ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောစကားကို NLDပါတီတိုင်းဥက္ကဋ္ဌက ဗဟိုCECကိုတင်ပြမယ်

ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောစကားကို NLDပါတီတိုင်းဥက္ကဋ္ဌက ဗဟိုCECကိုတင်ပြမယ် ပဲခူး၊ မတ် ၁၀-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကျောက်တံခါး မြို့နယ် ဒေသခံလူထုနဲ့တွေ့ဆုံပွဲမှာ “တပ်မတော်အာဏာသိမ်းအောင် ပြည်သူတွေက ဖန်တီးခဲ့ကြခြင်းဖြစ်တယ် ”လို့ ပြောဆိုခဲ့တဲ့အတွက် NLDပါတီတိုင်းဥက္ကဋ္ဌက ဗဟိုCECကို တရားဝင်စာနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ‟တပ်မတော်က အာဏာသိမ်းအောင် အခြေအနေတွေကို ဘယ်သူကဖန်တီးခဲ့ကြလဲ၊ တိုင်းပြည်ကို ဗရုတ်ဗယက်ဖြစ်ပြီး တပ်မ‌တော်က အာဏာသိမ်းအောင် ဘယ်သူကဖန်တီးခဲ့ကြလဲ၊ ပြည်သူတွေက ဖန်တီးနေကြတာမဟုတ်လား ” စတဲ့စကားတွေကို လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ ‟သူက စကားကိုလက်လွတ်စပယ်ပြောသလို ဖြစ်နေတယ်။ ကိုယ်ယူထားတဲ့တာဝန်၊ ကိုယ်ပြောတဲ့စကားနဲ့က အလုပ်အကြောင်းဘဲ ပြောတာကောင်းတယ်။ အခု ၂၀၂၀ရောက်တဲ့ကာလ ရွေးကောက်ပွဲကာလမှာ အစွန်းမလွတ်တဲ့စကား မပြောသင့်ဘူး။ ပြည်သူကို စော်ကားသလိုဖြစ်နေတယ်၊ လာမယ့် တိုင်းအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးပြီး ဗဟို…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမိုကရေစီပညာရေးသပိတ် (၅)နှစ်ပြည့်ပွဲကို အကျည်းချုံးသာကျင်းပခဲ့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမိုကရေစီပညာရေးသပိတ် (၅)နှစ်ပြည့်ပွဲကို အကျည်းချုံးသာကျင်းပခဲ့ မန္တလေး၊ မတ် ၁၀-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်းဘုန်းကြီးကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ဒီမိုကရေစီပညာရေးသပိတ် (၅)နှစ်ပြည့်အခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေရှိတဲ့အတွက် အကျဉ်းချုံးပြီးကျင်းပခဲ့ရတာဖြစ်ပါတယ်။ တကယ်ဆို Public Areaမှာ ပြရမှာဖြစ်တယ်၊ ဓာတ်ပုံမှတ်တမ်းပြပွဲတွေ ၊ ပန်းချီပြပွဲ ၊ကာတွန်းပြပွဲတွေ စသဖြင့် ထည့်သွင်းဖို့လိုအပ်တယ်။ နောက်တစ်ခုက ဟောပြောပွဲ၊ဆွေးနွေးပွဲတွေ ပါဝင်မှ ဒီရည်ရွယ်ချက်ကိုမြောက်မယ်။ ဒါပေမယ့်အခုအနေအထားမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတွေကြားမှာစိုးရိမ်မှုမြင့်တက်နေတဲ့အခါကြတော့ ၊ ပွဲကိုကြီးကြီးကျယ်ကျယ်ကျင်းပတာထက်စာရင် နည်းနည်းလေးအတိုးချုံးကျင်းပတာပိုကောင်းမယ်ဆိုတဲ့ဟာကလည်း တစ်ချက်၊ နောက် အခြေခံကျောင်းသားတွေကလည်း စာမေးပွဲဖြေဖို့ရာရှိတယ်။ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကလည်း စာမေးပွဲနီးကပ်နေတဲ့အတွက် ဒီလိုပွဲမျိုးတွေလုပ်ဖို့ရာ အရန်သင့်လုပ်ဖို့ရာမဖြစ်တော့ အခုလိုအကျဉ်းချုံးပြီးကျင်းပခဲ့တာပါ”လို့ ဒီမိုကရေစီပညာရေးသပိတ် (၅)နှစ်ပြည့်အခမ်းအနားကျင်းပရေး ကော်မတီဝင် ကိုအောင်မှိုင်းဆန်းကပြောပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဒီမိုကရေစီပညာရေးသပိတ် #၅နှစ်ပြည့်အခမ်းအနား #ကိုရိုနာဗိုင်းရပ်စ် Zawgyi ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမိုကရေစီပညာရေးသပိတ်…

Read More

ကချင်ပြည်နယ်ကနေ ကိုရီးယားနိုင်ငံကို ကျောက်စိမ်းအချောထည် စတင်ရောင်းချနေ

ကချင်ပြည်နယ်ကနေ ကိုရီးယားနိုင်ငံကို ကျောက်စိမ်းအချောထည် စတင်ရောင်းချနေ မြစ်ကြီးနား၊ မတ် ၁၀-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းဈေးကွက်သစ်အဖြစ် ကိုရီးယားနိုင်ငံကို ကျောက်စိမ်းအချောထည် တင်ပို့ရောင်းချမှု စတင်ပြုလုပ်နေပြီလို့ ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက ပြောပါတယ်။ ဝူဟန်ဘိုင်းရပ်ကြောင့် တရုပ်ဝယ်လက်အဝင်နည်းပြီး အကြပ်အတည်း တွေ့နေချိန်မှာ ကိုရီးယားနိုင်ငံကို ဈေးကွက်အသစ်ဖောက်တဲ့အနေနဲ့ အချောထည်ပစ္စည်းကို တရားဝင်လမ်းကြောင်းကနေ ရောင်းဝယ်မှုစတင်နေတာဖြစ်ပါတယ်။ ” ကျွန်တော်တို့အနေနဲ့ကတော့ ကျောက်စိမ်းပုတီး ၊ လက်ပတ်တို့လို အချောထည်တော့ တရားဝင် လမ်ကြောင်းကနေ နည်းနည်းပို့နေတယ်ပေါ့နော် အောင်မြင်မယ်၊မအောင်မြင်ဘူးတော့ မပြောနိုင်သေးဘူး။ တစ်လကို မြန်မာကျပ်ငွေ သိန်း ၂၀ ၊ ၃၀ဖိုးလောက်နဲ့တော့ ဈေးကွက်အသစ်ရဖို့ ထိုးဖောက်နေတာပေါ့ ” လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်း ကပြောပါတယ်။ လုပ်ခဲ့သမျှ ကျောက်မျက်ပြပွဲ‌တွေမှာလည်း တရုတ်ဝယ်လက်သာ အများဆုံးတွေ့ရပြီး ဥရောပဝယ်လက်ဆိုတာကလည်း တရုတ်လူမျိုးတွေသာ ဖြစ်နေတယ်လို့…

Read More

မြို့သာစက်မှုဇုန် ဆေးခြောက်စိုက်ခင်းအမှုက ကိုရှိန်းလတ်ကို ထောင်ဒဏ်အနှစ်(၂၀)ချမှတ်

မြို့သာစက်မှုဇုန် ဆေးခြောက်စိုက်ခင်းအမှုက ကိုရှိန်းလတ်ကို ထောင်ဒဏ်အနှစ်(၂၀)ချမှတ် မန္တလေး မတ် ၁၀-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြို့သာစက်မှုဇုန်အတွင်းက ဆေးခြောက်စိုက်ခင်းအမှုလို့ လူသိများတဲ့ အမှုမှာပါဝင်တဲ့ ကိုရှိန်းလတ်ကို အလုပ်နဲ့ထောင် အနှစ် ၂၀ ကျခံဖို့ မြင်းခြံခရိုင်တရားရုံးက ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ “တစ်နေ့မှ တစ်သောင်းရတဲ့အလုပ်သမားက ထောင်ဒဏ်ကျခံရတယ်၊ ဘာဆိုင်လို့လဲ။ နိုင်ငံခြားသားကျတော့ မိအောင်မဖမ်းနိုင်ဘူး။ အလုပ်သမားကိုချမယ်ဆိုလည်း အကုန်ချလေ၊ အများကြီးပဲ၊ အလုပ်သမားက ရှိန်းလတ်တစ်ယောက်တည်းမဟုတ်ဘူး။ ဒီအမိန့်ဟာ တစ်ဦးတည်းအပေါ် အပြစ်ပုံချလိုက်တာသာ ဖြစ်တယ်”လို့ ကိုရှိန်းလတ်ရဲ့ အမျိုးသမီးက ပြောပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်နီးပါးအချိန် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းမှာ မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်စိုက်ခင်း စိုက်ပျိုးထားတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးနောက် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်အတွင်းရှိ အမေရိကန်နိုင်ငံ III M ကုမ္ပဏီရဲ့ သုတေသနဲ့စိုက်ခင်းကို သက်ဆိုင်ရာက…

Read More

ကျောက်တော်မြို့နယ် လောင်းရှည်ရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံး

ကျောက်တော်မြို့နယ် လောင်းရှည်ရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံး ကျောက်တော်၊ မတ် ၁၀- ၂၀၂၀ ခိုင်လင်းစံ(VOM) ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီက လောင်ရှည်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ အဲဒီလက်နက်ကြီးကျည်ဟာ ငန်းတောင်ဖက်က လာတာဖြစ်ပြီး သေဆုံးသွားတဲ့အမျိုးသမီးဟာ မိမိအိမ်မှာထိုင်နေတဲ့အချိန် လက်နက်ကြီးကျည်စထိမှန်တဲ့အတွက် ဘယ်ဘက်ရင်ဘတ်ကို ဖောက်ထွက်သွားတယ်လို့ သိရပါတယ်။ ” ဒီကနေ့မနက် ၇ နာရီလောက်က ဖြစ်တာ။ ကိုယ့်အိမ်မှာကို မိသားစုတွေနဲ့ ဝိုင်းပြီးစကားပြောနေစဉ်မှာ လာကျတာ။ အရှေ့ဖက်ကမ်း ငန်းတောင်ဖက်ကနေပြီး ပစ်လိုက်တော့ သူ့ရင်ဘတ်က ဟိုဖက်ဒီဖက်ပေါက်သွားပြီး တစ်ခါတည်း အဲနေရာမှာပဲ သေသွားတာ။ နောက်ယောင်္ကျားလေးတစ်ယောက်ကတော့ ရွာထဲကလမ်းမှာသွားနေတုန်း ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ မနက်က တိုက်ပွဲဖြစ်တာတော့မရှိဘူး။” လို့ လောင်းရှည်ကျေးရွာက ဒေသခံအမည်မဖော်လိုသူက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒေါ်သန်းစိန်ဖြစ်ပြီး ဒဏ်ရာရရှိတဲ့…

Read More

မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်တွေကို အိန္ဒိယနိုင်ငံဘက်ကနေ ရက်အကန့်အသတ်မရှိစတင်ပိတ်သိမ်း

မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်တွေကို အိန္ဒိယနိုင်ငံဘက်ကနေ ရက်အကန့်အသတ်မရှိစတင်ပိတ်သိမ်း တမူး ၊ မတ် ၁၀-၂၀၂၀ သိဂီ ၤ( VOM) မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံဘက်က ဒီနေ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ပိတ်လိုက်ပြီဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနနယ်အမှတ် ၁ ဦးမြင့်နိုင်ဦးက VOM ကို ပြောပါတယ်။ တမူးခရိုင် ၊ တမူး – မိုးရေး ဝင်ပေါက် ထွက်ပေါက်ဂိတ် ၁ နဲ့၂ ကို အိန္ဒိယနိုင်ငံဘက်ကနေ စတင်ပိတ်လိုက်သလို မဏိပူရပြည်နယ်နဲ့ဆက်စပ်နေတဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက်အားလုံးကိုပါ ရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။နယ်စပ်ဂိတ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်ပါတယ်။ “ ကျွန်တော်တို့ဘက်ကိုတော့ ဒီနေ့ကနေ့ စတင်ပိတ်တယ်လို့သိရတယ်။ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားလို့ပိတ်လိုက်တာမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ပိတ်လိုက်တာဖြစ်ပါတယ်။ဒီလိုပိတ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုအပိုင်း ၊ စီးပွားရေးအပိုင်းထိခိုက်မှုတော့ရှိသွားတာပေါ့။နန့်ဖာလုံဈေးဆိုလည်း ပိတ်ထားရတဲ့အခြေအနေ ဖြစ်သွားတာပေါ့။”လို့ ဦးမြင့်နိုင်ဦးက ပြောပါတယ်။ လက်ရှိတရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအမြင့်ဆုံးနိုင်ငံဖြစ်နေတဲ့အပြင်…

Read More
VOM News

FREE
VIEW