မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီး စစ်ကိုင်းမြို့ကိုရောက်ရှိ

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီး စစ်ကိုင်းမြို့ကိုရောက်ရှိ စစ်ကိုင်း၊ မတ် ၁၁-၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သိရီသုမနချောင်၊ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာကြီးမှာ တည်ထားမယ့် မြန်မာနိုင်ငံရဲ့တတိယအကြီးဆုံး ကြေးပိဿာချိန် ၂၀၀၀ ရှိ အသံထွက်ကြေးသွန်းခေါင်းလောင်းတော်ကြီးဟာ ဒီကနေ့ညနေပိုင်းမှာ စစ်ကိုင်းမြို့ကို ရောက်ရှိသယ်ဆောင်လာခဲ့ပါတယ်။ ခေါင်းလောင်းကြီးရဲ့ အမြင့်မှာ ၁၅ ပေ၊ အဝအကျယ် ၉ပေ ရှိတယ်လို့သိရကာ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့၊ သီရိသုမနချောင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဆရာတော် ဦးသုမန ရဲ့မွေးနေ့မှာ ဖွင့်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီခေါင်းလောင်းကြီးကို မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ တံတိုင်းရှည်ကျေးရွာက ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်ရဲ့အလုပ်ရုံကနေ ဒီနေ့မနက် (ဗုဒ္ဓဟူးနေ့) နံနက် (၇:၀၀)နာရီက စတင်သယ်ဆောင်လာတာဖြစ်ပါတယ်။ ပြင်ဦးလွင် – မန္တလေး လမ်းအတိုင်း၊ မန္တလေးမြို့ကိုပတ်ကာ စစ်ကိုင်းလမ်းအတိုင်း အမရပူရမြို့ကနေ ဧရာဝတီတံတား (ရတနာပုံ)ကိုဖြတ်ပြီး စစ်ကိုင်းတောင်ရိုးလမ်းအတိုင်း…

Read More

မီးဝဗျူဟာကုန်းကို စစ်ကူလာတဲ့တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးတစ်ဦးကို အေအေဖမ်းဆီး

မီးဝဗျူဟာကုန်းကို စစ်ကူလာတဲ့တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးတစ်ဦးကို အေအေဖမ်းဆီး စစ်တွေ၊ မတ် ၁၁- ၂၀၂၀ ခိုင်လင်းစံ (VOM) မနေ့ မတ်လ ၁၀ ရက်နေ့က မီးဝဗျူဟာကုန်းကို စစ်ကူပေးဖို့လာတဲ့တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေကကြားဖြတ်တိုက်ခဲ့ပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် အခြားအရာရှိနဲ့ ရဲဘော်တွေအားလုံး ၂၀ ဦးလောက်ကို အေအေက ဖမ်းဆီးထားပြီဖြစ်တယ်လို့ အေအေဖက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အေအေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကိုခံရတဲ့ တပ်မတော်စစ်ကြောင်းဟာ တပ်မ (၇၇) လက်အောက်ခံ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့အခြေစိုက် ခမရ(၇) ဖြစ်ပြီး အဲဒီ ခမရ(၇) တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော်အားလုံးစုစုပေါင်း ၂၀ ဦးခန့်ကိုလက်ရ ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ အေအေရဲ့ထုတ်ပြန်ချက်မှာ တပ်မတော်ဖက်က ၂၀ ကျော်လောက် ကျဆုံးသွားတယ်လို့လည်း ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ…

Read More

ဗြိတိန်ကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

ဗြိတိန်ကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လန်ဒန်၊ မတ်-၁၁-၂၀၂၀ မျိုးဆက် (VOM) ဗြိတိန်ကျန်းမာရေးဝန်ကြီးဖြစ်သလို ကွန်ဆာဗေးတစ်အမတ်တစ်ဦးလည်းဖြစ်တဲ့ နေဒီးဒေါရစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရပါတယ်။ မစ္စဒေါရစ်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံးအမတ်ဖြစ်ပြီး သူမမှာ ရောဂါရှိကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် အကြံပြုထားသော ကြိုတင်သတိပေးချက်တွေအားလုံးကို လိုက်နာကာ နေအိမ်မှာ ကိုယ်တိုင်သီးခြားခွဲနေလျက်ရှိတယ်လို့ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူခြောက်ဦးရှိနေပြီး နိုင်ငံအတွင်း ရောဂါကူး စက်ခံထားရသူဦးရေဟာ စုစုပေါင်း ၃၈၂ဦးရှိလာပြီဖြစ်ပါတယ်။ အင်္ဂလန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ရောဂါကူးစက်မှုအတွက် စစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေးဌာနက ထုတ်ပြန်ထားပြီး ရောဂါကူးစက်ခံရသူဦးရေကတော့ မြင့်တက်လာဖွယ်ရှိနေပါတယ်။ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဗြိတိန်ရဲ့စီးပွားရေးအပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ပေါ်နေစဉ်မှာ အစိုးရရဲ့ ပထမဆုံးဘက်ဂျက်ကို နောက်ပိုင်းမှသာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ Ref : BBC Photo: Getty Images #VOM #voiceofmyanmar #ဗြိတိန် #ကျန်းမာရေးဝန်ကြီး #ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ Zawgyi ဗြိတိန်ကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ…

Read More

နေပြည်တော်ကောင်စီနယ်မြေမှာ ဒုတိယအကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား

နေပြည်တော်ကောင်စီနယ်မြေမှာ ဒုတိယအကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား နေပြည်တော်၊ မတ် ၁၁-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ စိန်ပန်းပြာ(၁၀)လမ်း နှင့် ချင်းတွင်းလမ်းထောင့်က နေအိမ်မှာ ဒီကနေ့မနက်ပိုင်းက ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် (၁၃)စီး၊မီးသတ်တပ်ဖွဲ့ဝင် ၆၀ဦးနဲ့မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကို မိနစ် ၂၀အကြာမှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကာ သွပ်မိုး၊ပျဉ်ထောင် နှစ်ထပ်နေအိမ် (၂)လုံးနဲ့ မီးသတ်တွက်ချက်တန်ဖိုးငွေ တစ်သိန်းသုံးသောင်းမီးလောင်ဆုံးရံှုးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန်ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပြီး နေအိမ်ပိုင်ရှင်ကို သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာ ၂၀၂၀ခုနှစ်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ရက်နေ့က ဇမ္ဗူသီရီမြို့နယ်၊ ဉာဏသိန္ဒိရပ်ကွက်က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ အဲယားကွန်းအပူလွန်ရာကနေ မီးလောင်မှုဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်မီးလောင်မှုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #နေပြည်တော် #မီးလောင်မှု Zawgyi…

Read More

အုတ်ဖိုမြို့အထကကျောင်းနားမှာ မီးလောင်တဲ့အတွက် စာဖြေကျောင်းသားတွေကို ဖြေဆိုချိန် နာရီဝက်ထပ်တိုးပေး

အုတ်ဖိုမြို့အထကကျောင်းနားမှာ မီးလောင်တဲ့အတွက် စာဖြေကျောင်းသားတွေကို ဖြေဆိုချိန် နာရီဝက်ထပ်တိုးပေး အုတ်ဖို ၊ မတ် ၁၁-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အ-ထ-က ကျောင်းအနီးမှာ ဒီနေ့မနက် ၉နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့အတွက် ဆယ်တန်းဖြေမယ့် ကျောင်းသားကျောင်းသူတွေ ထိတ်လန့်ခဲ့ရပြီး စာမေးပွဲဖြေဆိုဖို့ အနည်းငယ်နောက်ကျခဲ့ရတဲ့အတွက် စာဖြေချိန်နာရီဝက် ထပ်တိုးပေးထားတယ်လို့ ပညာရေးမှူးရုံးကပြောပါတယ်။ ‟ကလေးတွေကို ကျောင်းထဲမှာပဲ တစ်စုတစ်စည်းထဲထားပါတယ် ၊ အရမ်းထိတ်လန့်တာ ကယ်ထုတ်ရတာမရှိခဲ့ပါဘူး၊ စာဖြေချိန်ကို အထက်ကညွှန်ကြားတဲ့အတိုင်း နာရီဝက်ပိုပေးထားပါတယ်။ အခု အေးအေးဆေးဆးဖြေနေကြပါပြီ”လို့ အုတ်ဖိုမြို့နယ်ပညာရေးမှူး ဒေါ်သန္တာရင်ကပြောပါတယ်။ အ-ထ-က အုတ်ဖိုကျောင်းအနောက်ဖက် ရွာမ(၅)လမ်းက ဦးကျော်ငြိမ်းဆိုသူရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် (၅)လုံးနီးပါး မီးလောင်ခဲ့ပြီး မနက်(၁၀)နာရီမှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ‟အ-ထ-က ကျောင်း အနောက်လမ်းကစလောင်တာပါ၊ ကလေးတွေ ထိတ်လန့်ပြီး ဝရုန်းသုန်းကားဖြစ်သွားပါတယ်။ စာမေးပွဲဖြေဖို့ မိနစ် (၂၀)လောက်နောက်ကျသွားတယ်၊…

Read More

သံပုရာထောင့်ရွာမှာ လက်နက်ကြီးကျည်ကျလို့ ပြိုင်းတိုင်းရွာက စစ်ဘေးရှောင်လူငယ်တစ်ဦး သေဆုံး

သံပုရာထောင့်ရွာမှာ လက်နက်ကြီးကျည်ကျလို့ ပြိုင်းတိုင်းရွာက စစ်ဘေးရှောင်လူငယ်တစ်ဦး သေဆုံး ကျောက်တော်၊ မတ် ၁၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ သံပုရာထောင့်ကျေးရွာမှာ ဒီကနေ့မနက် ၄နာရီအချိန်လောက်က ပြိုင်းတိုင်းရွာကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မိသားစုတစ်စု သံပုရာထောင့်ရွာထဲ ဇရပ်မှာအိပ်နေတဲ့အချိန် ပစ်ခတ်မှုဖြစ်တဲ့နေရာက လက်နက်ကြီးကျည်ကြောင့် လူငယ်တစ်ဦးသေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။ ကျောက်တော်တပ်မဖက်က ကုလားတန်မြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းလာတဲ့ တပ်မတော်ရေယာဉ်ဟာ မြစ်ထဲကနေပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ကုလားတန်မြစ်အနီး သံပုရာထောင့်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာကနေ ယခုလို ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ပြိုင်းတိုင်းကျေးရွာကနေပြီးတော့ မိသားစုတစ်စုလုံး စစ်ရှောင်ပြီးပြေးလာကြတာ။ ပြိုင်းတိုင်းက လူပေါင်း ၃၀ လောက်ပြေးလာတာ။ ပြိုင်းတိုင်းက ညနေ ၈ နာရီမှာထွက်လာကြတာ။ မျောက်တောင်ရွာကို ပြေးကြတာ။ ကျနော်တို့ရွာက…

Read More
VOM News

FREE
VIEW