ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ လန်ဒန်လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းခံရ

ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ လန်ဒန်လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းခံရ

လန်ဒန်၊ မတ်-၆-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေအတွက် ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လန်ဒန်လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက မတ် ၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အပေါ် နှုတ်ဆိတ်နေတဲ့အပြင် မကြာသေးမီက နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာပြုလုပ်ခဲ့တဲ့ ကြာနားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရနဲ့ အနီးကပ်ရပ်တည်ခဲ့တာတွေကြောင့် ဆုကိုရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီဆုကိုပြန်ရုပ်သိမ်းဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ မြို့တော်ကော်ပိုရေးရှင်းက မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ဆုကို ယာယီဆိုင်းငံခြင်းသာပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာတော့ အပြီးရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဆုရုပ်သိမ်းလိုက်တဲ့ မကြုံစဖူးဆုံးဖြတ်ချက်ဟာ မြို့တော်ကော်ပိုရေးရှင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံဘဲ ပြစ်တင်ရှုတ်ချတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးကော်မတီဥက္ကဌ ဆာဒေးဗစ်ဝုတန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက်လှုပ်ရှားခဲ့ပြီး ငြိမ်းချမ်း၊လုံခြုံ၊ လွတ်လပ်တဲ့ လူ့ဘောင်တည်ထောင်ဖို့ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုမှုအဖြစ် ၂၀၁၇ ခုနှစ်မှာ စီးတီးကော်ပိုရေးရှင်းက လန်ဒန်လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

Ref :City AM Photo:AFP
#VOM #voiceofmyanmar #လန်ဒန် #ဒေါ်အောင်ဆန်းစုကြည် #ဂုဏ်ထူးဆောင်ဆုပြန်သိမ်း

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ကိုေပးအပ္ထားတဲ႔ လန္ဒန္လြတ္ေျမာက္ေရးဂုဏ္ထူးေဆာင္ဆု ျပန္ရုပ္သိမ္းခံရ

လန္ဒန္၊ မတ္-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ျမန္မာနုိင္ငံက ရိုဟင္ဂ်ာေတြအေပၚ ဖိနိွပ္မႈေတြအတြက္ ျပစ္တင္ရႈတ္ခ်ဖို႔ ပ်က္ကြက္တယ္ဆိုျပီး နို္င္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေပးအပ္ထားတဲ႔ လန္ဒန္လြတ္ေျမာက္ေရး ဂုဏ္ထူးေဆာင္ဆုကို ျပန္ရုပ္သိမ္းဖို႔ လန္ဒန္ျမိဳ႕ေတာ္ေကာ္ပိုေရးရွင္းက မတ္ ၅ ရက္မွာ ဆံုးျဖတ္လိုက္ပါတယ္။

ျမန္မာနိုင္ငံဟာ ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္ခဲ႔တယ္ဆိုတဲ႔အေပၚ နႈတ္ဆိ္တ္ေနတဲ႔အျပင္ မၾကာေသးမီက နယ္သာလန္နို္င္ငံ သည္ဟိဂ္မွာျပဳလုပ္ခဲ႔တဲ႔ ၾကာနားမႈမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာအစိုးရနဲ႔ အနီးကပ္ရပ္တည္ခဲ႔တာေတြေၾကာင္႔ ဆုကိုရုပ္သိမ္းဖို႔ ဆံုးျဖတ္ခဲ႔တာျဖစ္တယ္လုိ႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဒီဆုကိုျပန္ရုပ္သိမ္းဖို႕ ၂၀၁၉ ခုနွစ္ ဇန္န၀ါရီလမွာ ျမိဳ႕ေတာ္ေကာ္ပိုေရးရွင္းက မဲခြဲဆံုးျဖတ္ခဲ႔ေပမယ္႔ ဆုကို ယာယီဆိုင္းငံျခင္းသာျပဳလုပ္ခဲ႔ျပီး တစ္နွစ္ေက်ာ္အၾကာမွာေတာ႔ အျပီးရုပ္သိမ္းလိုက္တာျဖစ္ပါတယ္။

ဆုရုပ္သိမ္းလိုက္တဲ႔ မၾကံဳစဖူးဆံုးျဖတ္ခ်က္ဟာ ျမိဳ႕ေတာ္ေကာ္ပိုေရးရွင္းအေနနဲ႔ ျမန္မာနုိင္ငံမွာ ျဖစ္ပြားခဲ႔တဲ႔ လူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈေတြကို လက္မခံဘဲ ျပစ္တင္ရႈတ္ခ်တယ္ဆိုတာကို ေဖာ္ျပလိုက္တာျဖစ္တယ္လုိ႔ ဆုေရြးခ်ယ္ေရးေကာ္မတီဥကၠဌ ဆာေဒးဗစ္၀ုတန္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီမိုကေရစီအေရးအတြက္ နွစ္ေပါင္းမ်ားစြာ အၾကမ္းမဖက္လႈပ္ရွားခဲ႔ျပီး ျငိမ္းခ်မ္း၊လံုျခံဳ၊ လြတ္လပ္တဲ႔ လူ႔ေဘာင္တည္ေထာင္ဖို႔ ခိုင္မာတဲ႔ယံုၾကည္ခ်က္နဲ႔ လုပ္ေဆာင္မႈေတြကို အသိိအမွတ္ျပဳမႈအျဖစ္ ၂၀၁၇ ခုနွစ္မွာ စီးတီးေကာ္ပိုေရးရွင္းက လန္ဒန္လြတ္ေျမာက္ေရး ဂုဏ္ထူးေဆာင္ဆုကို ခ်ီးျမွင္႔ခဲ႔တာျဖစ္ပါတယ္။

Ref :City AM Photo:AFP
#VOM #voiceofmyanmar #လန္ဒန္ #ေဒၚေအာင္ဆန္းစုၾကည္ #ဂုဏ္ထူးေဆာင္ဆုျပန္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW