မြို့သာစက်မှုဇုန် ဆေးခြောက်စိုက်ခင်းအမှုက ကိုရှိန်းလတ်ကို ထောင်ဒဏ်အနှစ်(၂၀)ချမှတ်

မြို့သာစက်မှုဇုန် ဆေးခြောက်စိုက်ခင်းအမှုက ကိုရှိန်းလတ်ကို ထောင်ဒဏ်အနှစ်(၂၀)ချမှတ်

မန္တလေး မတ် ၁၀-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြို့သာစက်မှုဇုန်အတွင်းက ဆေးခြောက်စိုက်ခင်းအမှုလို့ လူသိများတဲ့ အမှုမှာပါဝင်တဲ့ ကိုရှိန်းလတ်ကို အလုပ်နဲ့ထောင် အနှစ် ၂၀ ကျခံဖို့ မြင်းခြံခရိုင်တရားရုံးက ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

“တစ်နေ့မှ တစ်သောင်းရတဲ့အလုပ်သမားက ထောင်ဒဏ်ကျခံရတယ်၊ ဘာဆိုင်လို့လဲ။ နိုင်ငံခြားသားကျတော့ မိအောင်မဖမ်းနိုင်ဘူး။ အလုပ်သမားကိုချမယ်ဆိုလည်း အကုန်ချလေ၊ အများကြီးပဲ၊ အလုပ်သမားက ရှိန်းလတ်တစ်ယောက်တည်းမဟုတ်ဘူး။ ဒီအမိန့်ဟာ တစ်ဦးတည်းအပေါ် အပြစ်ပုံချလိုက်တာသာ ဖြစ်တယ်”လို့ ကိုရှိန်းလတ်ရဲ့ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်နီးပါးအချိန် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းမှာ မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်စိုက်ခင်း စိုက်ပျိုးထားတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးနောက် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်အတွင်းရှိ အမေရိကန်နိုင်ငံ III M ကုမ္ပဏီရဲ့ သုတေသနဲ့စိုက်ခင်းကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ရာ ဧက ၆၀ ကျော်အနက် ဧက ၂၀ မှာ ဆေးခြောက်အပင်တွေစိုက်ပျိုးထားတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီအမှုမှာ မြန်မာနိုင်ငံသား မရွှန်းလဲ့မြတ်နိုးနဲ့ ကိုရှိန်းလတ်တို့နှစ်ဦးနဲ့ အမေရိကန်နိုင်ငံသား ငါးဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆ (က) (ခ) ၊ ၂၀ (က) (ခ) တို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာပါ။

အမေရိကန်နိုင်ငံသားလေးဦးကတော့ အမှုစတင်တဲ့အချိန်ကတည်းက ဖမ်းဆီးရမိမှုမရှိဘဲ ကျန်တစ်ဦးဖြစ်တဲ့ John Fresric Todoroki ကတော့ ကျပ်သိန်း ၃၁၅၀ နဲ့ အာမခံပေးပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားပြီး လက်ရှိမှာတော့ တရားခံပြေးအဖြစ် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အမှုမှာပါဝင်တဲ့ မရွှန်းလဲ့မြတ်နိုးကိုတော့ လုံလောက်တဲ့ သက်သေမရှိတဲ့အတွက် ပြီးခဲ့တဲ့လအတွင်းကပဲ တရားရုံးကနေ တရားရှင်လွှတ်ပေးလိုက်ပြီး ကိုရှိန်းလတ်ကိုတော့ ဒီကနေ့မတ်လ ၁၀ ရက်မှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၆(က)အတွက် ၁၀ နှစ်၊ ၁၉ (က) အတွက် အနှစ် ၂၀ ကျခံရန် ချမှတ်ခဲ့ပြီး တစ်ပေါင်းတည်းကျခံရမှာဖြစ်တယ်လို့ မြင်းခြံခရိုင်တရားသူကြီးက တရားခွင်မှာပြောဆိုခဲ့ပါတယ်။

“ကျနော်က အလုပ်သမားလေ၊ ဘာမှလည်းမသိဘူး။ နိုင်ငံခြားသားကျလွတ်တယ်၊ တကယ်တာဝန်ရှိတာမဟုတ်ဘဲ ကျနော့်ကျမှာ ဒီအမိန့်ချတယ်ဆိုတော့ ကျနော်လည်း ဒီဥပဒေကို ဘာပြောရမှန်းမသိဘူး။”လို့ ကိုရှိန်းလတ်ကပြောပါတယ်။

မြင်းခြံခရိုင်တရားသူကြီးကတော့ “တရားခံရှိန်းလတ်အနေဖြင့် အခင်းဖြစ်စဉ်နဲ့ဆက်လျဉ်း ပြီး နေ့စားလုပ်ငန်းဝန်ထမ်းတစ်ဦးဖြစ်သည့်အားလျော်စွာ အထိုက်အလျောက်တာဝန်ရှိသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားသဖြင့် စွဲချက်တင်ထားသည့် မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)အရ အပြစ်မရှိဟု သုံးသပ်ပြီး ၁၉(က)အရသာ ပြောင်းလဲအပြစ်ပေးသင့်သည်ဟု သုံးသပ်သည်။ အထက်ဖော်ပြပါ သုံးသပ်တွေ့ရှိချက်များအရ တရားခံရှိန်းလတ်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)အရ ထောင်ဒဏ် ၁၀ နှစ်၊ ၁၉ (က)အရ ထောင်ဒဏ်အနှစ် ၂၀ ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။”လို့ တရားခွင်မှာ ပြောဆိုခဲ့ပါတယ်။

အခုအမိန့်နဲ့ပတ်သက်ပြီး အယူခံတက်ခွင့်ရှိသလို ချုပ်ရက်များကိုလည်း ထုတ်နုတ်ခံစားခွင့်ရှိတယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပါတယ်။ ကိုရှိန်းလတ်နဲ့ မိသားစုဝင်တွေကလည်း အယူခံဆက်တက်သွားမှာဖြစ်သလို အထက်အဆင့်ဆင့်ကိုလည်း စာတင်သွားမယ်လို့ ပြောပါတယ်။

#VOM #voiceofmyanmar #မြင်းခြံ #ဆေးခြောက်စိုက်ခင်း #ကိုရှိန်းကိုလတ် #ထောင်အနှစ်၂၀ချမှတ်

Zawgyi

ၿမိဳ႕သာစက္မွဳဇုန္ ေဆးေျခာက္စိုက္ခင္းအမွဳက ကိုရိွန္းလတ္ကို ေထာင္ဒဏ္အႏွစ္(၂၀)ခ်မွတ္

မႏၲေလး မတ္ ၁၀-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၱေလးတုိင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ၿမိဳ႕သာစက္မွဳဇုန္အတြင္းက ေဆးေျခာက္စိုက္ခင္းအမႈလို႔ လူသိမ်ားတဲ့ အမႈမွာပါဝင္တဲ့ ကိုရွိန္းလတ္ကို အလုပ္နဲ႔ေထာင္ အႏွစ္ ၂၀ က်ခံဖို႔ ျမင္းၿခံခ႐ိုင္တရား႐ုံးက ဒီကေန႔မွာ အမိန႔္ခ်မွတ္လိုက္ပါတယ္။

“တစ္ေန႔မွ တစ္ေသာင္းရတဲ့အလုပ္သမားက ေထာင္ဒဏ္က်ခံရတယ္၊ ဘာဆိုင္လို႔လဲ။ ႏိုင္ငံျခားသားက်ေတာ့ မိေအာင္မဖမ္းႏိုင္ဘူး။ အလုပ္သမားကိုခ်မယ္ဆိုလည္း အကုန္ခ်ေလ၊ အမ်ားႀကီးပဲ၊ အလုပ္သမားက ရွိန္းလတ္တစ္ေယာက္တည္းမဟုတ္ဘူး။ ဒီအမိန႔္ဟာ တစ္ဦးတည္းအေပၚ အျပစ္ပုံခ်လိုက္တာသာ ျဖစ္တယ္”လို႔ ကိုရွိန္းလတ္ရဲ႕ အမ်ိဳးသမီးက ေျပာပါတယ္။

ၿပီးခဲ့တဲ့တစ္ႏွစ္နီးပါးအခ်ိန္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္းမွာ ၿမိဳ႕သာစက္မႈဇုန္အတြင္း ေဆးေျခာက္စိုက္ခင္း စိုက္ပ်ိဳးထားတယ္ဆိုတဲ့ သတင္းေတြ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ မႏၲေလးတိုင္း ငါန္းဇြန္ၿမိဳ႕နယ္ ၿမိဳ႕သာစက္မႈဇုန္အတြင္းရွိ အေမရိကန္ႏိုင္ငံ III M ကုမၸဏီရဲ႕ သုေတသနဲ႔စိုက္ခင္းကို သက္ဆိုင္ရာက သြားေရာက္စစ္ေဆးခဲ့ရာ ဧက ၆၀ ေက်ာ္အနက္ ဧက ၂၀ မွာ ေဆးေျခာက္အပင္ေတြစိုက္ပ်ိဳးထားတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဒီအမႈမွာ ျမန္မာႏိုင္ငံသား မ႐ႊန္းလဲ့ျမတ္ႏိုးနဲ႔ ကိုရွိန္းလတ္တို႔ႏွစ္ဦးနဲ႔ အေမရိကန္ႏိုင္ငံသား ငါးဦးကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ-၁၆ (က) (ခ) ၊ ၂၀ (က) (ခ) တို႔နဲ႔ အမႈဖြင့္တရားစြဲဆိုခဲ့တာပါ။

အေမရိကန္ႏိုင္ငံသားေလးဦးကေတာ့ အမႈစတင္တဲ့အခ်ိန္ကတည္းက ဖမ္းဆီးရမိမႈမရွိဘဲ က်န္တစ္ဦးျဖစ္တဲ့ John Fresric Todoroki ကေတာ့ က်ပ္သိန္း ၃၁၅၀ နဲ႔ အာမခံေပးၿပီးေနာက္ အဆက္အသြယ္ျပတ္ေတာက္သြားၿပီး လက္ရွိမွာေတာ့ တရားခံေျပးအျဖစ္ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။

အမႈမွာပါဝင္တဲ့ မ႐ႊန္းလဲ့ျမတ္ႏိုးကိုေတာ့ လုံေလာက္တဲ့ သက္ေသမရွိတဲ့အတြက္ ၿပီးခဲ့တဲ့လအတြင္းကပဲ တရား႐ုံးကေန တရားရွင္လႊတ္ေပးလိုက္ၿပီး ကိုရွိန္းလတ္ကိုေတာ့ ဒီကေန႔မတ္လ ၁၀ ရက္မွာ မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ပုဒ္မ ၁၆(က)အတြက္ ၁၀ ႏွစ္၊ ၁၉ (က) အတြက္ အႏွစ္ ၂၀ က်ခံရန္ ခ်မွတ္ခဲ့ၿပီး တစ္ေပါင္းတည္းက်ခံရမွာျဖစ္တယ္လို႔ ျမင္းၿခံခ႐ိုင္တရားသူႀကီးက တရားခြင္မွာေျပာဆိုခဲ့ပါတယ္။

“က်ေနာ္က အလုပ္သမားေလ၊ ဘာမွလည္းမသိဘူး။ ႏိုင္ငံျခားသားက်လြတ္တယ္၊ တကယ္တာဝန္ရွိတာမဟုတ္ဘဲ က်ေနာ့္က်မွာ ဒီအမိန႔္ခ်တယ္ဆိုေတာ့ က်ေနာ္လည္း ဒီဥပေဒကို ဘာေျပာရမွန္းမသိဘူး။”လို႔ ကိုရွိန္းလတ္ကေျပာပါတယ္။

ျမင္းၿခံခ႐ိုင္တရားသူႀကီးကေတာ့ “တရားခံရွိန္းလတ္အေနျဖင့္ အခင္းျဖစ္စဥ္နဲ႔ဆက္လ်ဥ္း ၿပီး ေန႔စားလုပ္ငန္းဝန္ထမ္းတစ္ဦးျဖစ္သည့္အားေလ်ာ္စြာ အထိုက္အေလ်ာက္တာဝန္ရွိသူတစ္ဦး ျဖစ္သည္မွာ ထင္ရွားသျဖင့္ စြဲခ်က္တင္ထားသည့္ မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၂၀(က)အရ အျပစ္မရွိဟု သုံးသပ္ၿပီး ၁၉(က)အရသာ ေျပာင္းလဲအျပစ္ေပးသင့္သည္ဟု သုံးသပ္သည္။ အထက္ေဖာ္ျပပါ သုံးသပ္ေတြ႕ရွိခ်က္မ်ားအရ တရားခံရွိန္းလတ္ကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(က)အရ ေထာင္ဒဏ္ ၁၀ ႏွစ္၊ ၁၉ (က)အရ ေထာင္ဒဏ္အႏွစ္ ၂၀ ကို တစ္ေပါင္းတည္းက်ခံေစရန္ အမိန႔္ခ်မွတ္လိုက္သည္။”လို႔ တရားခြင္မွာ ေျပာဆိုခဲ့ပါတယ္။

အခုအမိန႔္နဲ႔ပတ္သက္ၿပီး အယူခံတက္ခြင့္ရွိသလို ခ်ဳပ္ရက္မ်ားကိုလည္း ထုတ္ႏုတ္ခံစားခြင့္ရွိတယ္လို႔ တရားသူႀကီးက ေျပာဆိုခဲ့ပါတယ္။ ကိုရွိန္းလတ္နဲ႔ မိသားစုဝင္ေတြကလည္း အယူခံဆက္တက္သြားမွာျဖစ္သလို အထက္အဆင့္ဆင့္ကိုလည္း စာတင္သြားမယ္လို႔ ေျပာပါတယ္။

#VOM #voiceofmyanmar #ျမင္းၿခံ #ေဆးေျခာက္စိုက္ခင္း #ကိုရိွန္းကိုလတ္ #ေထာင္အႏွစ္၂၀ခ်မွတ္

Related posts

Leave a Comment

VOM News

FREE
VIEW