COVID-19ဖြစ်နေတဲ့ကာလအတွင်း အလုပ်သမားတွေဆန္ဒမပြဖို့ သဘောတူညီမှုရရှိ

COVID-19ဖြစ်နေတဲ့ကာလအတွင်း အလုပ်သမားတွေဆန္ဒမပြဖို့ သဘောတူညီမှုရရှိ

နေပြည်တော်၊ မတ် ၂၆-၂၀၂၀
သီရိ(VOM)

COVID-19ဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ကာလအတွင်း အလုပ်သမားတွေဖက်က ဆန္ဒမပြဖို့အတွက် နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ သဘောတူညီချက်ရရှိခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီအ စည်းအဝေးအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“အလုပ်သမားအဖွဲ့အစည်းအားလုံးက ဒီကာလအတွင်းမှာ အခက်အခဲရှိနေတဲ့ကာလအတွင်းမှာ ဆန္ဒ မပြဖို့ သူတို့ သဘောတူပါတယ်။ အလုပ်ရှင်တွေကလည်း ဆန္ဒမပြတာကို ကြိုဆိုပါတယ်။ သို့ရာတွင် ဖြစ်ပေါ်နေ တဲ့ ပြဿနာတွေကိုတော့ မြန်မြန်ထက်ထက်ဖြေရှင်းပေးဖို့ ဒါက အားလုံ ညှိနှိုင်းကြရမှာပါ။ အချို့ အလုပ်သမား အဖွဲ့အစည်းတွေဟာဆိုရင် ဒီကာလအတွင်းမှာ ဆန္ဒမပြပါနဲ့လို့ ထုတ်ပြန်ချက်တွေရှိနေတယ်။ အလုပ်သမားတွေလည်း ဒီလိုအခြေအနေကို နားလည်ပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

အလုပ်သမားတွေကိုတော့ ဒီအခြေအနေမှာ COVID-19မပြန့်ပွားရေးနဲ့ စက်ရုံတွေမှာ အော်ဒါတွေ ကျဆင်းနေတာကိုလည်း အားလုံးညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး ဒီအချိန်မှာ အားလုံး နားလည်မှုရှိရှိလုပ်ရမယ်လို့လည်း အလုပ်သမားတွေကို မှာကြားချင်တယ်လို့ ဦးသိန်းဆွေက ပြောပါတယ်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်ပြေးညီပေါ့။ ကာကွယ်ရေး၊ ထိန်းချုပ်ရေးကိစ္စတွေကို ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များအတိုင်း ထုတ်ပြန်ဖို့၊ နောက်ပြီးတော့မှ ပြည်သူအများကို အသိပညာပေးကိစ္စတွေကို မီဒီယာတွေ ပေါင်းစုံက၊ တီဗွီလည်းလုပ်မယ်။ တယ်လီဖုန်းတွေကလည်းလုပ်မယ်။ သတင်းစာတွေကလည်း လုပ်မယ်။ ရေဒီယိုတွေကလည်း လုပ်မယ့်အပြင်ကို ရွာတွေ၊ ရပ်တွေမှာ လော်စပီကာတွေနဲ့ အော်ပြီးတော့ မီးဘေးသတိပေးဖို့ကြေငြာသလိုပေါ့ကွယ်။ အဲ့လို လိုက်ပြီးတော့ကြေငြာမယ်။ အဲ့ဒီလို ကြေငြာခြင်းအားဖြင့် ပိုပြီးတော့မှ ပြည်သူလူထုဟာ မကြားချင်အဆုံးဖြစ်ပြီးတော့မှ ပိုမိုကြားမိတယ်ဆိုရင် ဒီရောဂါရဲ့ အန္တရာယ်ကို သိအောင်လို့၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မေတ္တာရပ်ခံချက်ထဲမှာပါတဲ့အတိုင်းပဲ ဒီရောဂါကို လိုအပ်တာထက်လည်းပိုမကြောက်ပါနဲ့ မကြောက်ဘဲလည်း မနေပါနဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း အားလုံးလိုက်နာမယ်ဆိုရင် ဒီရောဂါဟာ ကုလို့မရတဲ့ရောဂါလည်း မဟုတ်ပါဘူး”လို့ ဦးသိန်းဆွေကပြောပါတယ်။

နိုင်ငံတော်အနေနဲ့ ဒီအလုပ်သမားတွေအတွက် ဦးစားပေးပြီးတော့မှ လူမှုဖူလုံရေးရံပုံငွေထဲကနေ ၅၀ ဘီလီယံ၊ နိုင်ငံတော်ရဲ့ ရံပုံငွေက ၅၀ ဘီလီယံဆိုပြီးတော့ စုစုပေါင်း ဘီလီယံတစ်ရာနဲ့ CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ တိုးရစ်လုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ငွေချေးပေးဖို့ စီစဉ်ထားတယ်လို့ သိရပြီး ချေးပေးတဲ့နေရာမှာလည်း အတိုးက ၁ ရာခိုင်နှုန်းနဲ့ တစ်နှစ်ချေးပေးမှာ ဖြစ်ပါတယ်။

အခုလို ချေးပေးရတဲ့ရည်ရွယ်ချက်က အဲ့ဒီချေးငွေတွေကို အလုပ်သမားတွေရဲ့လုပ်ခလစာတွေဆက် ပေးနိုင်ဖို့နဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်ရတာတွေ လျော့ရတာတွေဖြစ်မှာစိုးလို့ ချေးပေးတာဖြစ်တယ်လို့ ဦးသိန်းဆွေကရှင်းပြပါတယ်။

အခုလက်ရှိ နိုင်ငံတော်အတွင်းမှာ စက်ရုံစုစုပေါင်း ၂၀ ခန့် ယာယီပိတ်သိမ်းတာတွေ၊ အပြီးပိတ်သိမ်း တာတွေ၊ လုပ်သားအင်အားလျော့တာတွေလုပ်ဖို့အတွက် ဝန်ကြီးဌာနကို တင်ပြမှုတွေရှိနေပြီး အဲ့ဒီ စက်ရုံတွေထဲမှာ အထည်ချုပ်စက်ရုံ၊ အိတ်ချုပ်စက်ရုံနဲ့ အခြားလုပ်ငန်းတွေလည်းပါတယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။

အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကိုတော့ ဥပဒေနဲ့အညီ အကျိုးခံစားခွင့်တွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ ပေးသွားမှာဖြစ်ကြောင်း၊ ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေအနေနဲ့ ဆေးစစ်ခြင်းကို မခံယူပါက သဘာဝဘေးအန္တရာယ်နှင့် ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်လို့လည်း ဝန်ကြီးရဲ့ပြောပြချက်အရ သိရပါတယ်။

ပြည်တော်ပြန် အလုပ်သမားတွေအားလုံးကို လက်ခံမှာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက စနစ်တကျစစ်ဆေးတာတွေ၊ စာရင်းဇယားနဲ့တကွ မြို့နယ်တွေကို ပေးပို့စောင့်ကြည့်တာတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက သတင်းမီဒီယာတွေကို ရှင်းပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #COVIDဖြစ်နေစဉ်ကာလ #အလုပ်သမားများ #ဆန္ဒမပြဖို့ #သဘောတူညီချက်ရရှိ

Zawgyi

COVID-19ျဖစ္ေနတဲ့ကာလအတြင္း အလုပ္သမားေတြဆႏၵမျပဖုိ႔ သေဘာတူညီမႈရရွိ

ေနျပည္ေတာ္၊ မတ္ ၂၆-၂၀၂၀
သီရိ(VOM)

COVID-19ဗိုင္းရပ္စ္ပိုးဟာ ကမာၻ႔ကပ္ေရာဂါအသြင္ ျဖစ္ပြားေနတဲ့ကာလအတြင္း အလုပ္သမားေတြဖက္က ဆႏၵမျပဖို႔အတြက္ ေနျပည္ေတာ္မွာျပဳလုပ္ခဲ့တဲ့ အစည္းအေဝးကေန သေဘာတူညီခ်က္ရရွိခဲ့တယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဦးေဆာင္တဲ့ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးေကာ္မတီအ စည္းအေဝးအၿပီးမွာ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အလုပ္သမားအဖြဲ႕အစည္းအားလုံးက ဒီကာလအတြင္းမွာ အခက္အခဲရွိေနတဲ့ကာလအတြင္းမွာ ဆႏၵ မျပဖို႔ သူတို႔ သေဘာတူပါတယ္။ အလုပ္ရွင္ေတြကလည္း ဆႏၵမျပတာကို ႀကိဳဆိုပါတယ္။ သို႔ရာတြင္ ျဖစ္ေပၚေန တဲ့ ျပႆနာေတြကိုေတာ့ ျမန္ျမန္ထက္ထက္ေျဖရွင္းေပးဖို႔ ဒါက အားလုံ ညႇိႏႈိင္းၾကရမွာပါ။ အခ်ိဳ႕ အလုပ္သမား အဖြဲ႕အစည္းေတြဟာဆိုရင္ ဒီကာလအတြင္းမွာ ဆႏၵမျပပါနဲ႔လို႔ ထုတ္ျပန္ခ်က္ေတြရွိေနတယ္။ အလုပ္သမားေတြလည္း ဒီလိုအေျခအေနကို နားလည္ပါတယ္”လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြကေျပာပါတယ္။

အလုပ္သမားေတြကိုေတာ့ ဒီအေျခအေနမွာ COVID-19မျပန္႔ပြားေရးနဲ႔ စက္႐ုံေတြမွာ ေအာ္ဒါေတြ က်ဆင္းေနတာကိုလည္း အားလုံးညႇိႏႈိင္းေဆာင္႐ြက္ရမွာျဖစ္ၿပီး ဒီအခ်ိန္မွာ အားလုံး နားလည္မႈရွိရွိလုပ္ရမယ္လို႔လည္း အလုပ္သမားေတြကို မွာၾကားခ်င္တယ္လုိ႔ ဦးသိန္းေဆြက ေျပာပါတယ္။

“တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ တစ္ေျပးညီေပါ့။ ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရးကိစၥေတြကို က်န္းမာ ေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္မ်ားအတိုင္း ထုတ္ျပန္ဖို႔၊ ေနာက္ၿပီးေတာ့မွ ျပည္သူအမ်ားကို အသိပညာေပးကိစၥေတြကို မီဒီယာေတြ ေပါင္းစုံက၊ တီဗြီလည္းလုပ္မယ္။ တယ္လီဖုန္းေတြကလည္းလုပ္မယ္။ သတင္းစာေတြကလည္း လုပ္မယ္။ ေရဒီယိုေတြကလည္း လုပ္မယ့္အျပင္ကို ႐ြာေတြ၊ ရပ္ေတြမွာ ေလာ္စပီကာေတြနဲ႔ ေအာ္ၿပီးေတာ့ မီးေဘးသတိေပးဖို႔ေၾကျငာသလိုေပါ့ကြယ္။ အဲ့လို လိုက္ၿပီးေတာ့ေၾကျငာမယ္။ အဲ့ဒီလို ေၾကျငာျခင္းအားျဖင့္ ပိုၿပီးေတာ့မွ ျပည္သူလူထုဟာ မၾကားခ်င္အဆုံးျဖစ္ၿပီးေတာ့မွ ပိုမိုၾကားမိတယ္ဆိုရင္ ဒီေရာဂါရဲ႕ အႏၲရာယ္ကို သိေအာင္လို႔၊ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ေမတၱာရပ္ခံခ်က္ထဲမွာပါတဲ့အတိုင္းပဲ ဒီေရာဂါကို လိုအပ္တာထက္လည္းပိုမေၾကာက္ပါနဲ႔ မေၾကာက္ဘဲလည္း မေနပါနဲ႔၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္အတိုင္း အားလုံးလိုက္နာမယ္ဆိုရင္ ဒီေရာဂါဟာ ကုလို႔မရတဲ့ေရာဂါလည္း မဟုတ္ပါဘူး”လို႔ ဦးသိန္းေဆြကေျပာပါတယ္။

ႏိုင္ငံေတာ္အေနနဲ႔ ဒီအလုပ္သမားေတြအတြက္ ဦးစားေပးၿပီးေတာ့မွ လူမႈဖူလုံေရးရံပုံေငြထဲကေန ၅၀ ဘီလီယံ၊ ႏိုင္ငံေတာ္ရဲ႕ ရံပုံေငြက ၅၀ ဘီလီယံဆိုၿပီးေတာ့ စုစုေပါင္း ဘီလီယံတစ္ရာနဲ႔ CMP လုပ္ငန္းေတြ၊ ဟိုတယ္နဲ႔ တိုးရစ္လုပ္ငန္းေတြ၊ SME လုပ္ငန္းေတြမွာရွိတဲ့ လုပ္ငန္းရွင္ေတြကို ေငြေခ်းေပးဖို႔ စီစဥ္ထားတယ္လုိ႔ သိရၿပီး ေခ်းေပးတဲ့ေနရာမွာလည္း အတိုးက ၁ ရာခိုင္ႏႈန္းနဲ႔ တစ္ႏွစ္ေခ်းေပးမွာ ျဖစ္ပါတယ္။

အခုလုိ ေခ်းေပးရတဲ့ရည္႐ြယ္ခ်က္က အဲ့ဒီေခ်းေငြေတြကို အလုပ္သမားေတြရဲ႕လုပ္ခလစာေတြဆက္ ေပးႏိုင္ဖို႔နဲ႔ အလုပ္သမားေတြကို အလုပ္ျဖဳတ္ရတာေတြ ေလ်ာ့ရတာေတြျဖစ္မွာစိုးလို႔ ေခ်းေပးတာျဖစ္တယ္လုိ႔ ဦးသိန္းေဆြကရွင္းျပပါတယ္။

အခုလက္ရွိ ႏိုင္ငံေတာ္အတြင္းမွာ စက္႐ုံစုစုေပါင္း ၂၀ ခန္႔ ယာယီပိတ္သိမ္းတာေတြ၊ အၿပီးပိတ္သိမ္း တာေတြ၊ လုပ္သားအင္အားေလ်ာ့တာေတြလုပ္ဖို႔အတြက္ ဝန္ႀကီးဌာနကို တင္ျပမႈေတြရွိေနၿပီး အဲ့ဒီ စက္႐ုံေတြထဲမွာ အထည္ခ်ဳပ္စက္႐ုံ၊ အိတ္ခ်ဳပ္စက္႐ုံနဲ႔ အျခားလုပ္ငန္းေတြလည္းပါတယ္လို႔ ဝန္ႀကီးက ရွင္းျပပါတယ္။

အလုပ္လက္မဲ့ျဖစ္ေနတဲ့ အလုပ္သမားေတြကိုေတာ့ ဥပေဒနဲ႔အညီ အက်ိဳးခံစားခြင့္ေတြ၊ လူမႈဖူလုံေရးအက်ိဳးခံစားခြင့္ေတြ ေပးသြားမွာျဖစ္ေၾကာင္း၊ ျပည္ပက ျပန္လာတဲ့ အလုပ္သမားေတြအေနနဲ႔ ေဆးစစ္ျခင္းကို မခံယူပါက သဘာဝေဘးအႏၲရာယ္ႏွင့္ ကူးစက္ေရာဂါကာကြယ္ေရးဥပေဒနဲ႔ အေရးယူလို႔ရတယ္လုိ႔လည္း ဝန္ႀကီးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ျပည္ေတာ္ျပန္ အလုပ္သမားေတြအားလံုးကို လက္ခံမွာျဖစ္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူေတြက စနစ္တက်စစ္ေဆးတာေတြ၊ စာရင္းဇယားနဲ႔တကြ ၿမိဳ႕နယ္ေတြကို ေပးပို႔ေစာင့္ၾကည့္တာေတြကို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက သတင္းမီဒီယာေတြကို ရွင္းျပေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #COVIDျဖစ္ေနစဥ္ကာလ #အလုပ္သမားမ်ား #ဆႏၵမျပဖို႔ #သေဘာတူညီခ်က္ရရိွ

Related posts

Leave a Comment

VOM News

FREE
VIEW