မဟာမုနိဘုရားကြီး ဘုရားဖူးချိန်ကန့်သတ်၊ ရွှေသင်္ကန်းကပ်လှူမှု ယာယီပိတ်

မဟာမုနိဘုရားကြီး ဘုရားဖူးချိန်ကန့်သတ်၊ ရွှေသင်္ကန်းကပ်လှူမှု ယာယီပိတ်

မန္တလေး၊ မတ် ၂၆-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးမြို့ရှိ အထင်ကရတစ်ခုဖြစ်တဲ့ မဟာမုနိဘုရားကြီးမှာ COVID 19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ဘုရားဖူးချိန်ကန့်သတ်ထားပြီး ရွှေသင်္ကန်းကပ်လှူမှုကို ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။

“ရွှေသင်္ကန်းကပ်တာကတော့ ပိတ်ထားတယ်။ အတွင်းတော်ကြီးထဲမှာက ကျဉ်းလည်းကျဉ်းမြောင်းတယ်လေ။ ရွှေသင်္ကန်းနဲ့ အတွင်းတော်ကို လူဝင်ခွင့်ပြုမယ်ဆိုရင် နိဗ္ဗာန်ဆော်အဖွဲ့နဲ့ လုံခြုံရေးနဲ့ဆို ငါးယောက်လောက်ထားရတယ်။ ရွှေချတာနဲ့ဆို လူကနီးကပ်မှု အနေအထားဖြစ်နေလို့ ရွှေဆိုင်းချခွင့် လောလောဆယ် ယာယီပိတ်ထားတယ်။”လို့ မဟာမုနိဘုရားဂေါပကအတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။

အရင်က မနက် ၄ နာရီကျော်ကနေ ည ၉ နာရီခန့်ထိ ဘုရားဖူးခွင့်ပြုခဲ့ရာကနေ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ကစတင်ကာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိသာ ခွင့်ပြုလိုက်တာဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်ခဲ့တာလို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

တကယ်လို့ ရွှေသင်္ကန်းကပ်လှူချင်တယ်ဆိုရင်တော့ အလှူခံပုံးထဲကို ထည့်ဝင်လှူဒါန်းနိုင်ပြီး ဘုရားဖူးချိန်နဲ့ ရွှေသင်္ကန်းကပ်ခွင့်အတွက် ပြန်လည်ခွင့်ပြုမယ့်ရက်ကိုတော့ ညွှန်ကြားချက်ကျလာမှသာ သိရမယ်လို့ သိရပါတယ်။

ဘုရားကြီးဝင်ထွက်ရာနေရာတွေမှာလည်း အပူချိန်တိုင်းစက်တွေနဲ့ တိုင်းတာပြီးမှ ဝင်ခွင့်ပြုသလို လက်ဆေးဆပ်ပြာနဲ့ ဆေးကြောပြီးမှ ခွင့်ပြုတာဖြစ်ပြီး ဘုရားဖူးပြည်သူတွေကလည်း ပူးပေါင်းပါဝင်ကြတယ်လို့ သိရပါတယ်။

ဘုရားဖူးလာသူ မန္တလေးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးကျော်ရှိန်ပြောတာက “ဒီ ကိုရိုနာဗိုင်းရပ်စ်ကြီးကြောင့် ကျန်းမာရေးအရ ဒီလိုလုပ်ရတာပဲ၊ ကောင်းပါတယ်။ အချိန်ကိုတော့ ပိုဂရုစိုက်ပြီးလုပ်ရတာပေ့ါ။ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။”လို့ ပြောပါတယ်။

ဘုရားဖူးတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး သုံးပေအကွာကနေ ဖူးမြော်ကြဖို့အတွက်ကိုလည်း မတ်လ ၂၀ ရက်ကတည်းက အကွက်ချပြီး ဘုရားရှိခိုးဖို့အတွက် စည်းကမ်းသတ်မှတ်ထားတာဖြစ်ပါတယ်။

မဟာမုနိဂေါပကအဖွဲ့အနေနဲ့ ဘုရားပုရဝုဏ်အတွင်းမှာ ရောင်းချနေတဲ့ဈေးသည်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့မှာကြားထားသလို အဲ့ဒီဆိုင်တွေသိမ်းဆည်းချိန်မှာလည်း ဂေါပကအဖွဲ့အနေနဲ့ ပိုးသတ်ဆေးဖြန်းတဲ့လုပ်ငန်းတွေကို မပြတ်ဆောင်ရွက်ထားတယ်လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

ဈေးရောင်းခွင့်တွေကိုတော့ ပိတ်ပင်မှာမဟုတ်သေးဘူးလို့လည်း သိရပြီး အခုလက်ရှိ မှာတော့ ဘုရားဖူးပြည်သူဝင်ထွက်မှုကတော့ နည်းသွားတာကို တွေ့ရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #မဟာမုနိဘုရားကြီး #ဘုရားဖူးချိန်ကန့်သတ်

Zawgyi

မဟာမုနိဘုရားႀကီး ဘုရားဖူးခ်ိန္ကန္႔သတ္၊ ေရႊသကၤန္းကပ္လွဴမွဳ ယာယီပိတ္

မႏၲေလး၊ မတ္ ၂၆-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕ရွိ အထင္ကရတစ္ခုျဖစ္တဲ့ မဟာမုနိဘုရားႀကီးမွာ COVID 19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္တားဆီးႏိုင္ဖို႔အတြက္ ဘုရားဖူးခ်ိန္ကန႔္သတ္ထားၿပီး ေ႐ႊသကၤန္းကပ္လႉမႈကို ယာယီပိတ္ထားတယ္လို႔ ဘုရားေဂါပကအဖြဲ႔ကေျပာပါတယ္။

“ေ႐ႊသကၤန္းကပ္တာကေတာ့ ပိတ္ထားတယ္။ အတြြင္းေတာ္ႀကီးထဲမွာက က်ဥ္းလည္းက်ဥ္းေျမာင္းတယ္ေလ။ ေ႐ႊသကၤန္းနဲ႔ အတြင္းေတာ္ကို လူဝင္ခြင့္ျပဳမယ္ဆိုရင္ နိဗၺာန္ေဆာ္အဖြဲ႕နဲ႔ လုံၿခဳံေရးနဲ႔ဆို ငါးေယာက္ေလာက္ထားရတယ္။ ေ႐ႊခ်တာနဲ႔ဆို လူကနီးကပ္မႈ အေနအထားျဖစ္ေနလို႔ ေ႐ႊဆိုင္းခ်ခြင့္ ေလာေလာဆယ္ ယာယီပိတ္ထားတယ္။”လို႔ မဟာမုနိဘုရားေဂါပကအတြင္းေရးမႉး ဦးေက်ာ္ေက်ာ္ဦးက ေျပာပါတယ္။

အရင္က မနက္ ၄ နာရီေက်ာ္ကေန ည ၉ နာရီခန႔္ထိ ဘုရားဖူးခြင့္ျပဳခဲ့ရာကေန ဒီကေန႔ မတ္လ ၂၆ ရက္ေန႔ကစတင္ကာ မနက္ ၉ နာရီကေန ညေန ၄ နာရီအထိသာ ခြင့္ျပဳလိုက္တာျဖစ္ၿပီး သာသနာေရးႏွင့့္ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္မႈနဲ႔ လုပ္ေဆာင္ခဲ့တာလို႔ ဦးေက်ာ္ေက်ာ္ဦးက ေျပာပါတယ္။

တကယ္လို႔ ေ႐ႊသကၤန္းကပ္လႉခ်င္တယ္ဆိုရင္ေတာ့ အလႉခံပုံးထဲကို ထည့္ဝင္လွဴဒါန္းႏုိင္ၿပီး ဘုရားဖူးခ်ိန္နဲ႔ ေ႐ႊသကၤန္းကပ္ခြင့္အတြက္ ျပန္လည္ခြင့္ျပဳမယ့္ရက္ကိုေတာ့ ၫႊန္ၾကားခ်က္က်လာမွသာ သိရမယ္လို႔ သိရပါတယ္။

ဘုရားႀကီးဝင္ထြက္ရာေနရာေတြမွာလည္း အပူခ်ိန္တိုင္းစက္ေတြနဲ႔ တိုင္းတာၿပီးမွ ဝင္ခြင့္ျပဳသလို လက္ေဆးဆပ္ျပာနဲ႔ ေဆးေၾကာၿပီးမွ ခြင့္ျပဳတာျဖစ္ၿပီး ဘုရားဖူးျပည္သူေတြကလည္း ပူးေပါင္းပါဝင္ၾကတယ္လို႔ သိရပါတယ္။

ဘုရားဖူးလာသူ မႏၱေလးၿမိဳ႕ခံတစ္ဦးျဖစ္တဲ့ ဦးေက်ာ္ရွိန္ေျပာတာက “ဒီ ကို႐ိုနာဗိုင္းရပ္စ္ႀကီးေၾကာင့္ က်န္းမာေရးအရ ဒီလိုလုပ္ရတာပဲ၊ ေကာင္းပါတယ္။ အခ်ိန္ကိုေတာ့ ပိုဂ႐ုစိုက္ၿပီးလုပ္ရတာေပ့ါ။ ဘာပဲျဖစ္ျဖစ္ေကာင္းပါတယ္။”လို႔ ေျပာပါတယ္။

ဘုရားဖူးေတြအေနနဲ႔ တစ္ဦးနဲ႔တစ္ဦး သုံးေပအကြာကေန ဖူးေျမာ္ၾကဖို႔အတြက္ကိုလည္း မတ္လ ၂၀ ရက္ကတည္းက အကြက္ခ်ၿပီး ဘုရားရိွခုိးဖို႔အတြက္ စည္းကမ္းသတ္မွတ္ထားတာျဖစ္ပါတယ္။

မဟာမုနိေဂါပကအဖြဲ႕အေနနဲ႔ ဘုရားပုရဝုဏ္အတြင္းမွာ ေရာင္းခ်ေနတဲ့ေဈးသည္ေတြကိုလည္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြကို လိုက္နာဖို႔မွာၾကားထားသလို အဲ့ဒီဆိုင္ေတြသိမ္းဆည္းခ်ိန္မွာလည္း ေဂါပကအဖြဲ႕အေနနဲ႔ ပိုးသတ္ေဆးျဖန္းတဲ့လုပ္ငန္းေတြကို မျပတ္ေဆာင္႐ြက္ထားတယ္လို႔ ဦးေက်ာ္ေက်ာ္ဦးက ေျပာပါတယ္။

ေဈးေရာင္းခြင့္ေတြကိုေတာ့ ပိတ္ပင္မွာမဟုတ္ေသးဘူးလို႔လည္း သိရၿပီး အခုလက္ရွိ မွာေတာ့ ဘုရားဖူးျပည္သူဝင္ထြက္မႈကေတာ့ နည္းသြားတာကို ေတြ႕ရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #မဟာမုနိဘုရားႀကီး #ဘုရားဖူးခ်ိန္ကန္႔သတ္

Related posts

Leave a Comment

VOM News

FREE
VIEW