Pacific သံရည်ကျိုစက်ရုံ အလုပ်သမားကိစ္စ NLD ဗဟိုရုံးကခုချိန်ထိ ဖြေရှင်းပေးတာမရှိလို့ အလုပ်သမားတွေအခက်အခဲဖြစ်

Pacific သံရည်ကျိုစက်ရုံ အလုပ်သမားကိစ္စ NLD ဗဟိုရုံးကခုချိန်ထိ ဖြေရှင်းပေးတာမရှိလို့ အလုပ်သမားတွေအခက်အခဲဖြစ်

ရန်ကုန် မတ် ၉ -၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားကိစ္စကို ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ( NLD )ဗဟိုရုံးက ဖြေရှင်းပေးမယ်ပြောပြီး အခုချိန်ထိ လာရောက်ဖြေရှင်းပေးတာမရှိသလို တစ်စုံတစ်ရာ အကြောင်းကြားတာလည်းမရှိသေးတဲ့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် စက်ရုံရှေ့မှာပဲ ဆန္ဒထုတ်ဖော်တောင်းဆိုတဲ့ ထိုင်သပိတ်ကို ဆက်လက်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

အလုပ်ရှင်၊ အလုပ်သမားပြသာနာ ဖြေရှင်းမပေးသရွေ့ သပိတ်စခန်းဆက်လက်ရှိနေမှာဖြစ်လို့ အလုပ်သမားသပိတ်ရံပုံငွေအတွက် အလှူခံမှုကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

” ဖြေရှင်းပေးမယ်ပြောပြီး ခုထိရောက်မလာသေးပါဘူး။ မထူးခြားရင်တော့ ကျနော်တို့ ထပ်ပြီးဖိအားပေးလုပ်သွားမှာပါ။ ကျနော်တို့ဖြစ်နေတာက အလုပ်စခေါ်တုန်းက တရက် ၉၀၀၀ နဲ့ခေါ်တယ်။ နောက်တော့ အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ဆိုပြီးလုပ်လိုက်တယ်။ အဲ့ဒီမှာမှ ပလပ် တွေပေါင်းပေးတယ်၊ ၉၀၀၀ လောက်တော့ရတယ်။ ဒါပေမယ့် အချိန်ပိုဆင်းတဲ့အခါမှ အဆင်မပြေတော့ဘူး။ အချိန်ပိုကြေးကို ၄၈၀၀ နူန်းနဲ့တွက်တယ် ၊ ကျန်းမာရေးခွင့်တွေဆို ၄၈၀၀ နဲ့ဖြတ်တယ်။ အန္တရာယ်ရှိတဲ့အရာတွေလည်း လုပ်ခိုင်းတယ်။ ဒါတွေဟာ ခုချိန်ထိ ဖြေရှင်းလို့မရသေးဘူး။၂၆ ရက်မြောက်ရှိလာပြီ”လို့ သပိတ်ခေါင်းဆောင် ကိုမြတ်မင်းက ပြောပါတယ်။

အလုပ်သမားတွေဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ တစ်နေ့လုပ်ခလစာ ၉၀၀၀ ရရှိဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်းက တောင်းဆိုနေကြတာဖြစ်ပါတယ်။

အဲ့ဒီလို တောင်းဆိုနေတဲ့ကာလမှာ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ခြင်းမရှိတဲ့အတွက် ငွေကြေးအခက်အခဲလည်း ရှိလာနေပြီလို့ ကိုမြတ်မင်းက ပြောပါတယ်။

အလုပ်သမားတွေဟာ ဒီအခြေအနေကိုဖြေရှင်းပေးဖို့ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ( NLD )ဗဟိုရုံးကို မတ်လ ၄ ရက်နေ့က သပိတ်ကိစ္စနဲ့ပတ်သက်ပြီး သွားရောက်တောင်းဆိုခဲ့ရာ ဖြေရှင်းပေးဖို့ သဘောတူညီမှုရခဲ့ပေမယ့် ခုချိန်ထိ လာရောက်ဖြေရှင်းမှု မရှိသေးပါဘူး။

အလုပ်သမား တွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ မေလကတည်းက တရက်လုပ်ခလစာ ၉၀၀၀ ကျပ်အစား ၄၈၀၀ သာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #သံရည်ကျိုစက်ရုံ #အလုပ်သမားကိစ္စ #NLDဗဟိုဖြေရှင်းမပေး #အလုပ်သမားတွေအခက်အခဲဖြစ်

Zawgyi

Pacific သံရည္က်ိဳစက္႐ုံ အလုပ္သမားကိစၥ NLD ဗဟို႐ုံးကခုခ်ိန္ထိ ေျဖ႐ွင္းေပးတာမ႐ွိလို႔ အလုပ္သမားေတြအခက္အခဲျဖစ္

ရန္ကုန္ မတ္ ၉ -၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႕၊ ေျမာင္းတကာစက္မွုဇုံ၊ Pacific သံရည္က်ိဳစက္႐ုံအလုပ္သမားကိစၥကို ျပည္တြင္းျပည္ပအလုပ္သမားေရးရာေကာ္မတီ( NLD )ဗဟို႐ုံးက ေျဖ႐ွင္းေပးမယ္ေျပာၿပီး အခုခ်ိန္ထိ လာေရာက္ေျဖ႐ွင္းေပးတာမ႐ွိသလို တစ္စုံတစ္ရာ အေၾကာင္းၾကားတာလည္းမ႐ွိေသးတဲ့အတြက္ အလုပ္သမားေတြ အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ စက္႐ုံေ႐ွ႕မွာပဲ ဆႏၵထုတ္ေဖာ္ေတာင္းဆိုတဲ့ ထိုင္သပိတ္ကို ဆက္လက္လုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။

အလုပ္႐ွင္၊ အလုပ္သမားျပသာနာ ေျဖ႐ွင္းမေပးသေရြ႔ သပိတ္စခန္းဆက္လက္႐ွိေနမွာျဖစ္လို႔ အလုပ္သမားသပိတ္ရံပုံေငြအတြက္ အလွဴခံမႈကို ဒီကေန႔မနက္ပိုင္းက ျပဳလုပ္ခဲ့ၾကပါတယ္။

” ေျဖရွင္းေပးမယ္ေျပာျပီး ခုထိေရာက္မလာေသးပါဘူး။ မထူးျခားရင္ေတာ့ က်ေနာ္တို႔ ထပ္ျပီးဖိအားေပးလုပ္သြားမွာပါ။ က်ေနာ္တို႔ျဖစ္ေနတာက အလုပ္စေခၚတုန္းက တရက္ ၉၀၀၀ နဲ႔ေခၚတယ္။ ေနာက္ေတာ့ အနိမ့္ဆုံးလုပ္ခလစာ ၄၈၀၀ ဆိုၿပီးလုပ္လိုက္တယ္။ အဲ့ဒီမွာမွ ပလပ္ ေတြေပါင္းေပးတယ္၊ ၉၀၀၀ ေလာက္ေတာ့ရတယ္။ ဒါေပမယ့္ အခ်ိန္ပိုဆင္းတဲ့အခါမွ အဆင္မေျပေတာ့ဘူး။ အခ်ိန္ပိုေၾကးကို ၄၈၀၀ ႏူန္းနဲ႔တြက္တယ္ ၊ က်န္းမာေရးခြင့္ေတြဆို ၄၈၀၀ နဲ႔ျဖတ္တယ္။ အႏၱရာယ္႐ွိတဲ့အရာေတြလည္း လုပ္ခိုင္းတယ္။ ဒါေတြဟာ ခုခ်ိန္ထိ ေျဖ႐ွင္းလို႔မရေသးဘူး။၂၆ ရက္ေျမာက္႐ွိလာၿပီ”လို႔ သပိတ္ေခါင္းေဆာင္ ကိုျမတ္မင္းက ေျပာပါတယ္။

အလုပ္သမားေတြဟာ လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္း႐ွင္းေရးနဲ႔ တစ္ေန႔လုပ္ခလစာ ၉၀၀၀ ရ႐ွိဖို႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ကတည္းက ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

အဲ့ဒီလို ေတာင္းဆိုေနတဲ့ကာလမွာ လုပ္ငန္းခြင္ဝင္ေရာက္လုပ္ကိုင္ျခင္းမ႐ွိတဲ့အတြက္ ေငြေၾကးအခက္အခဲလည္း ႐ွိလာေနၿပီလို႔ ကိုျမတ္မင္းက ေျပာပါတယ္။

အလုပ္သမားေတြဟာ ဒီအေျခအေနကိုေျဖ႐ွင္းေပးဖို႔ ျပည္တြင္းျပည္ပအလုပ္သမားေရးရာေကာ္မတီ( NLD )ဗဟို႐ုံးကို မတ္လ ၄ ရက္ေန႔က သပိတ္ကိစၥနဲ႔ပတ္သက္ၿပီး သြားေရာက္ေတာင္းဆိုခဲ့ရာ ေျဖ႐ွင္းေပးဖို႔ သေဘာတူညီမႈရခဲ့ေပမယ့္ ခုခ်ိန္ထိ လာေရာက္ေျဖ႐ွင္းမႈ မ႐ွိေသးပါဘူး။

အလုပ္သမား ေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ေမလကတည္းက တရက္လုပ္ခလစာ ၉၀၀၀ က်ပ္အစား ၄၈၀၀ သာရ႐ွိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #သံရည္က်ိဳစက္ရံု #အလုပ္သမားကိစၥ #NLDဗဟိုေျဖရွင္းမေပး #အလုပ္သမားေတြအခက္အခဲျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW