ပုသိမ်ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ

ပုသိမ်ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ

ပုသိမ်၊ မတ် ၁၂ – ၂၀၂၀
ကိုအောင် (VOM)

ပုသိမ်ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး မတ်လ ၁၂ ရက် မနက်အစောပိုင်းက ရောက်ရှိလာပြီး စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါ လူနာအမျိုးသားဟာ ကျောင်းကုန်းမြို့နယ်ထဲက ရွာတခုမှာ နေထိုင်သူဖြစ်ပြီး တရုတ်နိုင်ငံ ရှန်တိုမြို့က ကြက်အူချောင်း စက်ရုံမှာ အလုပ်လုပ်ခဲ့သူ တဦးဖြစ်တယ်လို့ သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၃လ က နေရပ်သို့ပြန်လာခဲ့ပြီး မတ်လ၁၁ရက်နေ့မှာ ကိုယ်အပူချိန်တက်ကာ ချောင်းဆိုးနေတာကြောင့် ဆေးကုသ ခံယူရာမှာ ကိုရိုနာဗိုင်းရပ်စ်
ရောဂါလက္ခဏာတွေ့ရှိတာကြောင့် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။

“တရုတ်က ကြက်အူချောင်းစက်ရုံမှာ အလုပ်လုပ်ရာက ပြန်လာတာ။ သူကခုထိတော့ ဖျားပြီးချောင်းဆိုးနေပေမယ့် တအားအဆိုးကြီးတော့ မဟုတ်ပါဘူး။ သူနဲ့အတူပြန်လာတဲ့သူ(၃)ဦးကိုပါ စစ်ဆေးဖို့ပုသိမ်ဆေးရုံက သီးသန့်ခွဲထားပါတယ်” လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

လက်ရှိအချိန်မှာ သံသယရှိလူနာအမျိုးသား အပြင် အတူပြန်လာသူ ၃ဦးကိုပါ ပုသိမ်ဆေးရုံမှာသီးသန့်ထားစောင့်ကြည့်နေပီး ရန်ကုန်မြို့ကို ရိုနာဗိုင်းရပ်စ်ကူးစက်တာ ဟုတ်မဟုတ် ဓါတ်ခွဲ စစ်ဆေးရန် ပို့ဆောင်ထားတယ်လို့
ပုသိမ်ဆေးရုံအုပိကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်အထိ ကူးစက် ပြန့်ပွားနေတာကြောင့် လက်ရှိအချိန်မှာ WHOက ကူးစက်မြန် ကပ်ရောဂါအဖြစ် ကြေငြာထားပါတယ်။

မြန်မာနိုင်ငံမှာကတော့ လက်ရှိအခြေအနေအရ ရောဂါသံသယအဖြစ် စောင့်ကြည့် လူနာ ၇၀ ကျော်ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ အတည်ပြုခံရတဲ့ လူနာကတော့ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#VoiceOfMyanmar # VOM #Coronavirus
#ကိုရိုနာဗိုင်းရပ်စ် #သံသယလူနာ

…………..

zawgyi

ပုသိမ္ေဆး႐ုံသို႔ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာတစ္ဦး ေရာက္ရွိ

ပုသိမ္၊ မတ္ ၁၂ – ၂၀၂၀
ကိုေအာင္ (VOM)

ပုသိမ္ေဆး႐ုံႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာတစ္ဦး မတ္လ ၁၂ ရက္ မနက္အေစာပိုင္းက ေရာက္ရွိလာၿပီး ေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

အဆိုပါ လူနာအမ်ိဳးသားဟာ ေက်ာင္းကုန္းျမိဳ႕နယ္ထဲက ရြာတခုမွာ ေနထိုင္သူျဖစ္ျပီး တရုတ္ႏိုင္ငံ ရွန္တိုျမိဳ႕က ၾကက္အူေခ်ာင္း စက္ရံုမွာ အလုပ္လုပ္ခဲ့သူ တဦးျဖစ္တယ္လို႔ သိရပါတယ္။ သူဟာ လြန္ခဲ့တဲ့ ၃လ က ေနရပ္သို႔ျပန္လာခဲ့ျပီး မတ္လ၁၁ရက္ေန႔မွာ ကိုယ္အပူခ်ိန္တက္ကာ ေခ်ာင္းဆိုးေနတာေၾကာင့္ ေဆးကုသ ခံယူရာမွာ ကို႐ိုနာဗိုင္းရပ္စ္
ေရာဂါလကၡဏာေတြ႕ရွိတာေၾကာင့္ ပုသိမ္ေဆး႐ုံႀကီးကို လႊဲေျပာင္းခဲ့တယ္လို႔ သိရပါတယ္။

“တ႐ုတ္က ၾကက္အူေခ်ာင္းစက္႐ုံမွာ အလုပ္လုပ္ရာက ျပန္လာတာ။ သူကခုထိေတာ့ ဖ်ားျပီးေခ်ာင္းဆိုးေနေပမယ့္ တအားအဆိုးႀကီးေတာ့ မဟုတ္ပါဘူး။ သူနဲ႔အတူျပန္လာတဲ့သူ(၃)ဦးကိုပါ စစ္ေဆးဖို႔ပုသိမ္ေဆး႐ုံက သီးသန္႔ခြဲထားပါတယ္” လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္က ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ သံသယရွိလူနာအမ်ိဳးသား အျပင္ အတူျပန္လာသူ ၃ဦးကိုပါ ပုသိမ္ေဆး႐ုံမွာသီးသန္႔ထားေစာင့္ၾကည့္ေနပီး ရန္ကုန္ၿမိဳ႕ကို ႐ိုနာဗိုင္းရပ္စ္ကူးစက္တာ ဟုတ္မဟုတ္ ဓါတ္ခြဲ စစ္ေဆးရန္ ပို႔ေဆာင္ထားတယ္လို႔
ပုသိမ္ေဆး႐ုံအုပိႀကီးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါဟာ ကမာၻ႔ႏိုင္ငံ ၁၀၀ ေက်ာ္အထိ ကူးစက္ ျပန္႔ပြားေနတာေၾကာင့္ လက္ရွိအခ်ိန္မွာ WHOက ကူးစက္ျမန္ ကပ္ေရာဂါအျဖစ္ ေၾကျငာထားပါတယ္။

ျမန္မာႏိုင္ငံမွာကေတာ့ လက္ရွိအေျခအေနအရ ေရာဂါသံသယအျဖစ္ ေစာင့္ၾကည့္ လူနာ ၇၀ ေက်ာ္ရွိခဲ့ျပီး ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတယ္လို႔ အတည္ျပဳခံရတဲ့ လူနာကေတာ့ မရွိေသးေၾကာင္း က်န္းမာေရးဝန္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

#VoiceOfMyanmar # VOM #Coronavirus
#ကိုရိုနာဗိုင္းရပ္စ္ #သံသယလူနာ

 

Related posts

Leave a Comment

VOM News

FREE
VIEW