မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီး စစ်ကိုင်းမြို့ကိုရောက်ရှိ

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီး စစ်ကိုင်းမြို့ကိုရောက်ရှိ

စစ်ကိုင်း၊ မတ် ၁၁-၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သိရီသုမနချောင်၊ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာကြီးမှာ တည်ထားမယ့် မြန်မာနိုင်ငံရဲ့တတိယအကြီးဆုံး ကြေးပိဿာချိန် ၂၀၀၀ ရှိ အသံထွက်ကြေးသွန်းခေါင်းလောင်းတော်ကြီးဟာ ဒီကနေ့ညနေပိုင်းမှာ စစ်ကိုင်းမြို့ကို ရောက်ရှိသယ်ဆောင်လာခဲ့ပါတယ်။

ခေါင်းလောင်းကြီးရဲ့ အမြင့်မှာ ၁၅ ပေ၊ အဝအကျယ် ၉ပေ ရှိတယ်လို့သိရကာ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့၊ သီရိသုမနချောင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဆရာတော် ဦးသုမန ရဲ့မွေးနေ့မှာ ဖွင့်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီခေါင်းလောင်းကြီးကို မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ တံတိုင်းရှည်ကျေးရွာက ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်ရဲ့အလုပ်ရုံကနေ ဒီနေ့မနက် (ဗုဒ္ဓဟူးနေ့) နံနက် (၇:၀၀)နာရီက စတင်သယ်ဆောင်လာတာဖြစ်ပါတယ်။

ပြင်ဦးလွင် – မန္တလေး လမ်းအတိုင်း၊ မန္တလေးမြို့ကိုပတ်ကာ စစ်ကိုင်းလမ်းအတိုင်း အမရပူရမြို့ကနေ ဧရာဝတီတံတား (ရတနာပုံ)ကိုဖြတ်ပြီး စစ်ကိုင်းတောင်ရိုးလမ်းအတိုင်း သိရီသုမနချောင် မိုးကုတ်ရိပ်သာကို သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #တတိယအကြီးဆုံး #ကြေးသွန်းခေါင်းလောင်း

Zawgyi

ျမန္မာႏိုင္ငံရဲ႕ တတိယအႀကီးဆုံး ေၾကးသြန္းေခါင္းေလာင္းႀကီး စစ္ကိုင္းၿမိဳ႕ကိုေရာက္ရိွ

စစ္ကိုင္း၊ မတ္ ၁၁-၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕၊ စစ္ကိုင္းေတာင္႐ိုး၊ သိရီသုမနေခ်ာင္၊ မိုးကုတ္ဝိပႆနာ မဂၢင္ဓမၼရိပ္သာႀကီးမွာ တည္ထားမယ့္ ျမန္မာႏိုင္ငံရဲ႕တတိယအႀကီးဆုံး ေၾကးပိႆာခ်ိန္ ၂၀၀၀ ရွိ အသံထြက္ေၾကးသြန္းေခါင္းေလာင္းေတာ္ႀကီးဟာ ဒီကေန႔ညေနပိုင္းမွာ စစ္ကုိင္းၿမိဳ႕ကို ေရာက္ရိွသယ္ေဆာင္လာခဲ့ပါတယ္။

ေခါင္းေလာင္းႀကီးရဲ႕ အျမင့္မွာ ၁၅ ေပ၊ အဝအက်ယ္ ၉ေပ ရွိတယ္လို႔သိရကာ ေခါင္းေလာင္းႀကီးကို စစ္ကိုင္းၿမိဳ႕၊ သီရိသုမနေခ်ာင္ မိုးကုတ္ဝိပႆနာ ဓမၼရိပ္သာဆရာေတာ္ ဦးသုမန ရဲ႕ေမြးေန႔မွာ ဖြင့္ပြဲျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီေခါင္းေလာင္းႀကီးကို မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ တံတိုင္းရွည္ေက်း႐ြာက ေၾကးသြန္းပညာရွင္ ဦးေအာင္သန္းေမာ္ရဲ႕အလုပ္႐ုံကေန ဒီေန႔မနက္ (ဗုဒၶဟူးေန႔) နံနက္ (၇:၀၀)နာရီက စတင္သယ္ေဆာင္လာတာျဖစ္ပါတယ္။

ျပင္ဦးလြင္ – မႏၲေလး လမ္းအတိုင္း၊ မႏၲေလးၿမိဳ႕ကိုပတ္ကာ စစ္ကိုင္းလမ္းအတိုင္း အမရပူရၿမိဳ႕ကေန ဧရာဝတီတံတား (ရတနာပုံ)ကိုျဖတ္ၿပီး စစ္ကိုင္းေတာင္႐ိုးလမ္းအတိုင္း သိရီသုမနေခ်ာင္ မိုးကုတ္ရိပ္သာကို သယ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကုိင္း #တတိယအႀကီးဆံုး #ေၾကးသြန္းေခါင္းေလာင္း

Related posts

Leave a Comment

VOM News

FREE
VIEW