လူစုလူဝေးပွဲတွေ စည်းကမ်းနဲ့ ကန့်သတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လူစုလူဝေးပွဲတွေ စည်းကမ်းနဲ့ ကန့်သတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန် ၊ မတ် ၁၂

သိဂီ ၤ(VOM)

နိုင်ငံရေးဆွေးနွေးပွဲတွေအပါအဝင် လူစုလူဝေးလုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေကန့်သတ်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်တိုက် လုပ်လာဖို့ ရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်တာကြောင့် လူစုလူဝေးပွဲတွေကိစ္စ အစိုးရအနေနဲ့ စည်းမျဉ်းတွေကန့်သတ်ရတော့မှာ ဖြစ်တယ်လို့ ဒီနေ့ မနက်ပိုင်း နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) စည်းဝေးပွဲမှာ ပြောခဲ့တာပါ။

“COVID19 ကို WHO က ကမ္ဘာ့ ကပ်ရောဂါဆိုပြီး ကြေငြာလိုက်ပါပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လူစုလူဝေးလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရကနေ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ရမှာ ဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်မယ်ဆိုတာကတော့ ဒီနေ့ မတ်လ ၁၂ ရက်နေ့ နေ့လယ်မှာ လုပ်မယ့် စည်းဝေးကနေ ထုတ်ပြန်မယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် သင်္ကြန်ပွဲတော် ကျင်းပဖြစ်မဖြစ်ကိုလည်း ယခု ကျင်းပနေတဲ့ အစိုးရအဆင့်အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေနဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေး ကိစ္စရပ်တွေကို မြန်မာနိုင်ငံအနေနဲ့ WHO ပြောဆိုမှုတွေအတိုင်း လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“WHO ကပြောထားတဲ့အရာတွေ၊ ပြောဆိုမှုတွေအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ အားလုံးကို ကျွန်မတို့နိုင်ငံက လုပ်ဆောင်နေပြီးသားဖြစ်ပါတယ်။သတင်းထုတ်ပြန်ချက်တွေမှာလည်း တိတိကျကျ ပြောထားပြီးပါတယ်။ နဂိုထဲကလုပ်နေပြီးသားပါ။ ဒါကိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဘယ်ဟာတွေလုပ်မယ်ဆိုတာလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခု ကမ္ဘာကပ်ရောဂါအဖြစ် ကြေငြာလိုက်တာကလည်း သတိပေးစာကို ကျယ်ကျယ်လောင်လောင် ထုတ်လိုက်တဲ့သဘောပါ။ ကျမတို့ဆီမှာတော့ ဆေးရုံဆေးခန်းမှာ ရောဂါပိုးမကူးစက်ရေး ထိန်းချုပ်မှုတွေလုပ်နေတယ်။ စောင့်ကြည့်လူနာတွေကိုလည်း ထိရောက်တဲ့ကုသမှုတွေလုပ်နေတယ်။” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိစေဖို့ WHO ပြောဆိုမှုတွေအတိုင်းလုပ်နေကြောင်း ၊ရောဂါကူးစက်ခံရပါက ချက်ခြင်းကုသ စစ်ဆေးမှုပြုလုပ်နိုင်ဖို့ ဆေးရုံ၊ ဆေးခန်း အားလုံးပြင်ဆင်ထားသလို စတဲ့ လိုအပ်တဲ့အရာအားလုံးကို အဆင့်သင့်ဖြစ်အောင်လုပ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် လူနာကုသမှုအပိုင်း ၊ ကူးစက်မှုကို အနည်းဆုံးဖြစ်အောင်၊ သီးခြားထားရှိကုသခြင်းတွေကို လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် မှန်ကန်ထိရောက်တဲ့ကာကွယ်ရေးလုပ်ငန်းတွေကို ဥပဒေတိကျစွာလုပ်ကိုင်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို လမ်းညွှန်ထားတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူမရှိသေးပါဘူး။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာစတင်တွေ့ရှိခဲ့ချိန်ကနေ မတ်လ ၁၁ ရက်နေ့အထိ စောင့်ကြ ည့် လူနာ ၈၈ ဦး၊ သံသယလူနာ ၂ ဦးတွေ့ရှိခဲ့ပြီး ဒီထဲမှာ ၇၈ ဦးက ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။လက်ရှိမှာ ဓာတ်ခွဲရလဒ်စောင့်ဆိုင်းနေဆဲ စောင့်ကြည့်လူနာ ၈ ဦးနဲ့ ဓာတ်ခွဲနမူနာ ရယူဖို့စီစဉ်ဆဲ စောင့်ကြည့်လူနာ ၄ စုစုပေါင်း ၁၂ ဦးရှိကြောင်းကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်မှုတွေအရသိရပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် သင်္ကြန်ပွဲတော်ကို ကျင်းပမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။

ပဲခူးမြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် မကြာခင် ကျင်းပမယ့် ပဲခူးရွှေမော်ဓောဘုရားပွဲတော်ကို ကျင်းပတော့မှာ မဟုတ်ဘူးလို့ ဘုရားဂေါပကအတွင်းရေးမှူး ဦးဝင်းမောင်ဆီက သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ကြေငြာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ မှာဖြစ်ပွားနေပြီး ဓာတ်ခွဲအတည်ပြုလူနာ ၁၁၃၇၀၂ ဦးထိရှိလာနေပြီဖြစ်ပါတယ်။သေဆုံးသူက ၄၀၁၂ ဦးရှိလာနေပါတယ်။

ဒီကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ထဲမှာ အီတလီ ၊ ကိုရီးယားနိုင်ငံ ၊ ပြပင်သစ် ၊ ဂျာမနီ နိုင်ငံတွေဟာ ရောဂါစဖြစ်တဲ့အချိန်ကနေ မတ်လ ၁၁ ရက်နေ့ထိစာရင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအများဆုံးနဲ့ သေဆုံးမှုအများဆုံးနိုင်ငံတွေအဖြစ်ရှိနေပါတယ်။

#VoiceOfMyanmar # VOM #Coronavirus
#ကိုရိုနာဗိုင်းရပ်စ်

………….

zawgyi

လူစုလူေဝးပြဲေတြ စည္းကမ္းနဲ႔ ကန္႔သတ္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ရန္ကုန္ ၊ မတ္ ၁၂

သိဂီ ၤ(VOM)

ႏိုင္ငံေရးေဆြးေႏြးပြဲေတြအပါအဝင္ လူစုလူေဝးလုပ္တဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီး စည္းမ်ဥ္း စည္းကမ္းေတြကန္႔သတ္ဖို႔ရွိတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံ အေနနဲ႔ အေရးၾကီးတဲ့ ႏိုင္ငံေရးဆိုင္ရာ ေဆြးေႏြးပြဲေတြကို ဆက္တိုက္ လုပ္လာဖို႔ ရွိေနေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ထုတ္ျပန္လိုက္တာေၾကာင့္ လူစုလူေဝးပြဲေတြကိစၥ အစိုးရအေနနဲ႔ စည္းမ်ဥ္းေတြကန္႔သတ္ရေတာ့မွာ ျဖစ္တယ္လို႔ ဒီေန႔ မနက္ပိုင္း ေနျပည္ေတာ္မွာ လုပ္တဲ့ ျပည္ေထာင္စု ျငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ (UPDJC) စည္းေဝးပြဲမွာ ေျပာခဲ့တာပါ။

“COVID19 ကို WHO က ကမၻာ့ ကပ္ေရာဂါဆိုျပီး ေၾကျငာလိုက္ပါျပီ။ ႏုိင္ငံေရး ေဆြးေႏြးပြဲေတြနဲ႔ ဆက္စပ္ျပီး ေျပာရမယ္ဆိုရင္ လူစုလူေဝးလုပ္တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး အစိုးရကေန စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ရမွာ ျဖစ္တယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဘယ္လို စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္မယ္ဆိ္ုတာကေတာ့ ဒီေန႔ မတ္လ ၁၂ ရက္ေန႔ ေန႔လယ္မွာ လုပ္မယ့္ စည္းေဝးကေန ထုတ္ျပန္မယ္လို႔ သူကဆိုပါတယ္။

ဒါ့အျပင္ သၾကၤန္ပြဲေတာ္ က်င္းပျဖစ္မျဖစ္ကိုလည္း ယခု က်င္းပေနတဲ့ အစိုးရအဆင့္အစည္းအေဝးမွာ ဆုံးျဖတ္မယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာဆိုထားပါတယ္။

က်န္းမာေရး ဝန္ၾကီးဌာန ရဲ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန အေနနဲ႔ကေတာ့ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈ ထိန္းခ်ဳပ္ေရး ကိစၥရပ္ေတြကို ျမန္မာႏိုင္ငံအေနနဲ႔ WHO ေျပာဆိုမႈေတြအတိုင္း လုပ္ေဆာင္ထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

“WHO ကေျပာထားတဲ့အရာေတြ၊ ေျပာဆိုမႈေတြအတိုင္း လုပ္ေဆာင္ေနတာျဖစ္တယ္။ အားလုံးကို ကြၽန္မတို႔ႏိုင္ငံက လုပ္ေဆာင္ေနၿပီးသားျဖစ္ပါတယ္။သတင္းထုတ္ျပန္ခ်က္ေတြမွာလည္း တိတိက်က် ေျပာထားၿပီးပါတယ္။ နဂိုထဲကလုပ္ေနၿပီးသားပါ။ ဒါကိုဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဘယ္ဟာေတြလုပ္မယ္ဆိုတာလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ခု ကမာၻကပ္ေရာဂါအျဖစ္ ေၾကျငာလိုက္တာကလည္း သတိေပးစာကို က်ယ္က်ယ္ေလာင္ေလာင္ ထုတ္လိုက္တဲ့သေဘာပါ။ က်မတို႔ဆီမွာေတာ့ ေဆး႐ုံေဆးခန္းမွာ ေရာဂါပိုးမကူးစက္ေရး ထိန္းခ်ဳပ္မႈေတြလုပ္ေနတယ္။ ေစာင့္ၾကည့္လူနာေတြကိုလည္း ထိေရာက္တဲ့ကုသမႈေတြလုပ္ေနတယ္။” လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၊ ဒုတိယၫႊန္ၾကားေရးမႉးေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမရွိေစဖို႔ WHO ေျပာဆိုမႈေတြအတိုင္းလုပ္ေနေၾကာင္း ၊ေရာဂါကူးစက္ခံရပါက ခ်က္ျခင္းကုသ စစ္ေဆးမႈျပဳလုပ္ႏိုင္ဖို႔ ေဆး႐ုံ၊ ေဆးခန္း အားလုံးျပင္ဆင္ထားသလို စတဲ့ လိုအပ္တဲ့အရာအားလုံးကို အဆင့္သင့္ျဖစ္ေအာင္လုပ္ထားတယ္လို႔သိရပါတယ္။ ဒါ့အျပင္ လူနာကုသမႈအပိုင္း ၊ ကူးစက္မႈကို အနည္းဆုံးျဖစ္ေအာင္၊ သီးျခားထားရွိကုသျခင္းေတြကို လုပ္ေဆာင္ေနပါတယ္။

ဒါ့အျပင္ မွန္ကန္ထိေရာက္တဲ့ကာကြယ္ေရးလုပ္ငန္းေတြကို ဥပေဒတိက်စြာလုပ္ကိုင္ႏိုင္ဖို႔ က်န္းမာေရး၀န္ထမ္းေတြကို လမ္းညႊန္ထားတယ္လို႔ဆိုပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကူးစက္ခံရသူမရွိေသးပါဘူး။ ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ သံသယလူနာစတင္ေတြ႕ရွိခဲ့ခ်ိန္ကေန မတ္လ ၁၁ ရက္ေန႔အထိ ေစာင့္ၾက ည့္ လူနာ ၈၈ ဦး၊ သံသယလူနာ ၂ ဦးေတြ႕ရွိခဲ့ၿပီး ဒီထဲမွာ ၇၈ ဦးက ေရာဂါပိုးမေတြ႕ရွိခဲ့ပါဘူး။လက္ရွိမွာ ဓာတ္ခြဲရလဒ္ေစာင့္ဆိုင္းေနဆဲ ေစာင့္ၾကည့္လူနာ ၈ ဦးနဲ႔ ဓာတ္ခြဲနမူနာ ရယူဖို႔စီစဥ္ဆဲ ေစာင့္ၾကည့္လူနာ ၄ စုစုေပါင္း ၁၂ ဦးရွိေၾကာင္းကို က်န္းမာေရးနဲ႔အားကစား၀န္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္မႈေတြအရသိရပါတယ္။

ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းတို႔မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ သၾကၤန္ပြဲေတာ္ကို က်င္းပမွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ေၾကျငာထားျပီး ျဖစ္ပါတယ္။

ပဲခူးျမိဳ႕မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္စဥ္ေၾကာင့္ မၾကာခင္ က်င္းပမယ့္ ပဲခူးေ႐ႊေမာ္ေဓာဘုရားပြဲေတာ္ကို က်င္းပေတာ့မွာ မဟုတ္ဘူးလို႔ ဘုရားေဂါပကအတြင္းေရးမႉး ဦး၀င္းေမာင္ဆီက သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါျဖစ္ပြားပ်ံ႕ႏွံ႔မႈကို ကမာၻ႔ကပ္ေရာဂါအျဖစ္ မတ္လ ၁၁ ရက္ေန႔မွာ ကမာၻ႔ က်န္းမာေရးအဖြဲ႕က သတ္မွတ္ေၾကျငာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါဟာ ကမာၻ႔ႏိုင္ငံေပါင္း ၁၁၀ မွာျဖစ္ပြားေနၿပီး ဓာတ္ခြဲအတည္ျပဳလူနာ ၁၁၃၇၀၂ ဦးထိရွိလာေနၿပီျဖစ္ပါတယ္။ေသဆုံးသူက ၄၀၁၂ ဦးရွိလာေနပါတယ္။

ဒီကမာၻ႔ႏိုင္ငံေပါင္း ၁၁၀ ထဲမွာ အီတလီ ၊ ကိုရီးယားႏိုင္ငံ ၊ ျပပင္သစ္ ၊ ဂ်ာမနီ ႏိုင္ငံေတြဟာ ေရာဂါစျဖစ္တဲ့အခ်ိန္ကေန မတ္လ ၁၁ ရက္ေန႔ထိစာရင္းေတြအရ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈအမ်ားဆုံးနဲ႔ ေသဆုံးမႈအမ်ားဆုံးႏိုင္ငံေတြအျဖစ္ရွိေနပါတယ္။

#VoiceOfMyanmar # VOM #Coronavirus
#ကို႐ိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW