ပဲခူးတိုင်းအတွင်းမှာ အခြေခံစားသောက်ကုန်တွေကို ဈေးတင်ရောင်းခဲ့ရင် အရေးယူမယ်

ပဲခူးတိုင်းအတွင်းမှာ အခြေခံစားသောက်ကုန်တွေကို ဈေးတင်ရောင်းခဲ့ရင် အရေးယူမယ်

ပဲခူး၊ မတ် ၂၆-၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်းအတွင်းမှာ COVID-19ကပ်ရောဂါ စိုးရိမ်မှုရှိနေတဲ့အချိန် အခြေခံစားသောက်ကုန်တွေကို ဈေးတင်ရောင်းရင် စားသုံးသူရေးရာဦးစီးဌာနရဲ့ ဥပဒေနဲ့အရေးယူမယ်လို့ ပဲခူးတိုင်း စားသုံးသူရေးရာဦးစီးဌာနကပြောပါတယ်။

“အခုလိုအရေးကြီးကာလမှာ သက်ဆိုင်ရာ အသင်းအဖွဲ့လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ဈေးမတက်ဖို့ ဈေးတင်မရောင်းဖို့ ညှိနှိုင်းချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။ လက်ရှိ ဆန်ဈေးမတက်ဖို့ ထိန်းညှိနေပါတယ်။ အသင်းအဖွဲ့တွေကိုလည်း မှာကြားပြီးဖြစ်ပါတယ်။ အရံဆန်အနေနဲ့လည်း လှည့်ပတ်ရံပုံငွေကနေ (၆)ဘီလီယံပိုငွေကို ၂.၆ဘီလီယံလောက် ဝယ်တာရှိတယ်။ ၁ဘီလီယံဖိုး ဆန်အပ်နိုင်သေးတယ်။ ကျန်နေတဲ့ဆန်က အရံဆန်အနေနဲ့ ထိန်းကျောင်းဖို့အစီအစဉ်ရှိတယ်။ ဒါကလည်း မပြီးပြတ်သေးဘူး။ ဝန်ကြီးချုပ်ဆီကလည်း အမိန့်မရသေးဘူး၊ သက်ဆိုင်ရာလယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီကလည်း အမိန့်မရသေးဘူး။ ဒီအပေါ်မှာစိုးရိမ်စရာမရှိပါဘူး၊ အခြေခံစားကုန်အနေနဲ့ပတ်သက်ပြီး အဓိက ဒေသထွက်တဲ့ကုန်ပစ္စည်းအပေါ်မှာ တကယ်လို့ ဆန်၊ ဆီဈေးနှုန်း တအားကွာဟမှုဖြစ်လာခဲ့ရင် ဌာနရဲ့ဥပဒေအရသော်လည်းကောင်း ၊ ဒေသအာဏာပိုင်များနဲ့ချိတ်ဆက်ပြီး အမြန်ဆုံးထိန်းချုပ်နိုင်အောင် စီမံဆောင်ရွက်နေပါတယ်”လို့ ပဲခူးတိုင်းဒေသကြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းကပြောပါတယ်။

ပဲခူးတိုင်းစားသုံးသူရေးရာဦးစီးဌာနဟာ ကုန်ဈေးနှုန်းနဲ့ပတ်သက်တာမှန်သမျှ သက်ဆိုင်ရာဌာနတွေကို သတင်းပို့ခြင်း၊ မြို့နယ်(၂၈)မြို့နယ်မှာရှိတဲ့ တာဝန်ခံတွေဆီကနေ ကုန်ဈေးနှုန်းသတင်းတွေကို စာရင်းကောက်ပေးရခြင်း၊ အဓိက လူသုံးကုန်၊စားသောက်ကုန် အခြေခံစားသောက်ကုန်စတာတွေကို ဦးစားပေးသတင်းတင်ပေးနေတာဖြစ်တယ်လို့ တိုင်းဦးစီးမှူးကပြောပါတယ်။

‟အခြေခံစားသောက်ကုန်ဈေးမတက်ဖို့ အဓိက ပြည်သူတွေကဆင်းရဲသား၊ လက်လုပ်လက်စားများတဲ့အတွက် အခြေခံစားကုန်နဲ့ပတ်သက်လို့ ဈေးနှုန်းထိန်းညှိတာကို ပြီးခဲ့တဲ့အစိုးရလက်ထက်က (ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ )ဆိုတာရှိပါတယ်။ ၂၀၁၆ခုနှစ်မှာ ဒီကော်မတီကိုဖျက်လိုက်တယ်။ ပုဂ္ဂိုလိက ကဏ္ဏကိုပြောင်းသွားတဲ့အခါ ဆန်ကုန်သည်ကြီးများအသင်းတို့ ကုန်သည်ကြီးများအသင်းတို့က ဒီဟာကို ဈေးကွက်စီးပွားရေးအရလုပ်ကြပြီး ထိန်းချုပ်ထားတာမရှိပါဘူး”လို့ ဦးကျော်စွာဝင်းက ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက COVID-19ဂယက်ကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာတာနဲ့ပတ်သက်ပြီး သတိပေးကြေငြာချက်ကို ဒီကနေ့မတ်လ (၂၆)ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲ့ဒီကြေငြာချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မတ်လ (၂၃)ရက်က COVID-19အတည်ပြုလူနာတွေ့ရှိ သည့်ကြေငြာချက်ထုတ်ပြန်ချိန်ကစတင်ပြီး စားသုံးသူ ပြည်သူတွေအကြား စိုးရိမ်မှုမြင့်တက်ပြီး စားသောက်ကုန် ဆန်နဲ့ ကိုဗစ်ရောဂါကာကွယ်ဖို့ မက်စ်၊ လက်ဆေးရည်၊ အရက်ပျံစတာတွေကို တစ်ချို့ဆိုင်တွေမှာ အဆမတန် ဈေးနှုန်းတင်ရောင်းချမှုတွေ ပြုလုပ်လာတဲ့အတွက် တိုင်ကြားမှုတွေ နေ့စဉ်လက်ခံရရှိနေတဲ့အတွက် ဈေးနှုန်းတင်ရောင်းချတဲ့ဆိုင်တွေကို ပုံမှန်ဈေးနှုန်း အတိုင်းရောင်းချဖို့နဲ့ လိုက်နာခြင်းမရှိခဲ့ရင် စားသုံးသူကာကွယ်ရေးဥပဒေနဲ့ရော တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းညှိနှိုင်းပြီး တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပဲခူး #စားသောက်ကုန် #ဈေးတင်ရောင်းရင် #အရေးယူမယ်

Zawgyi

ပဲခူးတိုင္းအတြင္းမွာ အေျခခံစားေသာက္ကုန္ေတြကုိ ေဈးတင္ေရာင္းခဲ့ရင္ အေရးယူမယ္

ပဲခူး၊ မတ္ ၂၆-၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးတိုင္းအတြင္းမွာ COVID-19ကပ္ေရာဂါ စိုးရိမ္မႈရွိေနတဲ့အခ်ိန္ အေျခခံစားေသာက္ကုန္ေတြကို ေစ်းတင္ေရာင္းရင္ စားသုံးသူေရးရာဦးစီးဌာနရဲ႕ ဥပေဒနဲ႔အေရးယူမယ္လုိ႔ ပဲခူးတုိင္း စားသုံးသူေရးရာဦးစီးဌာနကေျပာပါတယ္။

“အခုလိုအေရးႀကီးကာလမွာ သက္ဆိုင္ရာ အသင္းအဖြဲ႕လုပ္ငန္းရွင္ေတြကို ေခၚယူေတြ႕ဆုံၿပီး ေဈးမတက္ဖို႔ ေဈးတင္မေရာင္းဖို႔ ညႇိႏႈိင္းခ်ိတ္ဆက္ၿပီး ေဆာင္႐ြက္ေနပါတယ္။ လက္ရွိ ဆန္ေဈးမတက္ဖို႔ ထိန္းညႇိေနပါတယ္။ အသင္းအဖြဲ႕ေတြကိုလည္း မွာၾကားၿပီးျဖစ္ပါတယ္။ အရံဆန္အေနနဲ႔လည္း လွည့္ပတ္ရံပုံေငြကေန (၆)ဘီလီယံပိုေငြကို ၂.၆ဘီလီယံေလာက္ ဝယ္တာရွိတယ္။ ၁ဘီလီယံဖိုး ဆန္အပ္ႏိုင္ေသးတယ္။ က်န္ေနတဲ့ဆန္က အရံဆန္အေနနဲ႔ ထိန္းေက်ာင္းဖို႔အစီအစဥ္ရွိတယ္။ ဒါကလည္း မၿပီးျပတ္ေသးဘူး။ ဝန္ႀကီးခ်ဳပ္ဆီကလည္း အမိန႔္မရေသးဘူး၊ သက္ဆိုင္ရာလယ္ယာထြက္ကုန္ စီမံခန႔္ခြဲေရးေကာ္မတီကလည္း အမိန႔္မရေသးဘူး။ ဒီအေပၚမွာစိုးရိမ္စရာမရွိပါဘူး၊ အေျခခံစားကုန္အေနနဲ႔ပတ္သက္ၿပီး အဓိက ေဒသထြက္တဲ့ကုန္ပစၥည္းအေပၚမွာ တကယ္လို႔ ဆန္၊ ဆီေဈးႏႈန္း တအားကြာဟမႈျဖစ္လာခဲ့ရင္ ဌာနရဲ႕ဥပေဒအရေသာ္လည္းေကာင္း ၊ ေဒသအာဏာပိုင္မ်ားနဲ႔ခ်ိတ္ဆက္ၿပီး အျမန္ဆုံးထိန္းခ်ဳပ္ႏိုင္ေအာင္ စီမံေဆာင္႐ြက္ေနပါတယ္”လို႔ ပဲခူးတိုင္းေဒသႀကီး စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာန တိုင္းေဒသႀကီးဦးစီးမႉး ဦးေက်ာ္စြာဝင္းကေျပာပါတယ္။

ပဲခူးတုိင္းစားသုံးသူေရးရာဦးစီးဌာနဟာ ကုန္ေဈးႏႈန္းနဲ႔ပတ္သက္တာမွန္သမွ် သက္ဆိုင္ရာဌာနေတြကို သတင္းပို႔ျခင္း၊ ၿမိဳ႕နယ္(၂၈)ၿမိဳ႕နယ္မွာရွိတဲ့ တာဝန္ခံေတြဆီကေန ကုန္ေဈးႏႈန္းသတင္းေတြကို စာရင္းေကာက္ေပးရျခင္း၊ အဓိက လူသုံးကုန္၊စားေသာက္ကုန္ အေျခခံစားေသာက္ကုန္စတာေတြကို ဦးစားေပးသတင္းတင္ေပးေနတာျဖစ္တယ္လုိ႔ တုိင္းဦးစီးမွဴးကေျပာပါတယ္။

‟အေျခခံစားေသာက္ကုန္ေဈးမတက္ဖို႔ အဓိက ျပည္သူေတြကဆင္းရဲသား၊ လက္လုပ္လက္စားမ်ားတဲ့အတြက္ အေျခခံစားကုန္နဲ႔ပတ္သက္လို႔ ေဈးႏႈန္းထိန္းညႇိတာကို ၿပီးခဲ့တဲ့အစိုးရလက္ထက္က (ျပည္ေထာင္စု ကုန္ေဈးႏႈန္းတည္ၿငိမ္ေရးေကာ္မတီ )ဆိုတာရွိပါတယ္။ ၂၀၁၆ခုႏွစ္မွာ ဒီေကာ္မတီကိုဖ်က္လိုက္တယ္။ ပုဂၢိဳလိက ကဏၰကိုေျပာင္းသြားတဲ့အခါ ဆန္ကုန္သည္ႀကီးမ်ားအသင္းတို႔ ကုန္သည္ႀကီးမ်ားအသင္းတို႔က ဒီဟာကို ေဈးကြက္စီးပြားေရးအရလုပ္ၾကၿပီး ထိန္းခ်ဳပ္ထားတာမရွိပါဘူး”လို႔ ဦးေက်ာ္စြာဝင္းက ဆက္လက္ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းက COVID-19ဂယက္ေၾကာင့္ ကုန္ပစၥည္းေဈးႏႈန္းမ်ား ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး သတိေပးေၾကျငာခ်က္ကို ဒီကေန႔မတ္လ (၂၆)ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

အဲ့ဒီေၾကျငာခ်က္ထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့မတ္လ (၂၃)ရက္က COVID-19အတည္ျပဳလူနာေတြ႕ရွိ သည့္ေၾကျငာခ်က္ထုတ္ျပန္ခ်ိန္ကစတင္ၿပီး စားသုံးသူ ျပည္သူေတြအၾကား စိုးရိမ္မႈျမင့္တက္ၿပီး စားေသာက္ကုန္ ဆန္နဲ႔ ကိုဗစ္ေရာဂါကာကြယ္ဖို႔ မက္စ္၊ လက္ေဆးရည္၊ အရက္ပ်ံစတာေတြကို တစ္ခ်ိဳ႕ဆိုင္ေတြမွာ အဆမတန္ ေဈးႏႈန္းတင္ေရာင္းခ်မႈေတြ ျပဳလုပ္လာတဲ့အတြက္ တိုင္ၾကားမႈေတြ ေန႔စဥ္လက္ခံရရွိေနတဲ့အတြက္ ေဈးႏႈန္းတင္ေရာင္းခ်တဲ့ဆိုင္ေတြကို ပုံမွန္ေဈးႏႈန္း အတိုင္းေရာင္းခ်ဖို႔နဲ႔ လိုက္နာျခင္းမရွိခဲ့ရင္ စားသုံးသူကာကြယ္ေရးဥပေဒနဲ႔ေရာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕နဲ႔ ပူးေပါင္းညႇိႏႈိင္းၿပီး တည္ဆဲဥပေဒမ်ားအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ေၾကျငာခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပဲခူး #စားေသာက္ကုန္ #ေစ်းတင္ေရာင္းရင္ #အေရးယူမယ္

Related posts

Leave a Comment

VOM News

FREE
VIEW