မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်တွေကို အိန္ဒိယနိုင်ငံဘက်ကနေ ရက်အကန့်အသတ်မရှိစတင်ပိတ်သိမ်း

မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်တွေကို အိန္ဒိယနိုင်ငံဘက်ကနေ ရက်အကန့်အသတ်မရှိစတင်ပိတ်သိမ်း

တမူး ၊ မတ် ၁၀-၂၀၂၀
သိဂီ ၤ( VOM)

မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံဘက်က ဒီနေ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ပိတ်လိုက်ပြီဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနနယ်အမှတ် ၁ ဦးမြင့်နိုင်ဦးက VOM ကို ပြောပါတယ်။

တမူးခရိုင် ၊ တမူး – မိုးရေး ဝင်ပေါက် ထွက်ပေါက်ဂိတ် ၁ နဲ့၂ ကို အိန္ဒိယနိုင်ငံဘက်ကနေ စတင်ပိတ်လိုက်သလို မဏိပူရပြည်နယ်နဲ့ဆက်စပ်နေတဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက်အားလုံးကိုပါ ရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။နယ်စပ်ဂိတ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ဘက်ကိုတော့ ဒီနေ့ကနေ့ စတင်ပိတ်တယ်လို့သိရတယ်။ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားလို့ပိတ်လိုက်တာမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ပိတ်လိုက်တာဖြစ်ပါတယ်။ဒီလိုပိတ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုအပိုင်း ၊ စီးပွားရေးအပိုင်းထိခိုက်မှုတော့ရှိသွားတာပေါ့။နန့်ဖာလုံဈေးဆိုလည်း ပိတ်ထားရတဲ့အခြေအနေ ဖြစ်သွားတာပေါ့။”လို့ ဦးမြင့်နိုင်ဦးက ပြောပါတယ်။

လက်ရှိတရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအမြင့်ဆုံးနိုင်ငံဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံနဲ့လည်း နယ်နမိတ်ချင်းထိစပ်နေတာကြောင့် အိန္ဒိယနိုင်ငံကို ရောဂါကူးစက်မှုမရှိစေဖို့အတွက် ကြိုတင်တားဆီးကာကွယ်တဲ့အနေနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

“ပြန်ဖွင့်နိုင်မယ့် ရက်ကိုတော့မသိရှိရသေးပါ။ သိရှိနိုင်သမျှ နယ်စပ်ဒေသအခြေအနေသတင်းကို တင်ပြပေးသွားပါမယ့်။ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှုကြောင့်မဟုတ်ဘဲ ရောဂါကိုကြိုတင်ကာကွယ် တားဆီးလိုမှုကြောင့်ပိတ်ထားရခြင်းဖြစ်တယ်လို့သိရပါတယ်။”လို့ တမူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက လည်း ပြောဆိုထားပါတယ်။

Photo – ဦးနိုင်နိုင်ဝင်း

#VOM #voiceofmyanmar #တမူး #မြန်မာ- အိန္ဒိယနယ်စပ်ဂိတ် #အိန္ဒိယနိုင်ငံဘက်က #ရက်အကန့်အသတ်မရှိပိတ်သိမ်း

Zawgyi

ျမန္မာ- အိႏၵိယ နယ္စပ္ဂိတ္ေတြကို အိႏၵိယႏိုင္ငံဘက္ကေန ရက္အကန္႔အသတ္မရွိစတင္ပိတ္သိမ္း

တမူး ၊ မတ္ ၁၀-၂၀၂၀
သိဂီ ၤ( VOM)

ျမန္မာ- အိႏၵိယ နယ္စပ္ဂိတ္ကို အိႏၵိယႏိုင္ငံဘက္က ဒီေန႔ မတ္လ ၁၀ ရက္ေန႔ မနက္ပိုင္းကစတင္ၿပီး ပိတ္လိုက္ၿပီျဖစ္တယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္မဲဆႏၵနနယ္အမွတ္ ၁ ဦးျမင့္ႏိုင္ဦးက VOM ကို ေျပာပါတယ္။

တမူးခ႐ိုင္ ၊ တမူး – မိုးေရး ၀င္ေပါက္ ထြက္ေပါက္ဂိတ္ ၁ နဲ႔၂ ကို အိႏၵိယႏိုင္ငံဘက္ကေန စတင္ပိတ္လိုက္သလို မဏိပူရျပည္နယ္နဲ႔ဆက္စပ္ေနတဲ့ နယ္စပ္၀င္ေပါက္ ထြက္ေပါက္အားလုံးကိုပါ ရပ္ဆိုင္းလိုက္တာပဲျဖစ္ပါတယ္။နယ္စပ္ဂိတ္ေတြကို ရက္အကန္႔အသတ္မရွိ ပိတ္လိုက္တာျဖစ္ပါတယ္။

“ ကြၽန္ေတာ္တို႔ဘက္ကိုေတာ့ ဒီေန႔ကေန႔ စတင္ပိတ္တယ္လို႔သိရတယ္။ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားလို႔ပိတ္လိုက္တာမဟုတ္ပါဘူး။ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ပိတ္လိုက္တာျဖစ္ပါတယ္။ဒီလိုပိတ္လိုက္တဲ့အတြက္ ကုန္စည္စီးဆင္းမႈအပိုင္း ၊ စီးပြားေရးအပိုင္းထိခိုက္မႈေတာ့ရွိသြားတာေပါ့။နန္႔ဖာလုံေစ်းဆိုလည္း ပိတ္ထားရတဲ့အေျခအေန ျဖစ္သြားတာေပါ့။”လို႔ ဦးျမင့္ႏိုင္ဦးက ေျပာပါတယ္။

လက္ရွိတ႐ုတ္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈအျမင့္ဆုံးႏိုင္ငံျဖစ္ေနတဲ့အျပင္ ျမန္မာႏိုင္ငံနဲ႔လည္း နယ္နမိတ္ခ်င္းထိစပ္ေနတာေၾကာင့္ အိႏၵိယႏိုင္ငံကို ေရာဂါကူးစက္မႈမရွိေစဖို႔အတြက္ ႀကိဳတင္တားဆီးကာကြယ္တဲ့အေနနဲ႔ နယ္စပ္ဂိတ္ေတြကို ပိတ္လိုက္တာျဖစ္ပါတယ္။

“ျပန္ဖြင့္ႏိုင္မယ့္ ရက္ကိုေတာ့မသိရွိရေသးပါ။ သိရွိႏိုင္သမွ် နယ္စပ္ေဒသအေျခအေနသတင္းကို တင္ျပေပးသြားပါမယ့္။ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈေၾကာင့္မဟုတ္ဘဲ ေရာဂါကိုႀကိဳတင္ကာကြယ္ တားဆီးလိုမႈေၾကာင့္ပိတ္ထားရျခင္းျဖစ္တယ္လို႔သိရပါတယ္။”လို႔ တမူးျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ႏိုင္၀င္းက လည္း ေျပာဆိုထားပါတယ္။

Photo – ဦးႏိုင္ႏိုင္ဝင္း

#VOM #voiceofmyanmar #တမူး #ျမန္မာ- အိႏၵိယနယ္စပ္ဂိတ္ #အိႏၵိယႏိုင္ငံဘက္က #ရက္အကန္႔အသတ္မရွိပိတ္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW