မင်းပြားမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေက ဒေသခံတွေထွက်ပြေးရ

မင်းပြားမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေက ဒေသခံတွေထွက်ပြေးရ

မင်းပြား၊ မတ် ၂၆- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတိုက်ပွဲတွေအပြင် ကျေးရွာတွေကိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် ကျေးရွာတွေက ဒေသခံတွေထွက်ပြေးနေရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သတင်းရရှိပါတယ်။

ဒေသခံတွေပြောပြချက်အရ မနေ့ မတ်လ ၂၅ ရက်နေ့ကလည်း မင်းပြားမြို့နယ် ကုလားမတောင်၊ မင်းဖူးချောင်း၊ ဖုန်သာချောင်း၊ ဇိုင်ချောင်း စတဲ့နေရာတွေမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ဖုန်သာဝအုပ်စု၊ ဖုန်သာချောင်းကျေးရွာဒေသခံတွေ ထွက်ပြေးကြရတယ်လို့ သတင်းရရှိပါတယ်။

ဒေသခံတွေအခုလိုထွက်ပြေးရတာဟာ လက်နက်ကြီးငယ်အန္တရာယ်ကြောင့်ဖြစ်ပြီး ကျေးရွာပေါင်း ၄ ရွာလောက်ကပြည်သူတွေ ထွက်ပြေးနေကြရတာဖြစ်တာကြောင့် ကျေးရွာတွေကိုစွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်တွေကို ခန့်မှန်းရခက်ကြောင်း စစ်ဘေးရှောင်တွေကိုကူညီပေးနေသူ တစ်ဦးကပြောပါတယ်။

” အခုလည်း တိုင်းဗဟို (၉) ကလက်နက်ကြီးတွေထုနေတယ်။ ချင်းခွဆုံရွာနားမှာ တိုက်ပွဲတွေဖြစ်နေလို့။ လူတွေကမရတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ။ ကြာအင်းတောင်တို့၊ ကမ်းနီနဲ့ ကြက်ဟင်းခါးရွာက လူတွေထွက်ပြေးသွားကြပြီ။ ထွက်ပြေးတဲ့သူတွေက အရေအတွက်ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ မင်းပြားမြို့နယ် ကုလားမတောင်၊ ဇိုင်ချောင်း အဲဒီအနီးတဝိုက်မှာ လေယာဉ်တွေနဲ့ပစ်နေတယ်။ လောလောဆယ်တော့ ထိခိုက်ဒဏ်ရာရတာတွေ မရှိသေးဘူး။ အကုန်မြေကြီးမှာ ဝပ်နေရတယ်။ ” လို့ မင်းပြားမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကို မနေ့ဆက်သွယ်မေးမြန်းချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း တပ်မတော်နဲ့အေအေတို့ မင်းပြားမြို့နယ် ခွဆုံကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်လေ့ကျင့်ရေး တန်းမြင့်သင်တန်းကျောင်း တိုင်းဗဟို(၉)ကနေပြီး လက်နက်ကြီတွေနဲ့ ပစ်ခတ်နေတယ်လို့ မင်းပြားမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ကမ်းနီးကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်း ပစ်ခတ်ပေါက်ကွဲမှုတွေကြောင့် မင်းပြားမြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးသူတွေဟာ ဘေးကင်းလုံခြုံတဲ့ ကျေးရွာတွေကို ထွက်ပြေးကြပြီး ဒီကနေ့မှာပဲ ဒေသတည်ငြိမ်တဲ့အတွက် မိမိရွာကို ပြန်လာသူတွေလည်းရှိတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

” မနေ့က တပ်မတော်က ဖုန်းသာချောင်းဖက်မှာ တိုက်ပွဲမဖြစ်ပဲနဲ့ ပစ်ခတ်မှုတွေရှိတဲ့အတွက်ကြောင့် ဒေသခံတွေစိုရိမ်ကြောက်လွန်ပြီး ရွာတစ်ရွာမှာစုပြီး ပုန်းနေကြတယ်လို့ ပြောလာတယ်။ မနေ့က ထွက်ပြေးသွားတဲ့သူတွေ ဒီနေ့ပြန်လာနေကြပြီလို့ ပြောတယ်။” လို့ ဦးလှသိန်းအောင်က ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဖက်ကနေ မနေ့က မင်းပြားမြို့နယ်ဖက်မှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာ ရှိမရှိ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားတာ မရှိခဲ့ပါဘူး။

#VOM #voiceofmyanmar #မင်းပြား #လက်နက်ကြီးပစ်ခတ်မှု #ဒေသခံတွေထွက်ပြေး

Zawgyi

မင္းျပားၿမိဳ႕နယ္မွာ လက္နက္ႀကီးပစ္ခတ္မႈေတြေၾကာင့္ ေက်းရြာေတြက ေဒသခံေတြထြက္ေျပးရ

မင္းျပား၊ မတ္ ၂၆- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္မွာ ယခုရက္ပိုင္းအတြင္း တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲေတြအျပင္ ေက်းရြာေတြကိုလက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေတြျဖစ္ေနတဲ့အတြက္ ေက်းရြာေတြက ေဒသခံေတြထြက္ေျပးေနရတယ္လုိ႔ ေဒသခံျပည္သူေတြဆီကေန သတင္းရ႐ွိပါတယ္။

ေဒသခံေတြေျပာျပခ်က္အရ မေန႔ မတ္လ ၂၅ ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္ ကုလားမေတာင္၊ မင္းဖူးေခ်ာင္း၊ ဖုန္သာေခ်ာင္း၊ ဇိုင္ေခ်ာင္း စတဲ့ေနရာေတြမွာ တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္မႈေတြျပဳလုပ္ခဲ့တာေၾကာင့္ ဖုန္သာဝအုပ္စု၊ ဖုန္သာေခ်ာင္းေက်းရြာေဒသခံေတြ ထြက္ေျပးၾကရတယ္လို႔ သတင္းရ႐ွိပါတယ္။

ေဒသခံေတြအခုလိုထြက္ေျပးရတာဟာ လက္နက္ႀကီးငယ္အႏၱရာယ္ေၾကာင့္ျဖစ္ၿပီး ေက်းရြာေပါင္း ၄ ရြာေလာက္ကျပည္သူေတြ ထြက္ေျပးေနၾကရတာျဖစ္တာေၾကာင့္ ေက်းရြာေတြကိုစြန္႔ခြာထြက္ေျပးရတဲ့ အေရအတြက္ေတြကို ခန္႔မွန္းရခက္ေၾကာင္း စစ္ေဘးေ႐ွာင္ေတြကိုကူညီေပးေနသူ တစ္ဦးကေျပာပါတယ္။

” အခုလည္း တိုင္းဗဟို (၉) ကလက္နက္ႀကီးေတြထုေနတယ္။ ခ်င္းခြဆံုရြာနားမွာ တိုက္ပြဲေတြျဖစ္ေနလို႔။ လူေတြကမရေတာ့ဘူး။ အကုန္ထြက္ေျပးသြားၾကၿပီ။ ၾကာအင္းေတာင္တို႔၊ ကမ္းနီနဲ႔ ၾကက္ဟင္းခါးရြာက လူေတြထြက္ေျပးသြားၾကၿပီ။ ထြက္ေျပးတဲ့သူေတြက အေရအတြက္ဘယ္ေလာက္႐ွိမလဲဆိုတာ ခန္႔မွန္းလို႔မရဘူး။ မင္းျပားၿမိဳ႕နယ္ ကုလားမေတာင္၊ ဇိုင္ေခ်ာင္း အဲဒီအနီးတဝိုက္မွာ ေလယာဥ္ေတြနဲ႔ပစ္ေနတယ္။ ေလာေလာဆယ္ေတာ့ ထိခိုက္ဒဏ္ရာရတာေတြ မ႐ွိေသးဘူး။ အကုန္ေျမႀကီးမွာ ဝပ္ေနရတယ္။ ” လို႔ မင္းျပားၿမိဳ႕နယ္က စစ္ေဘးေ႐ွာင္ေတြကို ကူညီေပးေနသူတစ္ဦးကို မေန႔ဆက္သြယ္ေမးျမန္းခ်ိန္မွာ ေျပာခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ မနက္ပိုင္းမွာလည္း တပ္မေတာ္နဲ႔ေအေအတို႔ မင္းျပားၿမိဳ႕နယ္ ခြဆံုေက်းရြာပတ္ဝန္းက်င္မွာ တိုက္ပြဲျဖစ္ပြားၿပီး တပ္မေတာ္ေလ့က်င့္ေရး တန္းျမင့္သင္တန္းေက်ာင္း တိုင္းဗဟို(၉)ကေနၿပီး လက္နက္ႀကီေတြနဲ႔ ပစ္ခတ္ေနတယ္လုိ႔ မင္းျပားၿမိဳ႕နယ္ေဒသခံတစ္ဦးကေျပာပါတယ္။

ျပီးခဲ့တဲ႔ မတ္လ ၂၄ ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္၊ ကမ္းနီးေက်းရြာက ေဒသခံေတြလည္း ထြက္ေျပးတိမ္းေ႐ွာင္သြားၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

အခုရက္ပိုင္း ပစ္ခတ္ေပါက္ကြဲမႈေတြေၾကာင့္ မင္းျပားၿမိဳ႕နယ္က ေနရပ္စြန္႔ခြာထြက္ေျပးသူေတြဟာ ေဘးကင္းလံုျခံဳတဲ့ ေက်းရြာေတြကို ထြက္ေျပးၾကၿပီး ဒီကေန႔မွာပဲ ေဒသတည္ၿငိမ္တဲ့အတြက္ မိမိရြာကို ျပန္လာသူေတြလည္း႐ွိတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

” မေန႔က တပ္မေတာ္က ဖုန္းသာေခ်ာင္းဖက္မွာ တိုက္ပြဲမျဖစ္ပဲနဲ႔ ပစ္ခတ္မႈေတြ႐ွိတဲ့အတြက္ေၾကာင့္ ေဒသခံေတြစိုရိမ္ေၾကာက္လြန္ၿပီး ရြာတစ္ရြာမွာစုၿပီး ပုန္းေနၾကတယ္လို႔ ေျပာလာတယ္။ မေန႔က ထြက္ေျပးသြားတဲ့သူေတြ ဒီေန႔ျပန္လာေနၾကၿပီလို႔ ေျပာတယ္။” လို႔ ဦးလွသိန္းေအာင္က ေျပာပါတယ္။

ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဖက္ကေန မေန႔က မင္းျပားၿမိဳ႕နယ္ဖက္မွာ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တာ ႐ွိမ႐ွိ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူေတြ ဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာ မ႐ွိခဲ့ပါဘူး။

#VOM #voiceofmyanmar #မင္းျပား #လက္နက္ႀကီးပစ္ခတ္မွဳ #ေဒသခံေတြထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW