အဆမတန် ဈေးတင်ရောင်းချနေတဲ့ ဈေးဆိုင်တွေကို စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူမယ်

အဆမတန် ဈေးတင်ရောင်းချနေတဲ့ ဈေးဆိုင်တွေကို စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူမယ်

အဆမတန် ဈေးတင်ရောင်းချနေတဲ့ ဈေးဆိုင်တွေကို စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူမယ် ရန်ကုန်-မတ်-၂၆-၂၀၂၀ စွဲ့ဝတီ(VOM) လက်လီလက်ကား ရောင်းချနေတဲ့ ဈေးဆိုင်များအနေနဲ့ ပုံမှန်ဈေးနှုန်းအတိုင်း စားသုံးသူတွေကို စေတနာထားရောင်းချပေးဖို့တိုက်တွန်းလိုက်ပြီးတော့ လိုက်နာခြင်းမရှိတဲ့ ရောင်းချသူ တွေကို စားသုံးသူကာကွယ်ရေး ဥပဒေနဲ့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများနဲ့ ပူးပေါင်းပြီးညှိနှိုင်းပြီးတော့ တည်ဆဲဥပဒေများအရေးယူဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက သိရပါတယ်။ “စားသူသုံးကာကွယ်ရေးဥပဒေ ပုဒ်မ ၇၂အရဆိုရင် ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေသိန်းတစ်ရာ ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရပါတယ်။ ဆရာတို့က တိုင်တဲ့သူဆီက ပြေစာတော့ လိုတာပေါ့။ သူတို့ဆီက ပြေစာတော့တောင်းထားတာပေါ့။ တကယ်လို့ ကျွန်တော်တို့ အသိပေးကြေညာချက်ထွက်ပြီးနောက်ပိုင်းမှာ ဆက်ပြီးတော့ ရောင်းချတာမျိုးကို အရေးယူတာတွေ လုပ်ရမှာပေါ့။ လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင် ကပြောပါတယ်။ အခုတော့ ဆန်နဲ့ပတ်သက်ပြီးတော့ တိုင်တာတွေရှိတယ်။ အထူးသဖြင့် ဆေးဆိုင်တွေများတယ်။ လက်သန့်ဆေး အလတ်တစ်ဘူးကို တစ်သောင်းနဲ့ရောင်းတာတွေရှိတယ်။…

Read More

ဝန်ကြီးက ဆန္ဒမပြဖို့သဘောတူထားတယ်ပြောပေမယ့် အလုပ်သမားတွေဆန္ဒပြ

ဝန်ကြီးက ဆန္ဒမပြဖို့သဘောတူထားတယ်ပြောပေမယ့် အလုပ်သမားတွေဆန္ဒပြ ရန်ကုန် ၊ မတ် ၂၆-၂၀၂၀ သိဂီ ၤ (VOM) COVID-19 ဖြစ်နေတဲ့ကာလအတွင်း ဆန္ဒမပြဖို့၊ လူစုလူဝေးမပြုလုပ်ဖို့ သုံးပွင့်ဆိုင်သဘောတူထားကြောင်း ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောဆိုခဲ့တဲ့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာပဲ ရန်ကုန်၊ အရှေ့ဒဂုံစက်မှုဇုန်ထဲက G.E.G Grand Enterprises Garment အထည်ချုပ်စက်ရုံကို အလုပ်သမား ၅ ထောင်လောက်က ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ အလုပ်ရှင်က အလုပ်သမား ၃၀၀၀ ကျော်ကို လုပ်ခလစာ အပြည့်အဝမပေးဘဲ ယခုမတ်လကုန်ကနေစပြီး အလုပ်ထုတ်လိုက်တဲ့ကိစ္စအပေါ် မကျေနပ်တဲ့အတွက် အလုပ်သမားတွေက လမ်းမပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ “စက်ရုံကရက် ၄၀ ရက်ရှည် ပိတ်မယ်။ ဝန်ထမ်း ၃၀၀၀ ကျော်ကိုတော့ ခုလ ၃၁ ရက်ကနေ စ အလုပ်မဆင်းခိုင်းတော့ဘူး။ ထုတ်တယ်။ ဒါကိုမကျေနပ်လို့ အလုပ်သမားတွေက ဆန္ဒပြကြတယ်။ ခုတော့…

Read More

ပုသိမ်က မြန်မာနစ်တင်းအထည်ချုပ်စက်ရုံ အလုပ်သမား(၂၉၀၀)နီးပါးကို အလုပ်ကနေ အင်အားလျှော့ချ

ပုသိမ်က မြန်မာနစ်တင်းအထည်ချုပ်စက်ရုံ အလုပ်သမား(၂၉၀၀)နီးပါးကို အလုပ်ကနေ အင်အားလျှော့ချ ပုသိမ်၊ မတ်၂၆-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ စက်မှုဇုန်အတွင်းက မြန်မာ နစ်တင်းအထည်ချုပ်စက်ရုံဟာ မတ်လ ၂၄ ရက်နေ့ကစတင်ပြီး အလုပ်သမား ၂၉၀၀ နီးပါးကို အင်အားလျှော့ချလိုက်ပြီလို့ စက်ရုံကနေကြေငြာခဲ့ပါတယ်။ မြန်မာနစ်တင်းအထည်ချုပ်စက်ရုံကထွက်တဲ့ ထုတ်ကုန်တွေဟာ အီတလီနိုင်ငံကို အဓိကတင်ပို့နေရာတာဖြစ်ပြီး အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့လူဦးရေများလာကာ သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ပြီးနောက်ပိုင်း မှာယူထားတဲ့ ကုန်ပစ္စည်းမှာယူတာတွေမရှိတော့တဲ့အတွက် အလုပ်သမားအင်အားကို လျော့ချခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ခုလျော့လိုက်တဲ့လူတွေက လုပ်သက်တစ်နှစ်အောက်တွေပါ၊ လုပ်သား၅၀၀၀ရှိတာ တဝက်လောက်တော့ ပါသွားတာပေါ့၊ ပြန်ခန့်ရင်တော့ မူလနေရာပြန်ပေးမယ်လို့ ပြောပါတယ်”လို့ စက်ရုံအလုပ်သမားခေါင်းဆောင် ကိုအောင်နှိင်ဦးကပြောပါတယ်။ စက်ရုံကလျော့ချလိုက်တဲ့ ဝန်ထမ်း ၂၉၀၀ နီးပါးအတွက် စက်ရုံဘက်ကနေ မတ်လအတွက် အလုပ်လစာ၊ နို့တစ်ကြေး တစ်လစာ၊ လုပ်သက်အလိုက် အလုပ်ရပ်စဲနစ်နာကြေး၊ လုပ်သက် ခွင့်ခံစားခွင့်ငွေကြေးနဲ့…

Read More

ပဲခူးတိုင်းအတွင်းမှာ အခြေခံစားသောက်ကုန်တွေကို ဈေးတင်ရောင်းခဲ့ရင် အရေးယူမယ်

ပဲခူးတိုင်းအတွင်းမှာ အခြေခံစားသောက်ကုန်တွေကို ဈေးတင်ရောင်းခဲ့ရင် အရေးယူမယ် ပဲခူး၊ မတ် ၂၆-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်းအတွင်းမှာ COVID-19ကပ်ရောဂါ စိုးရိမ်မှုရှိနေတဲ့အချိန် အခြေခံစားသောက်ကုန်တွေကို ဈေးတင်ရောင်းရင် စားသုံးသူရေးရာဦးစီးဌာနရဲ့ ဥပဒေနဲ့အရေးယူမယ်လို့ ပဲခူးတိုင်း စားသုံးသူရေးရာဦးစီးဌာနကပြောပါတယ်။ “အခုလိုအရေးကြီးကာလမှာ သက်ဆိုင်ရာ အသင်းအဖွဲ့လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ဈေးမတက်ဖို့ ဈေးတင်မရောင်းဖို့ ညှိနှိုင်းချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။ လက်ရှိ ဆန်ဈေးမတက်ဖို့ ထိန်းညှိနေပါတယ်။ အသင်းအဖွဲ့တွေကိုလည်း မှာကြားပြီးဖြစ်ပါတယ်။ အရံဆန်အနေနဲ့လည်း လှည့်ပတ်ရံပုံငွေကနေ (၆)ဘီလီယံပိုငွေကို ၂.၆ဘီလီယံလောက် ဝယ်တာရှိတယ်။ ၁ဘီလီယံဖိုး ဆန်အပ်နိုင်သေးတယ်။ ကျန်နေတဲ့ဆန်က အရံဆန်အနေနဲ့ ထိန်းကျောင်းဖို့အစီအစဉ်ရှိတယ်။ ဒါကလည်း မပြီးပြတ်သေးဘူး။ ဝန်ကြီးချုပ်ဆီကလည်း အမိန့်မရသေးဘူး၊ သက်ဆိုင်ရာလယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီကလည်း အမိန့်မရသေးဘူး။ ဒီအပေါ်မှာစိုးရိမ်စရာမရှိပါဘူး၊ အခြေခံစားကုန်အနေနဲ့ပတ်သက်ပြီး အဓိက ဒေသထွက်တဲ့ကုန်ပစ္စည်းအပေါ်မှာ တကယ်လို့ ဆန်၊ ဆီဈေးနှုန်း တအားကွာဟမှုဖြစ်လာခဲ့ရင် ဌာနရဲ့ဥပဒေအရသော်လည်းကောင်း ၊ ဒေသအာဏာပိုင်များနဲ့ချိတ်ဆက်ပြီး အမြန်ဆုံးထိန်းချုပ်နိုင်အောင် စီမံဆောင်ရွက်နေပါတယ်”လို့…

Read More

မဟာမုနိဘုရားကြီး ဘုရားဖူးချိန်ကန့်သတ်၊ ရွှေသင်္ကန်းကပ်လှူမှု ယာယီပိတ်

မဟာမုနိဘုရားကြီး ဘုရားဖူးချိန်ကန့်သတ်၊ ရွှေသင်္ကန်းကပ်လှူမှု ယာယီပိတ် မန္တလေး၊ မတ် ၂၆-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြို့ရှိ အထင်ကရတစ်ခုဖြစ်တဲ့ မဟာမုနိဘုရားကြီးမှာ COVID 19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ဘုရားဖူးချိန်ကန့်သတ်ထားပြီး ရွှေသင်္ကန်းကပ်လှူမှုကို ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။ “ရွှေသင်္ကန်းကပ်တာကတော့ ပိတ်ထားတယ်။ အတွင်းတော်ကြီးထဲမှာက ကျဉ်းလည်းကျဉ်းမြောင်းတယ်လေ။ ရွှေသင်္ကန်းနဲ့ အတွင်းတော်ကို လူဝင်ခွင့်ပြုမယ်ဆိုရင် နိဗ္ဗာန်ဆော်အဖွဲ့နဲ့ လုံခြုံရေးနဲ့ဆို ငါးယောက်လောက်ထားရတယ်။ ရွှေချတာနဲ့ဆို လူကနီးကပ်မှု အနေအထားဖြစ်နေလို့ ရွှေဆိုင်းချခွင့် လောလောဆယ် ယာယီပိတ်ထားတယ်။”လို့ မဟာမုနိဘုရားဂေါပကအတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။ အရင်က မနက် ၄ နာရီကျော်ကနေ ည ၉ နာရီခန့်ထိ ဘုရားဖူးခွင့်ပြုခဲ့ရာကနေ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ကစတင်ကာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိသာ ခွင့်ပြုလိုက်တာဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့…

Read More

မင်းပြားမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေက ဒေသခံတွေထွက်ပြေးရ

မင်းပြားမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေက ဒေသခံတွေထွက်ပြေးရ မင်းပြား၊ မတ် ၂၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတိုက်ပွဲတွေအပြင် ကျေးရွာတွေကိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် ကျေးရွာတွေက ဒေသခံတွေထွက်ပြေးနေရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သတင်းရရှိပါတယ်။ ဒေသခံတွေပြောပြချက်အရ မနေ့ မတ်လ ၂၅ ရက်နေ့ကလည်း မင်းပြားမြို့နယ် ကုလားမတောင်၊ မင်းဖူးချောင်း၊ ဖုန်သာချောင်း၊ ဇိုင်ချောင်း စတဲ့နေရာတွေမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ဖုန်သာဝအုပ်စု၊ ဖုန်သာချောင်းကျေးရွာဒေသခံတွေ ထွက်ပြေးကြရတယ်လို့ သတင်းရရှိပါတယ်။ ဒေသခံတွေအခုလိုထွက်ပြေးရတာဟာ လက်နက်ကြီးငယ်အန္တရာယ်ကြောင့်ဖြစ်ပြီး ကျေးရွာပေါင်း ၄ ရွာလောက်ကပြည်သူတွေ ထွက်ပြေးနေကြရတာဖြစ်တာကြောင့် ကျေးရွာတွေကိုစွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်တွေကို ခန့်မှန်းရခက်ကြောင်း စစ်ဘေးရှောင်တွေကိုကူညီပေးနေသူ တစ်ဦးကပြောပါတယ်။ ” အခုလည်း တိုင်းဗဟို (၉) ကလက်နက်ကြီးတွေထုနေတယ်။ ချင်းခွဆုံရွာနားမှာ တိုက်ပွဲတွေဖြစ်နေလို့။ လူတွေကမရတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ။ ကြာအင်းတောင်တို့၊…

Read More

လှိုင်သာယာစက်မှုဇုန်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီကို ဒီကနေ့မှာ စတင်ရောင်းချပေးမယ်

လှိုင်သာယာစက်မှုဇုန်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီကို ဒီကနေ့မှာ စတင်ရောင်းချပေးမယ် ရန်ကုန် ၊ မတ် ၂၆-၂၀၂၀ သိဂီ ၤ( VOM) လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမားတွေနဲ့ ပြည်သူတွေအတွက် ဆန် ၊ ဆီ တွေကို လက်ရှိအပြင်ရောင်းချဈေးထက်သက်သာတဲ့ နှုန်းထားနဲ့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ညနေမှာ စတင်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။ ပထမအကြိမ်အနေနဲ့ လှိုင်သာယာစက်မှုဇုန်မှာရောင်းချတာဖြစ်ပြီး နောက်ရက်တွေမှာတော့ ရန်ကုန်တိုင်းထဲက ကျန်တဲ့စက်မှုဇုန်တွေမှာပါ အခြေခံစားသောက်ကုန်ရောင်းချပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကနေ့ စတင်ရောင်းချမယ့် လှိုင်သာယာစက်မှုဇုန်မှာတော့ ဆန်တစ်ပြည်ကို ၁၀၀၀ ကျပ် ကနေရောင်းချပေးမှာဖြစ်ပြီး ဆီကိုတော့ အသင့်ထည့်ဘူးတွေနဲ့ ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ “အခြေခံစားသောက်ကုန်မှာ ဆန်နဲ့ဆီအဓိကပါ။ စက်ရုံအလုပ်သမားတွေ ရုံးဆင်းချိန်၊ အဲ့ဒီမှာနေမယ့်သူတွေ လာဝယ်တဲ့သူတွေရော ရောင်းချပေးသွားပါမယ်။ ဒီနေ့က လှိုင်သာယာနဲ့စတယ်။ နောက်နေ့တော့ တခြားနေရာတွေပေါ့။ ဘယ်နေရာတွေလုပ်ဖြစ်မလဲတော့ မသိသေးဘူး။ တစ်ချက်စိုးရိမ်တာက…

Read More

COVID-19ဖြစ်နေတဲ့ကာလအတွင်း အလုပ်သမားတွေဆန္ဒမပြဖို့ သဘောတူညီမှုရရှိ

COVID-19ဖြစ်နေတဲ့ကာလအတွင်း အလုပ်သမားတွေဆန္ဒမပြဖို့ သဘောတူညီမှုရရှိ နေပြည်တော်၊ မတ် ၂၆-၂၀၂၀ သီရိ(VOM) COVID-19ဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ကာလအတွင်း အလုပ်သမားတွေဖက်က ဆန္ဒမပြဖို့အတွက် နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ သဘောတူညီချက်ရရှိခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီအ စည်းအဝေးအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ “အလုပ်သမားအဖွဲ့အစည်းအားလုံးက ဒီကာလအတွင်းမှာ အခက်အခဲရှိနေတဲ့ကာလအတွင်းမှာ ဆန္ဒ မပြဖို့ သူတို့ သဘောတူပါတယ်။ အလုပ်ရှင်တွေကလည်း ဆန္ဒမပြတာကို ကြိုဆိုပါတယ်။ သို့ရာတွင် ဖြစ်ပေါ်နေ တဲ့ ပြဿနာတွေကိုတော့ မြန်မြန်ထက်ထက်ဖြေရှင်းပေးဖို့ ဒါက အားလုံ ညှိနှိုင်းကြရမှာပါ။ အချို့ အလုပ်သမား အဖွဲ့အစည်းတွေဟာဆိုရင် ဒီကာလအတွင်းမှာ ဆန္ဒမပြပါနဲ့လို့ ထုတ်ပြန်ချက်တွေရှိနေတယ်။ အလုပ်သမားတွေလည်း ဒီလိုအခြေအနေကို နားလည်ပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး…

Read More
VOM News

FREE
VIEW