ကျောက်တော်မြို့နယ် လောင်းရှည်ရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံး

ကျောက်တော်မြို့နယ် လောင်းရှည်ရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံး

ကျောက်တော်၊ မတ် ၁၀- ၂၀၂၀
ခိုင်လင်းစံ(VOM)

ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီက လောင်ရှည်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ ငန်းတောင်ဖက်က လာတာဖြစ်ပြီး သေဆုံးသွားတဲ့အမျိုးသမီးဟာ မိမိအိမ်မှာထိုင်နေတဲ့အချိန် လက်နက်ကြီးကျည်စထိမှန်တဲ့အတွက် ဘယ်ဘက်ရင်ဘတ်ကို ဖောက်ထွက်သွားတယ်လို့ သိရပါတယ်။

” ဒီကနေ့မနက် ၇ နာရီလောက်က ဖြစ်တာ။ ကိုယ့်အိမ်မှာကို မိသားစုတွေနဲ့ ဝိုင်းပြီးစကားပြောနေစဉ်မှာ လာကျတာ။ အရှေ့ဖက်ကမ်း ငန်းတောင်ဖက်ကနေပြီး ပစ်လိုက်တော့ သူ့ရင်ဘတ်က ဟိုဖက်ဒီဖက်ပေါက်သွားပြီး တစ်ခါတည်း အဲနေရာမှာပဲ သေသွားတာ။ နောက်ယောင်္ကျားလေးတစ်ယောက်ကတော့ ရွာထဲကလမ်းမှာသွားနေတုန်း ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ မနက်က တိုက်ပွဲဖြစ်တာတော့မရှိဘူး။” လို့ လောင်းရှည်ကျေးရွာက ဒေသခံအမည်မဖော်လိုသူက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒေါ်သန်းစိန်ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အမျိုးသားမှာ ဦးမောင်တုတ်ချေဖြစ်ကကာ ခြေထောက်ဒဏ်ရာနဲ့ ဆေးရုံမပို့ရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

” ကျနော်တို့ရွာမှာက အရင်ကလည်း အဲလိုအဖြစ်အပျက်ရှိတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတာ။ ရွာမှာ နွားတွေသေတာလည်းရှိခဲ့ဖူးတယ်။ ပြီးတော့ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ယောက်ဒဏ်ရာရတာတွေ၊ အိမ်ခေါင်မိုးတွေပေါက်တာရှိခဲ့ ဖူးတယ်။ ဒီနေ့လည်း တိုက်ပွဲလားတော့မသိဘူး ပစ်ခတ်သံတွေက နေ့တိုင်းလိုလို ကြားနေရတယ်။” လို့ လောင်းရှည်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ယခုလိုပစ်ခတ်မှုတွေဖြစ်ပြီး ဒဏ်ရာရသေဆုံးမှုတွေ တိုးလာနေပေမယ့် တပ်မတော်နဲ့ အေအေ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ဝန်ခံမှုတစ်စုံတစ်ရာမရှိဘဲ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြောဆိုတာကိုပဲ ကြားနေရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အေအေတို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

#VOM #voiceeofmyanmar #ကျောက်တော် #လက်နက်ကြီးကျ #အမျိုးသမီးတစ်ဦးသေဆုံး

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္ ေလာင္း႐ွည္ရြာမွာ လက္နက္ႀကီးက်ည္က်ၿပီး အမ်ိဳးသမီးတစ္ဦးေသဆံုး

ေက်ာက္ေတာ္၊ မတ္ ၁၀- ၂၀၂၀
ခိုင္လင္းစံ(VOM)

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၇ နာရီက ေလာင္႐ွည္ေက်းရြာထဲကို လက္နက္ႀကီးက်ည္က်ၿပီး အမ်ိဳးသမီးတစ္ဦးေသဆံုးကာ အမ်ိဳးသားတစ္ဦး ဒဏ္ရာရ႐ွိသြားတယ္လုိ႔ သတင္းရ႐ွိပါတယ္။

အဲဒီလက္နက္ႀကီးက်ည္ဟာ ငန္းေတာင္ဖက္က လာတာျဖစ္ၿပီး ေသဆံုးသြားတဲ႔အမ်ိဳးသမီးဟာ မိမိအိမ္မွာထိုင္ေနတဲ့အခ်ိန္ လက္နက္ႀကီးက်ည္စထိမွန္တဲ့အတြက္ ဘယ္ဘက္ရင္ဘတ္ကို ေဖာက္ထြက္သြားတယ္လုိ႔ သိရပါတယ္။

” ဒီကေန႔မနက္ ၇ နာရီေလာက္က ျဖစ္တာ။ ကိုယ္႔အိမ္မွာကို မိသားစုေတြနဲ႔ ဝိုင္းၿပီးစကားေျပာေနစဥ္မွာ လာက်တာ။ အေ႐ွ႕ဖက္ကမ္း ငန္းေတာင္ဖက္ကေနၿပီး ပစ္လိုက္ေတာ့ သူ႔ရင္ဘတ္က ဟိုဖက္ဒီဖက္ေပါက္သြားၿပီး တစ္ခါတည္း အဲေနရာမွာပဲ ေသသြားတာ။ ေနာက္ေယာက်ၤားေလးတစ္ေယာက္ကေတာ့ ရြာထဲကလမ္းမွာသြားေနတုန္း ေျခေထာက္မွာ ဒဏ္ရာရသြားတယ္။ မနက္က တိုက္ပြဲျဖစ္တာေတာ့မ႐ွိဘူး။” လို႔ ေလာင္း႐ွည္ေက်းရြာက ေဒသခံအမည္မေဖာ္လိုသူက ေျပာပါတယ္။

ပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီးက်ည္စထိမွန္ေသဆံုးသြားတဲ႔ အမ်ိဳးသမီးမွာ ေဒၚသန္းစိန္ျဖစ္ၿပီး ဒဏ္ရာရ႐ွိတဲ႔ အမ်ိဳးသားမွာ ဦးေမာင္တုတ္ေခ်ျဖစ္ကကာ ေျခေထာက္ဒဏ္ရာနဲ႔ ေဆးရံုမပို႔ရဘဲ ျဖစ္ေနတယ္လုိ႔ သိရပါတယ္။

” က်ေနာ္တို႔ရြာမွာက အရင္ကလည္း အဲလိုအျဖစ္အပ်က္႐ွိတယ္။ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ကတည္းက တိုက္ပြဲေတြျဖစ္ေနတာ။ ရြာမွာ ႏြားေတြေသတာလည္း႐ွိခဲ့ဖူးတယ္။ ၿပီးေတာ့ လက္နက္ႀကီးက်ည္က်ၿပီး အမ်ိဳးသမီးတစ္ေယာက္ဒဏ္ရာရတာေတြ၊ အိမ္ေခါင္မိုးေတြေပါက္တာ႐ွိခဲ့ ဖူးတယ္။ ဒီေန႔လည္း တိုက္ပြဲလားေတာ့မသိဘူး ပစ္ခတ္သံေတြက ေန႔တိုင္းလိုလို ၾကားေနရတယ္။” လို႔ ေလာင္း႐ွည္ရြာက ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ယခုလိုပစ္ခတ္မႈေတြျဖစ္ၿပီး ဒဏ္ရာရေသဆံုးမႈေတြ တိုးလာေနေပမယ့္ တပ္မေတာ္နဲ႔ ေအေအ ဘယ္အဖြဲ႔ရဲ႕လက္ခ်က္ျဖစ္တယ္ဆိုတာ ဝန္ခံမႈတစ္စံုတစ္ရာမ႐ွိဘဲ တစ္ဖက္နဲ႔တစ္ဖက္ စြပ္စြဲေျပာဆိုတာကိုပဲ ၾကားေနရတယ္လုိ႔ သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ေအေအတို႔ကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

#VOM #voiceeofmyanmar #ေက်ာက္ေတာ္ #လက္နက္ႀကီးက် #အမ်ိဳးသမီးတစ္ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW