ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောစကားကို NLDပါတီတိုင်းဥက္ကဋ္ဌက ဗဟိုCECကိုတင်ပြမယ်

ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောစကားကို NLDပါတီတိုင်းဥက္ကဋ္ဌက ဗဟိုCECကိုတင်ပြမယ်

ပဲခူး၊ မတ် ၁၀-၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကျောက်တံခါး မြို့နယ် ဒေသခံလူထုနဲ့တွေ့ဆုံပွဲမှာ “တပ်မတော်အာဏာသိမ်းအောင် ပြည်သူတွေက ဖန်တီးခဲ့ကြခြင်းဖြစ်တယ် ”လို့ ပြောဆိုခဲ့တဲ့အတွက် NLDပါတီတိုင်းဥက္ကဋ္ဌက ဗဟိုCECကို တရားဝင်စာနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

‟တပ်မတော်က အာဏာသိမ်းအောင် အခြေအနေတွေကို ဘယ်သူကဖန်တီးခဲ့ကြလဲ၊ တိုင်းပြည်ကို ဗရုတ်ဗယက်ဖြစ်ပြီး တပ်မ‌တော်က အာဏာသိမ်းအောင် ဘယ်သူကဖန်တီးခဲ့ကြလဲ၊ ပြည်သူတွေက ဖန်တီးနေကြတာမဟုတ်လား ” စတဲ့စကားတွေကို လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

‟သူက စကားကိုလက်လွတ်စပယ်ပြောသလို ဖြစ်နေတယ်။ ကိုယ်ယူထားတဲ့တာဝန်၊ ကိုယ်ပြောတဲ့စကားနဲ့က အလုပ်အကြောင်းဘဲ ပြောတာကောင်းတယ်။ အခု ၂၀၂၀ရောက်တဲ့ကာလ ရွေးကောက်ပွဲကာလမှာ အစွန်းမလွတ်တဲ့စကား မပြောသင့်ဘူး။ ပြည်သူကို စော်ကားသလိုဖြစ်နေတယ်၊ လာမယ့် တိုင်းအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးပြီး ဗဟို CECကိုတရားဝင်စာနဲ့ ဒီကိစ္စကို ထိနိးထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးဖို့ တင်ပြသွားမှာပါ”NLDပါတီ ပဲခူးတိုင်းဥက္ကဋ္ဌ ဦးသိန်းဒန်ကပြောပါတယ်။

အဲဒီလိုပြောဆိုခဲ့တဲ့အပေါ် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက ‟နားလည်မှုလွဲတဲ့ကိစ္စမှာစပြီး ပရင့်တက်(printed)မီဒီယာတွေက ကျနော်တို့ကိုသေချာမေးသင့်ပါတယ်၊ ဆိုရှယ်မီဒီယာဆိုတာက ပရင့်တက်ကိုကြည့်ပြီး ဝေဖန်ကြတာကိုး၊ အဲဒီမှာ နားလည်မှုလွဲသွားနိုင်တယ်ပေါ့၊ ဒီပရင့်တက်လုပ်မယ့်သူတွေက သေချာမေးပြီးမှ လုပ်စေချင်တယ်၊ ဒီစကားလုံးသည် အခုလိုအခြေအနေမျိုးမှာ ပိုဆိုးပါတယ်၊ ကျနော်တို့က ဒီလိုလူစုလူဝေးတွေ့ဆုံပွဲတွေကို မြန်မြန်ပြီးစေချင်တော့ ချုံ့ရတာပေါ့၊ မီဒီယာကိုပြောတဲ့စကားနဲ့ အောက်ခြေတွေ့ ဆုံပွဲတွေမှာ မိသားစုဆန်ဆန်ဆွေးနွေးတဲ့ စကားတွေလုံးဝမတူဘူးဗျ၊ အဲဒီစကားလုံးတွေ မထည့်သင့်ဘူးထင်တယ်၊ မိသားစုခြင်းပြောတဲ့စကား၊ သူငယ်ချင်းချင်း နောက်တဲ့စကားတွေက ပရင့်မလုပ်သင့်ဘူး၊ လုပ်မယ်ဆိုလည်း ခွင့်တောင်းပြီးမှ လုပ်စေချင်တယ်”လို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ်က အခုလိုပြောစကားတွေကို လူထုတွေ့ဆုံပွဲမှာ ပြောခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မတ်လ ၉ရက်နေ့က ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က အရေးယူပေးဖို့ NLDပါတီကို စာတင်ပြတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပဲခူး #ဝန်ကြီးချုပ် #ပြောစကား #ဗဟိုNLDကိုတင်ပြမယ်

Zawgyi

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ရဲ႕ေျပာစကားကို NLDပါတီတိုင္းဥကၠ႒က ဗဟိုCECကိုတင္ျပမယ္

ပဲခူး၊ မတ္ ၁၀-၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းဟာ ၿပီးခဲ့တဲ့ မတ္လ ၇ ရက္ေန႔က ေက်ာက္တံခါး ၿမိဳ႕နယ္ ေဒသခံလူထုနဲ႔ေတြ႕ဆုံပြဲမွာ “တပ္မေတာ္အာဏာသိမ္းေအာင္ ျပည္သူေတြက ဖန္တီးခဲ့ၾကျခင္းျဖစ္တယ္ ”လို႔ ေျပာဆိုခဲ့တဲ့အတြက္ NLDပါတီတိုင္းဥကၠ႒က ဗဟိုCECကို တရားဝင္စာနဲ႔ ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ေပးဖို႔ တင္ျပေတာင္းဆိုသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

‟တပ္မေတာ္က အာဏာသိမ္းေအာင္ အေျခအေနေတြကို ဘယ္သူကဖန္တီးခဲ့ၾကလဲ၊ တိုင္းျပည္ကို ဗ႐ုတ္ဗယက္ျဖစ္ၿပီး တပ္မ‌ေတာ္က အာဏာသိမ္းေအာင္ ဘယ္သူကဖန္တီးခဲ့ၾကလဲ၊ ျပည္သူေတြက ဖန္တီးေနၾကတာမဟုတ္လား ” စတဲ့စကားေတြကို လူထုေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါတယ္။

‟သူက စကားကိုလက္လြတ္စပယ္ေျပာသလို ျဖစ္ေနတယ္။ ကိုယ္ယူထားတဲ့တာဝန္၊ ကိုယ္ေျပာတဲ့စကားနဲ႔က အလုပ္အေၾကာင္းဘဲ ေျပာတာေကာင္းတယ္။ အခု ၂၀၂၀ေရာက္တဲ့ကာလ ေ႐ြးေကာက္ပြဲကာလမွာ အစြန္းမလြတ္တဲ့စကား မေျပာသင့္ဘူး။ ျပည္သူကို ေစာ္ကားသလိုျဖစ္ေနတယ္၊ လာမယ့္ တိုင္းအလုပ္အမႈေဆာင္အစည္းအေဝးမွာ ေဆြးေႏြးၿပီး ဗဟို CECကိုတရားဝင္စာနဲ႔ ဒီကိစၥကို ထိနိးထိန္းသိမ္းသိမ္း ေဆာင္႐ြက္ေပးဖို႔ တင္ျပသြားမွာပါ”NLDပါတီ ပဲခူးတိုင္းဥကၠ႒ ဦးသိန္းဒန္ကေျပာပါတယ္။

အဲဒီလိုေျပာဆိုခဲ့တဲ့အေပၚ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းက ‟နားလည္မႈလြဲတဲ့ကိစၥမွာစၿပီး ပရင့္တက္(printed)မီဒီယာေတြက က်ေနာ္တို႔ကိုေသခ်ာေမးသင့္ပါတယ္၊ ဆိုရွယ္မီဒီယာဆိုတာက ပရင့္တက္ကိုၾကည့္ၿပီး ေဝဖန္ၾကတာကိုး၊ အဲဒီမွာ နားလည္မႈလြဲသြားႏိုင္တယ္ေပါ့၊ ဒီပရင့္တက္လုပ္မယ့္သူေတြက ေသခ်ာေမးၿပီးမွ လုပ္ေစခ်င္တယ္၊ ဒီစကားလုံးသည္ အခုလိုအေျခအေနမ်ိဳးမွာ ပိုဆိုးပါတယ္၊ က်ေနာ္တို႔က ဒီလိုလူစုလူေဝးေတြ႕ဆုံပြဲေတြကို ျမန္ျမန္ၿပီးေစခ်င္ေတာ့ ခ်ဳံ႕ရတာေပါ့၊ မီဒီယာကိုေျပာတဲ့စကားနဲ႔ ေအာက္ေျခေတြ႕ ဆုံပြဲေတြမွာ မိသားစုဆန္ဆန္ေဆြးေႏြးတဲ့ စကားေတြလုံးဝမတူဘူးဗ်၊ အဲဒီစကားလုံးေတြ မထည့္သင့္ဘူးထင္တယ္၊ မိသားစုျခင္းေျပာတဲ့စကား၊ သူငယ္ခ်င္းခ်င္း ေနာက္တဲ့စကားေတြက ပရင့္မလုပ္သင့္ဘူး၊ လုပ္မယ္ဆိုလည္း ခြင့္ေတာင္းၿပီးမွ လုပ္ေစခ်င္တယ္”လုိ႔ ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းကေျပာပါတယ္။

ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္က အခုလုိေျပာစကားေတြကို လူထုေတြ႔ဆံုပြဲမွာ ေျပာခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ မတ္လ ၉ရက္ေန႔က ပဲခူးတကၠသိုလ္ေက်ာင္းသားသမဂၢအဖြဲ႔က အေရးယူေပးဖို႔ NLDပါတီကို စာတင္ျပေတာင္းဆုိခဲ့တာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပဲခူး #ဝန္ႀကီးခ်ဳပ္ #ေျပာစကား #ဗဟိုNLDကိုတင္ျပမယ္

Related posts

Leave a Comment

VOM News

FREE
VIEW