လုပ်ခလစာမပေးဘဲ ထွက်ပြေးသွားတဲ့စက်ရုံပိုင်ရှင်ကို အလုပ်သမားဝန်ကြီးဌာနက တရားစွဲမယ်၊

လုပ်ခလစာမပေးဘဲ ထွက်ပြေးသွားတဲ့စက်ရုံပိုင်ရှင်ကို အလုပ်သမားဝန်ကြီးဌာနက တရားစွဲမယ်၊

ရန်ကုန် မတ် ၆-၂၀၂၀
သိဂီ ၤ(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၂ ထဲက Myanmar Royal Apolo အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်လင်မယား ၂ဦးစလုံးဟာ အလုပ်သမားတွေကို လုပ်ခလစာတွေမပေးဘဲ ထွက်ပြေးသွားတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနက တရားစွဲမယ်လို့ သိရပါတယ်။

” ဥပဒေအရဆိုရင် ပိုင်ရှင်ကိုအရင်တရားစွဲရမယ်၊ ပိုင်ရှင်က လာရောက်မဖြေရှင်းတော့မှ တရားရုံးက အမိနိ့ချပြီး အလုပ်သမားတွေအတွက် တစ်ခုခုလုပ်ရမယ်၊ နောက်တခုက အထက်ကညွှန်ကြားရင် စက်ရုံပိတ် ပစ္စည်းတွေကို လေလံတင်ရောင်း ၊ စီစဉ်ရမယ်။ ခုထိတော့ ဘာမှမသိရသေးဘူး။ စာရွက်စာတမ်းမှာ အမည်ပေါက်တဲ့ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား၊ စက်ရုံမှာအုပ်ချုပ်ပြီး ငွေပေးတာက ခုထွက်ပြေးသွားတဲ့ တရုတ်နိုင်ငံသားလီလီဖြစ်တယ်။ တရားစွဲမှာဖြစ်တယ်။”လို့ ရွှေပြည်သာမြို့နယ် အလုပ်သမားစိစစ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်လတ်ကပြောပါတယ်။

အဲ့ဒီလို အလုပ်ရှင်က လုပ်ခလစာမပေးသွားတဲ့အတွက် စက်ရုံကအလုပ်သမား ၅၀၀ လောက်ဟာ လုပ်ခလစာမရရှိဘဲ အငြင်းပွားမှုတွေလည်း ဖြစ်နေပါတယ်။

” မနေ့ကမှ လစာထုတ်ခါနီးကျမှ အလုပ်ရှင်ထွက်ပြေးသွားမှန်းသိရတယ်။ ခုချိန်ထိအဖြေ အတိကျမသိရသေးဘူး။ အလုပ်သမားအဖွဲ့တွေတော့ လာဆွေးနွေးနေတယ်။ စက်ရုံပိတ်ပြီး ဒေဝါလီခံပြီး ပစ္စည်းတွေရောင်းချပြီး အလုပ်သမားတွေကိုလျော်ကြေးပေးမယ်သိရတယ်။ ဘယ်နေ့ရမှာလဲ ဘယ်တော့လဲဆိုတာ ဘာမှမသိရသေးဘူး။ အိမ်လဲမပြန်ရဘူး အိမ်မှာ အဆောင်ရှင်တွေက လခတောင်းနေပြီ။ ပစ္စည်းကရောင်းရင်ရော ဘာရမှာလဲ။ ” လို့ လုပ်ခလစာရဖို့စောင့်ဆိုင်းနေတဲ့ စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

လတ်တလောမှာ အလုပ်သမားအဖွဲ့နဲ့ အလုပ်သမားတွေ ဆွေးနွေးမှုအရ စက်ရုံကိုချိတ်ပိတ်ပြီး ဒေဝါလီ ခံကာ ရှိတဲ့ပစ္စည်းတွေရောင်းချပြီး ရတဲ့ငွေကြေးပမာဏအပေါ်မှာ အလုပ်သမားတွေကို လုပ်ခလစာနဲ့ နှစ်အလိုက်ကြေးတွေပေးမှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

” ပစ္စည်းစာရင်းကောက်နေတယ်။ ပစ္စည်းရောင်းရငွေက ဘယ်လောက်ရမယ်ဆိုတာတော့မသိဘူး ။ လောလောဆယ်တော့ စက်ရုံပစ္စည်းတွေရောင်းပြီး အလုပ်သမားတွေ ကို လစာပေးမယ်သိရတယ်။ အလုပ်ရှင်မရှိတော့တာ မနေ့ကမှသိရတယ်။ ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားတယ်။” လို့ စက်ရုံ ဘဏ္ဍာရေးဌာနမှ ကိုစိုင်းကပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံအလုပ်သမား ၅၀၀ လောက်ဟာ လုပ်ခလစာရရှိဖို့အတွက် စက်ရုံထဲမှာ စောင့်ဆိုင်းနေတာဖြစ်ပြီး အလုပ်သမားမိသားစုတွေဟာလည်း စက်ရုံရှေ့မှာ လာရောက်စောင့်ဆိုင်းနေကြပါတယ်။

ကနဦးတွက်ချက်မှုအရ အလုပ်သမားတွေကို လုပ်ခလစာ သိန်းပေါင်း ၁၂၀၀ ကျော် ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီစက်ရုံဟာ လွန်ခဲ့တဲ့ ၄ နှစ်ကမှ စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး စက်ရုံရဲ့ အထည်ထွက်ရှိမှုက အထည်ချုပ်လိုင်းတစ်လိုင်းကို တစ်နာရီကို ဘောင်းဘီအထည် ၇၀ အထက် ချုပ်လုပ်ပြီးစီးတဲ့အတွက် စက်ရုံဟာအရှုံးပေါ်စရာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

ဒီစက်ရုံကို ငှါးရမ်းလုပ်ကိုင်ခဲ့တာဖြစ်သလို တခြားအသုံးအဆောင်တွေဖြစ်တဲ့ မီးစက် ၊ကား အများစုဟာလည်း ကိုယ်ပိုင်ပစ္စည်းတွေမဟုတ်ဘဲ အငှါးတွေသာဖြစ်တယ်လို့လည်း သိရပြီး လက်ရှိမှာ စက်ရုံအတွင်းက ပစ္စည်းတွေကို စာရင်းကောက်ယူနေတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #လခမပေးဘဲထွက်ပြေးတဲ့အလုပ်ရှင် #အလုပ်သမားဝန်ကြီးဌာန #တရားစွဲမယ်

Zawgyi

လုပ္ခလစာမေပးဘဲ ထြက္ေျပးသြားတဲ့စက္႐ုံပိုင္႐ွင္ကို အလုပ္သမားဝန္ႀကီးဌာနက တရားစြဲမယ္၊

ရန္ကုန္ မတ္ ၆-၂၀၂၀
သိဂီ ၤ(VOM)

ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာစက္မႈဇုန္၂ ထဲက Myanmar Royal Apolo အထည္ခ်ဳပ္ စက္႐ုံပိုင္႐ွင္တရုတ္လင္မယား ၂ဦးစလုံးဟာ အလုပ္သမားေတြကို လုပ္ခလစာေတြမေပးဘဲ ထြက္ေျပးသြားတဲ့အတြက္ အလုပ္သမားဝန္ႀကီးဌာနက တရားစြဲမယ္လုိ႔ သိရပါတယ္။

” ဥပေဒအရဆိုရင္ ပိုင္႐ွင္ကိုအရင္တရားစြဲရမယ္၊ ပိုင္႐ွင္က လာေရာက္မေျဖ႐ွင္းေတာ့့မွ တရား႐ုံးက အမိနိ႔ခ်ၿပီး အလုပ္သမားေတြအတြက္ တစ္ခုခုလုပ္ရမယ္၊ ေနာက္တခုက အထက္ကၫႊန္ၾကားရင္ စက္ရုံပိတ္ ပစၥည္းေတြကို ေလလံတင္ေရာင္း ၊ စီစဥ္ရမယ္။ ခုထိေတာ့ ဘာမွမသိရေသးဘူး။ စာရြက္စာတမ္းမွာ အမည္ေပါက္တဲ့ပိုင္႐ွင္ကေတာ့ ျမန္မာႏိုင္ငံသား၊ စက္႐ုံမွာအုပ္ခ်ဳပ္ၿပီး ေငြေပးတာက ခုထြက္ေျပးသြားတဲ့ တရုတ္နိုင္ငံသားလီလီျဖစ္တယ္။ တရားစြဲမွာျဖစ္တယ္။”လို႔ ေရႊျပည္သာၿမိဳ႕နယ္ အလုပ္သမားစိစစ္ေရးဦးစီးဌာန ဦးစီးအရာ႐ွိ ဦးေဇာ္ေဇာ္လတ္ကေျပာပါတယ္။

အဲ့ဒီလို အလုပ္ရွင္က လုပ္ခလစာမေပးသြားတဲ့အတြက္ စက္ရံုကအလုပ္သမား ၅၀၀ ေလာက္ဟာ လုပ္ခလစာမရ႐ွိဘဲ အျငင္းပြားမႈေတြလည္း ျဖစ္ေနပါတယ္။

” မေန႔ကမွ လစာထုတ္ခါနီးက်မွ အလုပ္႐ွင္ထြက္ေျပးသြားမွန္းသိရတယ္။ ခုခ်ိန္ထိအေျဖ အတိက်မသိရေသးဘူး။ အလုပ္သမားအဖြဲ႔ေတြေတာ့ လာေဆြးေႏြးေနတယ္။ စက္႐ုံပိတ္ၿပီး ေဒဝါလီခံၿပီး ပစၥည္းေတြေရာင္းခ်ၿပီး အလုပ္သမားေတြကိုေလ်ာ္ေၾကးေပးမယ္သိရတယ္။ ဘယ္ေန႔ရမွာလဲ ဘယ္ေတာ့လဲဆိုတာ ဘာမွမသိရေသးဘူး။ အိမ္လဲမျပန္ရဘူး အိမ္မွာ အေဆာင္႐ွင္ေတြက လခေတာင္းေနၿပီ။ ပစၥည္းကေရာင္းရင္ေရာ ဘာရမွာလဲ။ ” လို႔ လုပ္ခလစာရဖို႔ေစာင့္ဆိုင္းေနတဲ့ စက္႐ုံအလုပ္သမားတစ္ဦးကေျပာပါတယ္။

လတ္တေလာမွာ အလုပ္သမားအဖြဲ႔နဲ႔ အလုပ္သမားေတြ ေဆြးေႏြးမႈအရ စက္႐ုံကိုခ်ိတ္ပိတ္ၿပီး ေဒဝါလီ ခံကာ ႐ွိတဲ့ပစၥည္းေတြေရာင္းခ်ၿပီး ရတဲ့ေငြေၾကးပမာဏအေပၚမွာ အလုပ္သမားေတြကို လုပ္ခလစာနဲ႔ ႏွစ္အလိုက္ေၾကးေတြေပးမွာျဖစ္တယ္လို႔ ကနဦးသတင္းေတြအရ သိရပါတယ္။

” ပစၥည္းစာရင္းေကာက္ေနတယ္။ ပစၥည္းေရာင္းရေငြက ဘယ္ေလာက္ရမယ္ဆိုတာေတာ့မသိဘူး ။ ေလာေလာဆယ္ေတာ့ စက္႐ုံပစၥည္းေတြေရာင္းၿပီး အလုပ္သမားေတြ ကို လစာေပးမယ္သိရတယ္။ အလုပ္႐ွင္မ႐ွိေတာ့တာ မေန႔ကမွသိရတယ္။ ဖုန္းဆက္ေတာ့လည္း ဖုန္းပိတ္ထားတယ္။” လို႔ စက္႐ုံ ဘ႑ာေရးဌာနမွ ကိုစိုင္းကေျပာပါတယ္။

လက္႐ွိမွာေတာ့ စက္႐ုံအလုပ္သမား ၅၀၀ ေလာက္ဟာ လုပ္ခလစာရ႐ွိဖို႔အတြက္ စက္႐ုံထဲမွာ ေစာင့္ဆိုင္းေနတာျဖစ္ၿပီး အလုပ္သမားမိသားစုေတြဟာလည္း စက္႐ုံေရွ႕မွာ လာေရာက္ေစာင့္ဆိုင္းေနၾကပါတယ္။

ကနဦးတြက္ခ်က္မွုအရ အလုပ္သမားေတြကို လုပ္ခလစာ သိန္းေပါင္း ၁၂၀၀ ေက်ာ္ ေပးေဆာင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီစက္႐ုံဟာ လြန္ခဲ့တဲ့ ၄ ႏွစ္ကမွ စတင္ဖြင့္လွစ္ထားတာျဖစ္ၿပီး စက္႐ုံရဲ႕ အထည္ထြက္႐ွိမႈက အထည္ခ်ဳပ္လိုင္းတစ္လိုင္းကို တစ္နာရီကုိ ေဘာင္းဘီအထည္ ၇၀ အထက္ ခ်ဳပ္လုပ္ၿပီးစီးတဲ့အတြက္ စက္႐ုံဟာအ႐ႈံးေပၚစရာမ႐ွိဘူးလို႔ အလုပ္သမားေတြကေျပာပါတယ္။

ဒီစက္႐ုံကို ငွါးရမ္းလုပ္ကိုင္ခဲ့တာျဖစ္သလို တျခားအသုံးအေဆာင္ေတြျဖစ္တဲ့ မီးစက္ ၊ကား အမ်ားစုဟာလည္း ကိုယ္ပိုင္ပစၥည္းေတြမဟုတ္ဘဲ အငွါးေတြသာျဖစ္တယ္လို႔လည္း သိရၿပီး လက္႐ွိမွာ စက္႐ုံအတြင္းက ပစၥည္းေတြကို စာရင္းေကာက္ယူေနတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #လခမေပးဘဲထြက္ေျပးတဲ့အလုပ္ရွင္ #အလုပ္သမားဝန္ႀကီးဌာန #တရားစြဲမယ္

Related posts

Leave a Comment

VOM News

FREE
VIEW