ကချင်ပြည်နယ်ကနေ ကိုရီးယားနိုင်ငံကို ကျောက်စိမ်းအချောထည် စတင်ရောင်းချနေ

ကချင်ပြည်နယ်ကနေ ကိုရီးယားနိုင်ငံကို ကျောက်စိမ်းအချောထည် စတင်ရောင်းချနေ

မြစ်ကြီးနား၊ မတ် ၁၀-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းဈေးကွက်သစ်အဖြစ် ကိုရီးယားနိုင်ငံကို ကျောက်စိမ်းအချောထည် တင်ပို့ရောင်းချမှု စတင်ပြုလုပ်နေပြီလို့ ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက ပြောပါတယ်။

ဝူဟန်ဘိုင်းရပ်ကြောင့် တရုပ်ဝယ်လက်အဝင်နည်းပြီး အကြပ်အတည်း တွေ့နေချိန်မှာ ကိုရီးယားနိုင်ငံကို ဈေးကွက်အသစ်ဖောက်တဲ့အနေနဲ့ အချောထည်ပစ္စည်းကို တရားဝင်လမ်းကြောင်းကနေ ရောင်းဝယ်မှုစတင်နေတာဖြစ်ပါတယ်။

” ကျွန်တော်တို့အနေနဲ့ကတော့ ကျောက်စိမ်းပုတီး ၊ လက်ပတ်တို့လို အချောထည်တော့ တရားဝင် လမ်ကြောင်းကနေ နည်းနည်းပို့နေတယ်ပေါ့နော် အောင်မြင်မယ်၊မအောင်မြင်ဘူးတော့ မပြောနိုင်သေးဘူး။ တစ်လကို မြန်မာကျပ်ငွေ သိန်း ၂၀ ၊ ၃၀ဖိုးလောက်နဲ့တော့ ဈေးကွက်အသစ်ရဖို့ ထိုးဖောက်နေတာပေါ့ ” လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်း ကပြောပါတယ်။

လုပ်ခဲ့သမျှ ကျောက်မျက်ပြပွဲ‌တွေမှာလည်း တရုတ်ဝယ်လက်သာ အများဆုံးတွေ့ရပြီး ဥရောပဝယ်လက်ဆိုတာကလည်း တရုတ်လူမျိုးတွေသာ ဖြစ်နေတယ်လို့ သိရပါတယ်။

” ဥရောပဝယ်လက်ဆိုတာကလည်း တိုက်ရိုက်တော့ မရှိဘူးဗျ တရုတ် လူမျိုးတွေက နေရာတကာမှာ ရှိတာကြီးကို ဥပမာ အမေရိကန်ကဝယ်တယ်ဆိုလည်း အမေရိကန်က တရုပ်နိုင်ငံသားက ဝယ်တာ၊ ပြင်သစ်ဆိုလည်း အဲ့လိုပဲ တရုတ်နိုင်ငံကနေ အခြေချလုပ်ကိုင်နေတဲ့သူတွေကပဲ ကုန်ကြမ်းလိုလို့ လာဝယ်နေတာ ” လို့ ဦးဇယ်ခေါင်က ဈေးကွက်သစ်အနေအထားအပေါ်ရှင်းပြပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်မျက်ပြပွဲ ၃ ကြိမ်လုပ်ခဲ့ပြီး ဝူဟန်ဗိုင်းရပ်ကူးစပ်မှု ဂယက်ကြောင့် အဝယ်နည်းခဲ့ပြီး အဲ့ဒီပြပွဲမှာ ၆၅၆ လော့ ပါဝင်ပြသခဲ့ကာ လော့ ၄၅၀ ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဝယ်လက်တွေအနေနဲ့ကတော့ မန္တလေး၊ စစ်ကိုင်းဘက်ကနေ အချောထုတ်လုပ်ပြီး တရုတ်ကိုတင်သွင်းရောင်းချသူတွေက ကုန်ကြမ်းအဖြစ် လာဝယ်ယူကြတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #ကျောက်စိမ်းအချောထည် #ကိုရီးယားကိုစတင်ရောင်းချ

Zawgyi

ကခ်င္ျပည္နယ္ကေန ကိုရီးယားႏိုင္ငံကုိ ေက်ာက္စိမ္းအေခ်ာထည္ စတင္ေရာင္းခ်ေန

ျမစ္ႀကီးနား၊ မတ္ ၁၀-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္ရဲ႕ ေက်ာက္စိမ္းေစ်းကြက္သစ္အျဖစ္ ကိုရီးယားႏိုင္ငံကို ေက်ာက္စိမ္းအေခ်ာထည္ တင္ပို႔ေရာင္းခ်မႈ စတင္ျပဳလုပ္ေနၿပီလို႔ ေက်ာက္မ်က္လုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးေဇလြမ္းက ေျပာပါတယ္။

၀ူဟန္ဘိ္ုင္းရပ္ေၾကာင့္ တ႐ုပ္၀ယ္လက္အ၀င္နည္းၿပီး အၾကပ္အတည္း ေတြ႕ေနခ်ိန္မွာ ကိုရီးယားႏိုင္ငံကို ေစ်းကြက္အသစ္ေဖာက္တဲ့အေနနဲ႔ အေခ်ာထည္ပစၥည္းကို တရား၀င္လမ္းေၾကာင္းကေန ေရာင္း၀ယ္မႈစတင္ေနတာျဖစ္ပါတယ္။

” ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ေက်ာက္စိမ္းပုတီး ၊ လက္ပတ္တို႔လို အေခ်ာထည္ေတာ့ တရား၀င္ လမ္ေၾကာင္းကေန နည္းနည္းပို႔ေနတယ္ေပါ့ေနာ္ ေအာင္ျမင္မယ္၊မေအာင္ျမင္ဘူးေတာ့ မေျပာႏိုင္ေသးဘူး။ တစ္လကို ျမန္မာက်ပ္ေငြ သိန္း ၂၀ ၊ ၃၀ဖိုးေလာက္နဲ႔ေတာ့ ေစ်းကြက္အသစ္ရဖို႔ ထိုးေဖာက္ေနတာေပါ့ ” လို႔ ကခ်င္ျပည္နယ္ ေက်ာက္မ်က္လုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးေဇလြမ္း ကေျပာပါတယ္။

လုပ္ခဲ့သမွ် ေက်ာက္မ်က္ျပပြဲ‌ေတြမွာလည္း တ႐ုတ္၀ယ္လက္သာ အမ်ားဆုံးေတြ႕ရၿပီး ဥေရာပ၀ယ္လက္ဆိုတာကလည္း တ႐ုတ္လူမ်ိဳးေတြသာ ျဖစ္ေနတယ္လို႔ သိရပါတယ္။

” ဥေရာပ၀ယ္လက္ဆိုတာကလည္း တိုက္႐ိုက္ေတာ့ မရွိဘူးဗ် တ႐ုတ္ လူမ်ိဳးေတြက ေနရာတကာမွာ ရွိတာႀကီးကို ဥပမာ အေမရိကန္က၀ယ္တယ္ဆိုလည္း အေမရိကန္က တ႐ုပ္ႏိုင္ငံသားက ၀ယ္တာ၊ ျပင္သစ္ဆိုလည္း အဲ့လိုပဲ တ႐ုတ္ႏိုင္ငံကေန အေျခခ်လုပ္ကိုင္ေနတဲ့သူေတြကပဲ ကုန္ၾကမ္းလိုလို႔ လာ၀ယ္ေနတာ ” လို႔ ဦးဇယ္ေခါင္က ေစ်းကြက္သစ္အေနအထားအေပၚရွင္းျပပါတယ္။

ကခ်င္ျပည္နယ္မွာ ေက်ာက္မ်က္ျပပြဲ ၃ ႀကိမ္လုပ္ခဲ့ၿပီး ဝူဟန္ဗိုင္းရပ္ကူးစပ္မႈ ဂယက္ေၾကာင့္ အဝယ္နည္းခဲ့ၿပီး အဲ့ဒီျပပြဲမွာ ၆၅၆ ေလာ့ ပါ၀င္ျပသခဲ့ကာ ေလာ့ ၄၅၀ ေက်ာ္ ေရာင္းခ်ခဲ့ရတယ္လို႔ သိရပါတယ္။

ဝယ္လက္ေတြအေနနဲ႔ကေတာ့ မႏၲေလး၊ စစ္ကိုင္းဘက္ကေန အေခ်ာထုတ္လုပ္ၿပီး တ႐ုတ္ကိုတင္သြင္းေရာင္းခ်သူေတြက ကုန္ၾကမ္းအျဖစ္ လာ၀ယ္ယူၾကတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #ေက်ာက္စိမ္းအေခ်ာထည္ #ကိုရီးယားကိုစတင္ေရာင္းခ်

Related posts

Leave a Comment

VOM News

FREE
VIEW