မီးဝဗျူဟာကုန်းကို စစ်ကူလာတဲ့တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးတစ်ဦးကို အေအေဖမ်းဆီး

မီးဝဗျူဟာကုန်းကို စစ်ကူလာတဲ့တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးတစ်ဦးကို အေအေဖမ်းဆီး

စစ်တွေ၊ မတ် ၁၁- ၂၀၂၀
ခိုင်လင်းစံ (VOM)

မနေ့ မတ်လ ၁၀ ရက်နေ့က မီးဝဗျူဟာကုန်းကို စစ်ကူပေးဖို့လာတဲ့တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေကကြားဖြတ်တိုက်ခဲ့ပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် အခြားအရာရှိနဲ့ ရဲဘော်တွေအားလုံး ၂၀ ဦးလောက်ကို အေအေက ဖမ်းဆီးထားပြီဖြစ်တယ်လို့ အေအေဖက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အေအေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကိုခံရတဲ့ တပ်မတော်စစ်ကြောင်းဟာ တပ်မ (၇၇) လက်အောက်ခံ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့အခြေစိုက် ခမရ(၇) ဖြစ်ပြီး အဲဒီ ခမရ(၇) တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော်အားလုံးစုစုပေါင်း ၂၀ ဦးခန့်ကိုလက်ရ ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အေအေရဲ့ထုတ်ပြန်ချက်မှာ တပ်မတော်ဖက်က ၂၀ ကျော်လောက် ကျဆုံးသွားတယ်လို့လည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုဆက်သွယ်ရာမှာ တပ်မတော် တပ်မ (၇၇) လက်အောက်ခံ ခမရ (၇) ကိုကြားဖြတ်တိုက်ခိုက်တာကို ဟုတ်မှန်ကြောင်းအတည်ပြုပြီး သိမ်းဆည်းမိတဲ့လက်နက်ပစ္စည်းတွေကို နောက်ပိုင်းမှာထုတ်ပြန်သွားမယ်လို့ပြောပါတယ်။

” တပ်မတော်ရဲ့ တပ်မ ၇၇ လက်အောက်ခံ၊ ခမရ (၇) စစ်ကြောင်းကို ကျောက်တော်မြို့နယ်၊ မုန့်သန်းပြင်ရွာအနီးမှာ ကျနော်တို့ရဲ့ ဖြတ်တောက်ရေးစစ်ကြောင်းတွေကနေပြီး ချယ်မှူန်းလိုက်တာရှိတယ်။ အဲတပ်ရင်းက မတ်လ ၉ ရက်နေ့က ရဟတ်ယာဉ်နဲ့လာပြီး ချပေးတဲ့တပ်ရင်း၊ ကျနော်တို့တပ်ဖွဲ့တွေက အဲတပ်ရင်းကို ၁၀ ရက်နေ့နံနက်ပိုင်းမှာ အပြတ်အသတ်ချယ်မှူန်းလိုက်တယ်။ အဲမှာ ခမရ (၇) ကတပ်ရင်းမှူးအပါအဝင် အရာရှိအကြပ်စစ်သည် ၂၀ ကျော်ဖမ်းဆီးရထားတာရှိတယ်။” လို့ ခိုင်သုခကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။

တပ်မတော်နဲ့ အေအေတို့ဟာ ရခိုင်ပြည်နယ်၊ ကုလားတန်မြစ်အထက်ပိုင်း မီးဝကျေးရွာအနီး၊ မီးဝဗျူဟာကုန်းမှာ တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားနေတာ ၁ လနီးပါးကြာမြင့်နေပြီး အေအေဖက်က မီးဝဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

photo- Arakan Army Website
#VOM #voiceofmyanmar #စစ်တွေ #တပ်မတော် #တပ်ရင်းမှူး #အေအေဖမ်းဆီး

Zawgyi

မီးဝဗ်ဴဟာကုန္းကို စစ္ကူလာတဲ႔တပ္မေတာ္စစ္ေၾကာင္း တိုက္ခိုက္ခံရ၊ တပ္ရင္းမႉးတစ္ဦးကို ေအေအဖမ္းဆီး

စစ္ေတြ၊ မတ္ ၁၁- ၂၀၂၀
ခိုင္လင္းစံ (VOM)

မေန႔ မတ္လ ၁၀ ရက္ေန႔က မီးဝဗ်ဴဟာကုန္းကို စစ္ကူေပးဖို႔လာတဲ႔တပ္မေတာ္ စစ္ေၾကာင္းတစ္ခုကို ေအေအကၾကားျဖတ္တိုက္ခဲ႔ၿပီး တပ္ရင္းမႉးတစ္ဦးအပါအဝင္ အျခားအရာ႐ွိနဲ႔ ရဲေဘာ္ေတြအားလံုး ၂၀ ဦးေလာက္ကို ေအေအက ဖမ္းဆီးထားၿပီျဖစ္တယ္လုိ႔ ေအေအဖက္က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ေအေအရဲ႕ ၾကားျဖတ္တိုက္ခိုက္မႈကိုခံရတဲ႔ တပ္မေတာ္စစ္ေၾကာင္းဟာ တပ္မ (၇၇) လက္ေအာက္ခံ ပဲခူးတိုင္းေဒသႀကီး၊ ဘုရားႀကီးၿမိဳ႕အေျခစိုက္ ခမရ(၇) ျဖစ္ၿပီး အဲဒီ ခမရ(၇) တပ္ရင္းမႉး သက္ႏိုင္ဦးအပါအဝင္ အရာ႐ွိ၊ အၾကပ္ဆရာ၊ ရဲေဘာ္အားလံုးစုစုေပါင္း ၂၀ ဦးခန္႔ကိုလက္ရ ဖမ္းဆီးမိၿပီး လက္နက္ခဲယမ္းေတြကိုလည္း သိမ္းဆည္းရမိခဲ့တယ္လုိ႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ တပ္မေတာ္ဖက္က ၂၀ ေက်ာ္ေလာက္ က်ဆံုးသြားတယ္လုိ႔လည္း ပါဝင္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခကိုဆက္သြယ္ရာမွာ တပ္မေတာ္ တပ္မ (၇၇) လက္ေအာက္ခံ ခမရ (၇) ကိုၾကားျဖတ္တိုက္ခိုက္တာကို ဟုတ္မွန္ေၾကာင္းအတည္ျပဳၿပီး သိမ္းဆည္းမိတဲ႔လက္နက္ပစၥည္းေတြကို ေနာက္ပိုင္းမွာထုတ္ျပန္သြားမယ္လို႔ေျပာပါတယ္။

” တပ္မေတာ္ရဲ႔ တပ္မ ၇၇ လက္ေအာက္ခံ၊ ခမရ (၇) စစ္ေၾကာင္းကို ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မုန္႔သန္းျပင္ရြာအနီးမွာ က်ေနာ္တို႔ရဲ႕ ျဖတ္ေတာက္ေရးစစ္ေၾကာင္းေတြကေနၿပီး ခ်ယ္မႉန္းလိုက္တာ႐ွိတယ္။ အဲတပ္ရင္းက မတ္လ ၉ ရက္ေန႔က ရဟတ္ယာဥ္နဲ႔လာၿပီး ခ်ေပးတဲ႔တပ္ရင္း၊ က်ေနာ္တို႔တပ္ဖြဲ႔ေတြက အဲတပ္ရင္းကို ၁၀ ရက္ေန႔နံနက္ပိုင္းမွာ အျပတ္အသတ္ခ်ယ္မႉန္းလိုက္တယ္။ အဲမွာ ခမရ (၇) ကတပ္ရင္းမႉးအပါအဝင္ အရာ႐ွိအၾကပ္စစ္သည္ ၂၀ ေက်ာ္ဖမ္းဆီးရထားတာ႐ွိတယ္။” လို႔ ခုိင္သုခကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမႉး ဗုိလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ႔ေပမယ္႔ ဖုန္းလက္ခံေျဖၾကားမႈမ႐ွိခဲ့ပါဘူး။

တပ္မေတာ္နဲ႔ ေအေအတို႔ဟာ ရခိုင္ျပည္နယ္၊ ကုလားတန္ျမစ္အထက္ပိုင္း မီးဝေက်းရြာအနီး၊ မီးဝဗ်ဴဟာကုန္းမွာ တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားေနတာ ၁ လနီးပါးၾကာျမင့္ေနၿပီး ေအေအဖက္က မီးဝဗ်ဴဟာကုန္းကို ထိုးစစ္ဆင္တိုက္ခိုက္မႈေတြလည္း ႐ွိေနပါတယ္။

photo- Arakan Army Website
#VOM #voiceofmyanmar #စစ္ေတြ #တပ္မေတာ္ #တပ္ရင္းမွဴး #ေအေအဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW