ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ တရား၀င်ပိတ်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ တရား၀င်ပိတ်သိမ်း မကွေး၊ မတ် ၁၂-၂၀၂၀ Voice Of Myanmar မကွေး‌တိုင်း၊ မင်းဘူးမြို့၊ မန်းရွှေစက်တော်ဘုရားပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနက်ဖြန် မတ်လ ၁၃ရက်နေ့ကစပြီး တရား၀င်ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက VOM ကို အတည်ပြုပြောပါတယ်။ နောက်ပြီးတော့ မကွေးတိုင်းထဲမှာ ပြုလုပ်မယ့် သင်္ကြန်ပွဲတွေနဲ့ လူစုလူဝေးများနိုင်တဲ့ ပွဲလမ်းသဘင်တွေကို ရောဂါအခြေ‌အနေ ကမ္ဘာတ၀န်းထိန်းချုပ်နိုင်မယ့်အချိန်ထိ ရပ်ဆိုင်းထားမယ်လို့ ဒေါက်တာအောင်မိုးညိုကပြောပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူမရှိသေးဘူးလို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မကွေး #ရွှေစက်တော် #တရား၀င်ပိတ်သိမ်း Zawgyi ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ တရားဝင်ပိတ်သိမ်း မကွေး၊ မတ် ၁၂-၂၀၂၀ Voice Of Myanmar မကွေး‌တိုင်း၊ မင်းဘူးမြို့၊ မန်းရွှေစက်တော်ဘုရားပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနက်ဖြန် မတ်လ ၁၃ရက်နေ့ကစပြီး တရားဝင်ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့…

Read More

ကျောက်တော်မှာ လက်နက်ကြီးကျည်ကျပြီး ရပ်ရွာတွေထဲက နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်၊ ရွာလုံးကျွတ်ထွက်ပြေးကြ

ကျောက်တော်မှာ လက်နက်ကြီးကျည်ကျပြီး ရပ်ရွာတွေထဲက နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်၊ ရွာလုံးကျွတ်ထွက်ပြေးကြ ကျောက်တော်၊ မတ် ၁၂- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တပ်မတော်နဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့အနီးတစ်ဝိုက် ကျောက်တော်မြို့နယ်က ရပ်ရွာတွေမှာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတဲ့အတွက် ဒီရက်ပိုင်း မတ်လ ၁၀ ရက်နေ့ကနေ ဒီကနေ့အထိ နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်ပျက်စီးသွားပြီး ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးတော့ မီးလောင်မှုအများဆုံးဖြစ်တဲ့ ကျေးရွာတွေဟာ မုန့်သန်းပြင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အနက် ၆၆ အိမ်ခန့်မီးလောင်ပြီး ပြိုင်းတိုင်းကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိရာ နေအိမ် ၄၄ လုံးခန့် မီးလောင်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျေးရွာတွေအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးရာမှာ အခြားရွာတွေကလည်း ပါဝင်ပြီး အထက်ကဖော်ပြခဲ့တဲ့ ရွာနှစ်ရွာမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အနီးအနားက ကျေးရွာ ၆ ရွာလောက်ဟာ ရွာလုံးကျွတ်ထွက်ပြေးကြရပြီး…

Read More

လူစုလူဝေးပွဲတွေ စည်းကမ်းနဲ့ ကန့်သတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လူစုလူဝေးပွဲတွေ စည်းကမ်းနဲ့ ကန့်သတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော ရန်ကုန် ၊ မတ် ၁၂ သိဂီ ၤ(VOM) နိုင်ငံရေးဆွေးနွေးပွဲတွေအပါအဝင် လူစုလူဝေးလုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေကန့်သတ်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်တိုက် လုပ်လာဖို့ ရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်တာကြောင့် လူစုလူဝေးပွဲတွေကိစ္စ အစိုးရအနေနဲ့ စည်းမျဉ်းတွေကန့်သတ်ရတော့မှာ ဖြစ်တယ်လို့ ဒီနေ့ မနက်ပိုင်း နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) စည်းဝေးပွဲမှာ ပြောခဲ့တာပါ။ “COVID19 ကို WHO က ကမ္ဘာ့ ကပ်ရောဂါဆိုပြီး ကြေငြာလိုက်ပါပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လူစုလူဝေးလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရကနေ…

Read More

ပုသိမ်ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ

ပုသိမ်ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ ပုသိမ်၊ မတ် ၁၂ – ၂၀၂၀ ကိုအောင် (VOM) ပုသိမ်ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး မတ်လ ၁၂ ရက် မနက်အစောပိုင်းက ရောက်ရှိလာပြီး စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ အဆိုပါ လူနာအမျိုးသားဟာ ကျောင်းကုန်းမြို့နယ်ထဲက ရွာတခုမှာ နေထိုင်သူဖြစ်ပြီး တရုတ်နိုင်ငံ ရှန်တိုမြို့က ကြက်အူချောင်း စက်ရုံမှာ အလုပ်လုပ်ခဲ့သူ တဦးဖြစ်တယ်လို့ သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၃လ က နေရပ်သို့ပြန်လာခဲ့ပြီး မတ်လ၁၁ရက်နေ့မှာ ကိုယ်အပူချိန်တက်ကာ ချောင်းဆိုးနေတာကြောင့် ဆေးကုသ ခံယူရာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ့ရှိတာကြောင့် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။ “တရုတ်က ကြက်အူချောင်းစက်ရုံမှာ အလုပ်လုပ်ရာက ပြန်လာတာ။ သူကခုထိတော့ ဖျားပြီးချောင်းဆိုးနေပေမယ့် တအားအဆိုးကြီးတော့ မဟုတ်ပါဘူး။ သူနဲ့အတူပြန်လာတဲ့သူ(၃)ဦးကိုပါ စစ်ဆေးဖို့ပုသိမ်ဆေးရုံက သီးသန့်ခွဲထားပါတယ်”…

Read More

၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိခဲ့၊ ရခိုင်နှင့် ချင်းပြည်နယ်မှ အများဆုံးဖြစ်၊

၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိခဲ့၊ ရခိုင်နှင့် ချင်းပြည်နယ်မှ အများဆုံးဖြစ်၊ ရန်ကုန်၊ မတ် ၁၁၊ ၂၀၂၀ စွဲ့ဝတီ (VOM) ၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေထဲက ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိပြီး အများစုက လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဆိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၉၇၁၂၆၆ ဦးမှာဝင်ရောက်ဖြေဆိုသူ ၉၁၀၁၃၂ ပျက်ကွက်သူ ၆၁၁၃၄ဦးရှိခဲ့တာဖြစ်ပါတယ်။ “ဒီနှစ်ပျက်ကွက်မူအများဆုံးက တော့ ချင်းပြည်နယ် ပေါ့။ ၈၇ရာခိုင်နူန်း ကျော်ကျော်ပဲရှိတာပေါ့။ ရခိုင်မှာတော့ ၉၂ရာခိုင်နူန်း နီးပါးပဲ”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့…

Read More

ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်များ ရပ်ဆိုင်းထားရန် အရေးပေါ်ကြေငြာ

ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်များ ရပ်ဆိုင်းထားရန် အရေးပေါ်ကြေငြာ မတ် ၁၂၊ ၂၀၂၀ VOM အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမယ့် ခရီးစဉ်တွေကို မနက်ဖန် မတ်လ ၁၃ ရက်နေ့ကနေ စပြီး လာမယ့် ဧပြီလ ၁၅ ရက်နေ့ အထိ ရပ်ဆိုင်းဖို့ ဘုရားဖူး အဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီက အရေးပေါ် ကြေငြာလိုက်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာလိုက်တာနဲ့ မရှေးမနှောင်းမှာပဲ အိန္ဒိယနိုင်ငံက သူ့နိုင်ငံတွင်းကို ဝင်ရောက်မယ့် ကမ္ဘာ့လှည့်ခရီးသွားတွေကို ကန့်သတ်ချက် ထုတ်ပြန်လိုက်တာကြောင့် အခုလို အရေးပေါ် ညွှန်ကြားရတာဖြစ်တယ်လို့ သာသနာရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီက VOM ကို…

Read More
VOM News

FREE
VIEW