ကျောက်တော်မှာ လက်နက်ကြီးကျည်မှန်ပြီး အရပ်သား ၄ ဦး ဒဏ်ရာရ

ကျောက်တော်မှာ လက်နက်ကြီးကျည်မှန်ပြီး အရပ်သား ၄ ဦး ဒဏ်ရာရ

ကျောက်တော်၊ မတ် ၁၆- ၂၀၂၀
ခိုင်လင်းစံ (VOM)

ကျောက်တော်မြို့နယ်မှာ ဒီနေ့မနက်စောစော ၃ နာရီကျော်လောက်က တပ်မတော်ရေယာဉ်နဲ့ အေအေတို့ ပစ်ခတ်မှုဖြစ်တာကြောင့် အုတ်ကြွတ်ရွာအနီးမှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ၄ ယောက်ဟာ ကျောက်တော်မြို့နယ် အုတ်ကြွတ်ရွာက (၂) ယောက်နဲ့ ရောင်စုံရွာက (၂) ယောက် ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကျည်ဆံထိမှန်တဲ့သူတွေထဲက ကျောက်တော်မြို့နယ် အုတ်ကြွတ်ကျေးရွာမှာ အသက် ၆၀ ကျောက်အရွယ် လူကြီးတစ်ဦးဟာလည်း ဒဏ်ရာပြင်းထန်ပြီး စစ်တွေဆေးရုံကို ရောက်ရှိနေပါတယ်။

” မနေက်အစောပိုင်း ၃ နာရီခွဲလောက်မှာ ကုလားတန်မြစ်ထဲက နေဗီကနေ ပစ်ပါတယ်။ နေဗီကပစ်တော့ ကျွန်မအစ်ကိုက ကြောက်လို့ ဗုံးခိုကျင်းထဲပုန်းဖို့ သွားတာမှာကျသွားပါတယ်။ ဒဏ်ရာက ရင်ဘတ်နဲ့ ဒူး၊ ပြီးတော့ ခြေထောက်မှာလည်း ရပါတယ်။ သူ့ကို အပေါက်ဝဆေးရုံမှာ ပြခဲ့သေးတယ်။ ဆရာဝန်က စိုးရိမ်ရတယ်ဆိုပြီး စစ်တွေကို လွှတ်လိုက်တာ။” လ့ို ဒဏ်ရာရပြီးစစ်တွေဆေးရုံသို့ ရောက်နေသူ ဦးမောင်ဖြူလှရဲ့ညီမ ဒေါ်မယဉ်စိန်က ပြောပါတယ်။

အလားတူ ရောင်စုံကျေးရွာမှာလည်း လက်နက်ကြီးကျည်ကျပြီး အမျိုးသား ၂ ယောက်ဒဏ်ရာရကြတယ်လို့ သိရပါတယ်။

ရောင်စုံရွာ ဒေသခံတစ်ဦးပြောပြတာက” နေဗီကနေ ပစ်လိုက်တာပါ။ ညည့် ၃ နာရီကျော်လောက်မှာ ပစ်ခတ်မှုဖြစ်လို့ ရောင်စုံရွာက ယောက်ျားနှစ်ယောက် ဒဏ်ရာရကြတာပါ။ ပေါင်မှာတစ်ယောက်နဲ့ ခြေသလုံးမှာ တစ်ယောက်ဒဏ်ရာရပါတယ်။ အသက် ၆၀ အရွယ်တစ်ဦးနဲ့ ၄၀ အရွယ် တစ်ဦးဒဏ်ရာတာပါ။ အခုသူတို့ကို ဆေးရုံကိုပို့ထားပြီလားမသိဘူး။ ”လို့ ပြောပါတယ်။

အခုလို ဒဏ်ရာရကြသူတွေအပြင် ကျောက်တော်မြို့နယ်အတွင်းက အင်ဘာလီမူဆလင်ရွာမှာ လက်နက်ကြီးကျည်ကျပြီး ၃ ယောက်ဒဏ်ရာရရှိတယ်လို့ ကြားသိရပြီး အသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာမှာ ဖုန်းကိုင်ပေမယ့် တစ်စုံတစ်ရာပြောဆိုတာမရှိပါဘူး။

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပါ။

#VOM #voiceofmyanmar #ကျောက်တော် #လက်နက်ကြီးကျည်ကျ #ရွာသားလေးယောက်ဒဏ်ရာရ

Zawgyi

ေက်ာက္ေတာ္မွာ လက္နက္ႀကီးက်ည္မွန္ျပီး အရပ္သား ၄ ဦး ဒဏ္ရာရ

ေက်ာက္ေတာ္၊ မတ္ ၁၆- ၂၀၂၀
ခိုင္လင္းစံ (VOM)

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ဒီေန႔မနက္ေစာေစာ ၃ နာရီေက်ာ္ေလာက္က တပ္မေတာ္ေရယာဥ္နဲ႔ ေအေအတို႔ ပစ္ခတ္မွုျဖစ္တာေၾကာင္႔ အုတ္ႂကြတ္ရြာအနီးမွာ လက္နက္ႀကီးက်ည္က်ၿပီး အရပ္သား ၄ ေယာက္ ဒဏ္ရာရရွိသြားတယ္လုိ႔ သတင္းရရွိပါတယ္။

ဒဏ္ရာရရွိသြားတဲ႔ ၄ ေယာက္ဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ အုတ္ႂကြတ္ရြာက (၂) ေယာက္နဲ႔ ေရာင္စံုရြာက (၂) ေယာက္ ျဖစ္တယ္လုိ႔ သိရပါတယ္။

အဲ့ဒီလုိ က်ည္ဆံထိမွန္တဲ့သူေတြထဲက ေက်ာက္ေတာ္ျမိဳ႕နယ္ အုတ္ႂကြတ္ေက်းရြာမွာ အသက္ ၆၀ ေက်ာက္အရြယ္ လူႀကီးတစ္ဦးဟာလည္း ဒဏ္ရာျပင္းထန္ျပီး စစ္ေတြေဆးရံုကို ေရာက္ရွိေနပါတယ္။

” မေနက္အေစာပိုင္း ၃ နာရီခြဲေလာက္မွာ ကုလားတန္ျမစ္ထဲက ေနဗီကေန ပစ္ပါတယ္။ ေနဗီကပစ္ေတာ့ ကၽြန္မအစ္ကိုက ေၾကာက္လို႔ ဗံုးခိုက်င္းထဲပုန္းဖို႔ သြားတာမွာက်သြားပါတယ္။ ဒဏ္ရာက ရင္ဘတ္နဲ႔ ဒူး၊ ျပီးေတာ့ ေျခေထာက္မွာလည္း ရပါတယ္။ သူ႔ကို အေပါက္ဝေဆးရံုမွာ ျပခဲ႔ေသးတယ္။ ဆရာဝန္က စိုးရိမ္ရတယ္ဆိုၿပီး စစ္ေတြကို လႊတ္လိုက္တာ။” လ႔ို ဒဏ္ရာရၿပီးစစ္ေတြေဆးရံုသို႔ ေရာက္ေနသူ ဦးေမာင္ျဖဴလွရဲ႕ညီမ ေဒၚမယဥ္စိန္က ေျပာပါတယ္။

အလားတူ ေရာင္စံုုေက်းရြာမွာလည္း လက္နက္ႀကီးက်ည္က်ျပီး အမ်ိဳးသား ၂ ေယာက္ဒဏ္ရာရၾကတယ္လို႔ သိရပါတယ္။

ေရာင္စံုရြာ ေဒသခံတစ္ဦးေျပာျပတာက” ေနဗီကေန ပစ္လိုက္တာပါ။ ညည့္ ၃ နာရီေက်ာ္ေလာက္မွာ ပစ္ခတ္မွုျဖစ္လို႔ ေရာင္စံုရြာက ေယာက္်ားနွစ္ေယာက္ ဒဏ္ရာရၾကတာပါ။ ေပါင္မွာတစ္ေယာက္နဲ႔ ေျခသလံုးမွာ တစ္ေယာက္ဒဏ္ရာရပါတယ္။ အသက္ ၆၀ အရြယ္တစ္ဦးနဲ႔ ၄၀ အရြယ္ တစ္ဦးဒဏ္ရာတာပါ။ အခုသူတို႔ကို ေဆးရံုကိုပို႔ထားၿပီလားမသိဘူး။ ”လို႔ ေျပာပါတယ္။

အခုလို ဒဏ္ရာရၾကသူေတြအျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက အင္ဘာလီမူဆလင္ရြာမွာ လက္နက္ႀကီးက်ည္က်ျပီး ၃ ေယာက္ဒဏ္ရာရရွိတယ္လို႔ ၾကားသိရၿပီး အေသးစိပ္ကို စံုစမ္းေနဆဲျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ႔ရာမွာ ဖုန္းကိုင္ေပမယ့္ တစ္စံုတစ္ရာေျပာဆိုတာမရွိပါဘူး။

ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ဆက္သြယ္ခဲ႔ရာ အဆက္အသြယ္မရရွိခဲ႔ပါ။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #လက္နက္ႀကီးက်ည္က် #ရြာသားေလးေယာက္ဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW