွေးတိုင်းအစိုးရ သယံဇာတဝန်ကြီးကိုယ်တိုင် ပါဝင်ဖမ်းဆီးခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းက ပြောပါတယ်။ ”ဟုတ်ပါတယ်ဝန်ကြီးရယ်၊ ရေနံမနယ်မြေရဲစခန်းရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရယ် ဖမ်းတာပါ၊ ဝန်ကြီးရဲ့သတင်းအရ ဖမ်းတာပါ၊ ရေနံမနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီး တရားခံရရှိရေး လုပ်ဆောင်နေပါတယ်”လို့ ရေနံမနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်မင်းဦးကပြောပါတယ်။ ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် ရေနံချက်ဖို၅ဖိုခန့်ကို ဝန်ကြီးကိုယ်တိုင်ပါဝင်ဖမ်းဆီးရာမှာတော့ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေနံမနယ်မြေရဲစခန်းက (ပ)၂၃/၂၀၂၀ ၊ (ပ)၂၄/၂၀၂၀၊ (ပ)၂၅/၂၀၂၀ ၊ (ပ)၂၆/၂၀၂၀ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇အရ အမှုဖွင့်ခဲ့ပြီး ရေနံချက်ဖို ပိုင်ရှင်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မင်းလှ #တရားမဝင်ရေနံချက်ဖို…

Read More

လုပ်ခလစာမပေးဘဲ ထွက်ပြေးသွားတဲ့စက်ရုံပိုင်ရှင်ကို အလုပ်သမားဝန်ကြီးဌာနက တရားစွဲမယ်၊

လုပ်ခလစာမပေးဘဲ ထွက်ပြေးသွားတဲ့စက်ရုံပိုင်ရှင်ကို အလုပ်သမားဝန်ကြီးဌာနက တရားစွဲမယ်၊ ရန်ကုန် မတ် ၆-၂၀၂၀ သိဂီ ၤ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၂ ထဲက Myanmar Royal Apolo အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်လင်မယား ၂ဦးစလုံးဟာ အလုပ်သမားတွေကို လုပ်ခလစာတွေမပေးဘဲ ထွက်ပြေးသွားတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနက တရားစွဲမယ်လို့ သိရပါတယ်။ ” ဥပဒေအရဆိုရင် ပိုင်ရှင်ကိုအရင်တရားစွဲရမယ်၊ ပိုင်ရှင်က လာရောက်မဖြေရှင်းတော့မှ တရားရုံးက အမိနိ့ချပြီး အလုပ်သမားတွေအတွက် တစ်ခုခုလုပ်ရမယ်၊ နောက်တခုက အထက်ကညွှန်ကြားရင် စက်ရုံပိတ် ပစ္စည်းတွေကို လေလံတင်ရောင်း ၊ စီစဉ်ရမယ်။ ခုထိတော့ ဘာမှမသိရသေးဘူး။ စာရွက်စာတမ်းမှာ အမည်ပေါက်တဲ့ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား၊ စက်ရုံမှာအုပ်ချုပ်ပြီး ငွေပေးတာက ခုထွက်ပြေးသွားတဲ့ တရုတ်နိုင်ငံသားလီလီဖြစ်တယ်။ တရားစွဲမှာဖြစ်တယ်။”လို့ ရွှေပြည်သာမြို့နယ် အလုပ်သမားစိစစ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်လတ်ကပြောပါတယ်။ အဲ့ဒီလို အလုပ်ရှင်က လုပ်ခလစာမပေးသွားတဲ့အတွက် စက်ရုံကအလုပ်သမား ၅၀၀ လောက်ဟာ…

Read More

ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ လန်ဒန်လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းခံရ

ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ လန်ဒန်လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းခံရ လန်ဒန်၊ မတ်-၆-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေအတွက် ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လန်ဒန်လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက မတ် ၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အပေါ် နှုတ်ဆိတ်နေတဲ့အပြင် မကြာသေးမီက နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာပြုလုပ်ခဲ့တဲ့ ကြာနားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရနဲ့ အနီးကပ်ရပ်တည်ခဲ့တာတွေကြောင့် ဆုကိုရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီဆုကိုပြန်ရုပ်သိမ်းဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ မြို့တော်ကော်ပိုရေးရှင်းက မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ဆုကို ယာယီဆိုင်းငံခြင်းသာပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာတော့ အပြီးရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ဆုရုပ်သိမ်းလိုက်တဲ့ မကြုံစဖူးဆုံးဖြတ်ချက်ဟာ မြို့တော်ကော်ပိုရေးရှင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံဘဲ ပြစ်တင်ရှုတ်ချတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးကော်မတီဥက္ကဌ ဆာဒေးဗစ်ဝုတန်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ…

Read More

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လင်မယား၂ဦးလုံးထွက်ပြေး

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လင်မယား၂ဦးလုံးထွက်ပြေး ရန်ကုန် မတ် ၆-၂၀၂၀ သိဂီ ၤ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၂ ထဲက Myanmar Royal Apolo အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်လင်မယား ၂ဦးဟာ စက်ရုံအလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ထွက်ပြေးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” စက်ရုံပိတ်တာမဟုတ်ဘူး၊ အလုပ်ရှင်က လခမပေးဘဲ ထွက်ပြေးသွားတာ။ အစပိုင်းက စက်ရုံတံခါးပိတ်ထားတယ်။ နောက်တော့ တံခါးဖွင့်ပြီး အတင်းပြန်လွှတ်တယ်။ အလုပ်သမားတာဝန်ရှိသူတွေလာတယ်၊ မညှိဘူး ပြန်သွားတယ်။”လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးဖို့ စက်ရုံရှေ့ရောက်နေတဲ့ STUM ရဲ့စည်းရုံးရေးမှူး မမျိုးအေးကပြောပါတယ်။ စက်ရုံပိုင်ရှင်လင်မယား ၂ ယောက်စလုံး စက်ရုံမှာမရှိတော့တာကို အလုပ်သမားတွေအနေနဲ့ မတ်လ ၅ ရက်နေ့ လစာထုတ်ရက်မှာမှ သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒီအခြေအနေကို သိရှိပြီးနောက်ပိုင်း စက်ရုံမှာ အငြင်းပွားဖွယ်ရာ အခြေအနေဖြစ်ပေါ်ခဲ့တဲ့အတွက် နယ်မြေရဲတပ်ဖွဲ့ ရောက်လာခဲ့သလို အလုပ်သမားဝန်ကြီးဌာနဘက်က သက်ဆိုင်ရာ…

Read More

သဲကောကြီးကျေးရွာမှာ ဝါယာရှော့ဖြစ်မီးလောင်ခဲ့ပြီး နေအိမ်(၁၅)လုံးမီးလောင်ပျက်စီး

သဲကောကြီးကျေးရွာမှာ ဝါယာရှော့ဖြစ်မီးလောင်ခဲ့ပြီး နေအိမ်(၁၅)လုံးမီးလောင်ပျက်စီး နေပြည်တော်၊ မတ် ၆-၂၀၂၀ ကိုထွန်း(VOM) လယ်ဝေးမြို့နယ်၊သဲကောကြီးကျေးရွာအုပ်စု၊သဲကောကြီးကျေးရွာမှာ ဒီကနေ့မနက် ၂နာရီအချိန်ခန့်က မီးစလောင်တဲ့နေအိမ်ရဲ့ အနောက်ဖက်ရှိ နွားတင်းကုတ်မှာသွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးက ဝါယာရှော့ဖြစ်ပြီး နွားစာကောက်ရိုးတွေပေါ်ကို မီးပွားကျရာကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာကို နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ ကျေးရွာနေပြည်သူတွေနဲ့ မီးသတ်ယာဉ်(၂၂)စီး၊ ရေသယ်ယာဉ်(၁၀)စီးတို့နဲ့ ဝိုင်းဝန်ငြိမ်းသတ်ကြရာ မနက်(၃)နာရီအချိန်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုကြောင့် နေအိမ်(၁၅)လုံး မီးကူးစက်လောင်ကျွမ်းခံရပြီး ကာလတန်ဖိုး ၁၂သိန်းကျော်ခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိဘူးလို့လည်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားချိန် နေအိမ်ပိုင်ရှင်ရဲ့ဇနီးဖြစ်သူ (၄၁)နှစ်အရွယ် အမျိုးသမီးသာရှိပြီး မီးပေါ့ဆစွာအသုံးပြုတဲ့အတွက် အေလာနယ်မြေရဲစခန်းက (ပ)၃၅/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #လယ်ဝေး #မီးလောင်မှု #အိမ်၁၅လုံးမီးလောင် Zawgyi သဲကောကြီးကျေးရွာမှာ ဝါယာရှော့ဖြစ်မီးလောင်ခဲ့ပြီး နေအိမ်(၁၅)လုံးမီးလောင်ပျက်စီး နေပြည်တော်၊ မတ်…

Read More
VOM News

FREE
VIEW