နေပြည်တော်ကောင်စီနယ်မြေမှာ ဒုတိယအကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား

နေပြည်တော်ကောင်စီနယ်မြေမှာ ဒုတိယအကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား

နေပြည်တော်၊ မတ် ၁၁-၂၀၂၀
ကိုထွန်း(VOM)

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ စိန်ပန်းပြာ(၁၀)လမ်း နှင့် ချင်းတွင်းလမ်းထောင့်က နေအိမ်မှာ ဒီကနေ့မနက်ပိုင်းက ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် (၁၃)စီး၊မီးသတ်တပ်ဖွဲ့ဝင် ၆၀ဦးနဲ့မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကို မိနစ် ၂၀အကြာမှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကာ သွပ်မိုး၊ပျဉ်ထောင် နှစ်ထပ်နေအိမ် (၂)လုံးနဲ့ မီးသတ်တွက်ချက်တန်ဖိုးငွေ တစ်သိန်းသုံးသောင်းမီးလောင်ဆုံးရံှုးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန်ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပြီး နေအိမ်ပိုင်ရှင်ကို သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ၂၀၂၀ခုနှစ်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ရက်နေ့က ဇမ္ဗူသီရီမြို့နယ်၊ ဉာဏသိန္ဒိရပ်ကွက်က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ အဲယားကွန်းအပူလွန်ရာကနေ မီးလောင်မှုဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်မီးလောင်မှုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #မီးလောင်မှု

Zawgyi


နေပြည်တော်၊ မတ် ၁၁-၂၀၂၀
ကိုထွန်း(VOM)


မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် (၁၃)စီး၊မီးသတ်တပ်ဖွဲ့ဝင် ၆၀ဦးနဲ့မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကို မိနစ် ၂၀အကြာမှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကာသွပ်မိုး၊ပျဉ်ထောင် နှစ်ထပ်နေအိမ် (၂)လုံးနဲ့ မီးသတ်တွက်ချက်တန်ဖိုးငွေ တစ်သိန်းသုံးသောင်းမီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


နေပြည်တော်ကောင်စီနယ်မြေမှာ ၂၀၂၀ခုနှစ်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ရက်နေ့က ဇမ္ဗူသီရီမြို့နယ်၊ ဥာဏသိန္ဒိရပ်ကွက်က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ အဲယားကွန်းအပူလွန်ရာကနေ မီးလောင်မှုဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်မီးလောင်မှုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။


Related posts

Leave a Comment

VOM News

FREE
VIEW