မောင်တောမှာ နယ်ခြားစောင့်ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ နယ်ခြားစောင့် (၃) ဦးသေဆုံး

မောင်တောမှာ နယ်ခြားစောင့်ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ နယ်ခြားစောင့် (၃) ဦးသေဆုံး

မောင်တော၊ မတ် ၂၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မောင်တောမြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီလောက်က တောင်ပြိုနဲ့ ကြိမ်ချောင်းကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်းဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ လုံခြုံရေးဆောင်ရွက်ဖို့ တာဝန်ကျနေသူတွေဖြစ်ပြီး တောင်ပြိုနဲ့ ကြိမ်ချောင်းကျေးရွာကြား ကားလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

” နယ်ခြားစောင့်ယာဉ်တန်း မိုင်းဆွဲခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့်ကျနော်အသေးစိတ်မသိဘူး။ ရဲကိုမေးမှသိမယ်။ ကျနော်တို့သိတာက တောင်ပြိုနဲ့ ကြီမ်ချောင်းကြားမှာ မိုင်းခွဲခံရတယ်။ ပြီးတော့ နယ်ခြားစောင့် ၃ ယောက်သေသွားတယ်။ အဲဒါပဲသိတယ်။ ကျန်တဲ့ဟာ အသေးစိတ်ကိုမသိဘူး။ လုံခြုံရေးနဲ့သက်ဆိုင်တဲ့အတွက် လုံခြုံရေးကိုမေးမှရမယ်။” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ မသိရှိသေးတဲ့အတွက် မောင်တောခရိုင် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ အဆက်အသွယ်ရရှိဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါ။

သေဆုံးသွားသူတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်(၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

#VOM #voiceofmyanmar #မောင်တော #နယ်ခြားစောင့်ရဲယာဉ်တန်း #မိုင်းဆွဲခံရ #ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံး

Zawgyi

ေမာင္ေတာမွာ နယ္ျခားေစာင့္ရဲယာဥ္တန္း မိုင္းဆြဲခံရ၊ နယ္ျခားေစာင့္ (၃) ဦးေသဆံုး

ေမာင္ေတာ၊ မတ္ ၂၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက ေမာင္ေတာၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၇ နာရီေလာက္က ေတာင္ၿပိဳနဲ႔ ႀကိမ္ေခ်ာင္းၾကားမွာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ထိခိုက္က်ဆံုးမႈေတြ႐ွိတယ္လို႔ သတင္းရ႐ွိပါတယ္။

အဲ့ဒီနယ္ျခားေစာင့္ရဲတပ္ဖြဲ႔ယာဥ္တန္းဟာ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ လံုျခံဳေရးေဆာင္ရြက္ဖို႔ တာဝန္က်ေနသူေတြျဖစ္ၿပီး ေတာင္ၿပိဳနဲ႔ ႀကိမ္ေခ်ာင္းေက်းရြာၾကား ကားလမ္းေပၚမွာ မိုင္းဆြဲတိုက္ခိုက္ခံရတဲ့အတြက္ ၃ ဦးေသဆံုးသြားတယ္လုိ႔ သိရပါတယ္။

” နယ္ျခားေစာင့္ယာဥ္တန္း မိုင္းဆြဲခံရတာ ဟုတ္ပါတယ္။ ဒါေပမယ့္က်ေနာ္အေသးစိတ္မသိဘူး။ ရဲကိုေမးမွသိမယ္။ က်ေနာ္တို႔သိတာက ေတာင္ၿပိဳနဲ႔ ႀကီမ္ေခ်ာင္းၾကားမွာ မိုင္းခြဲခံရတယ္။ ၿပီးေတာ့ နယ္ျခားေစာင့္ ၃ ေယာက္ေသသြားတယ္။ အဲဒါပဲသိတယ္။ က်န္တဲ့ဟာ အေသးစိတ္ကိုမသိဘူး။ လံုျခံဳေရးနဲ႔သက္ဆိုင္တဲ့အတြက္ လံုျခံဳေရးကိုေမးမွရမယ္။” လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႔က လုပ္ေဆာင္တယ္ဆိုတာ တိတိက်က် မသိ႐ွိေသးတဲ့အတြက္ ေမာင္ေတာခ႐ိုင္ နယ္ျခားေစာင့္တပ္ဖြဲ႔နဲ႔ အဆက္အသြယ္ရ႐ွိဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါ။

ေသဆံုးသြားသူေတြဟာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က အရာ႐ွိတစ္ဦးနဲ႔ တပ္ဖြဲ႔ဝင္(၂)ဦးေသဆံုးၿပီး ရဲတပ္ဖြဲ႕ဝင္(၄) ဦး ထိခုိက္ဒဏ္ရာရ႐ွိခဲ့တယ္လုိ႔ သတင္းရင္းျမစ္ေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #ေမာင္ေတာ #နယ္ျခားေစာင့္ရဲယာဥ္တန္း #မိုင္းဆြဲခံရ #ရဲတပ္ဖြဲ႔ဝင္ေလးဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW